Part - 21 ( Unicode )

33.4K 1.7K 141
                                    

အပိုင်း -၂၁

* ခင်ဗျားလည်း ကံကောင်းပါစေ၊ ခဲတစ်လုံးနဲ့ငှက်နှစ်
ကောင်ထိအောင်ပစ်ခဲ့တဲ့ကျုပ်အတွက်ကတော့
ရှေ့ဆက်တဲ့လမ်းတစ်လျှောက် ကံကောင်းခြင်းတွေပဲ
ကြုံရမှာသေချာနေပြီးသားပါ၊ နောက်ဆုံးဇာတ်သိမ်းမှာ
ကျုပ်ချစ်တဲ့သူပဲ ဒီလောကမှာကျန်နေခဲ့မှာလေ၊
ခင်ဗျားတို့နှစ်ယောက်ကတော့ ငရဲကိုပျော်ပျော်ကြီး
သွားကျပေါ့လို့* စိတ်ထဲကနေသာ ပြောလိုက်မိတော့
သည်။

*
*
*
*
*
*
*
*

" ကျွီ!! "

တိတ်ဆိတ်နေသည့်အချိန်မှာ ထွက်ပေါ်လာသည့်တံခါးဖွင့်
သံကြောင့် လူကကြောက်စိတ်နည်းနည်းဝင်လာရသည်။
အိမ်ထဲကိုခြေလှမ်းစပြီးလှမ်းလိုက်မိတာနဲ့ နောက်ပြန်
လှည့်လို့မရဘူးဆိုတာကို ကိုယ်တိုင်လဲသဘောပေါက်
လိုက်၏ ။ ဧည့်ခန်းပုံစံရှိနေသည့်အခန်းထဲကို
စတင်ခြေချလိုက်သည့်အခါ အခန်းထဲကထိုင်ခုံမှာ
ထိုင်နေသည့် လူတစ်ယောက်။ကုလားထိုင်ရဲ့နောက်မှီ
ကြောင့် ဦးခေါင်းရဲ့နောက်ဘက်လေးကိုသာမြင်နေရသည်။
ခုံရဲ့မနီးမဝေးမှာ ခြေစုံရပ်လိုက်မိသည့်အခါ

" ရောက်လာပြီလား သက်ထက်ပန် "

နောက်ကိုလှည့်မကြည့်ဘဲမေးလာသည့်စကား။
ကြားဖူးသလိုရှိနေသည့်အသံကြောင့် ဘယ်သူများဖြစ်နိုင်
မလဲဆိုတာကို စဉ်းစားနေမိသည့်အချိန်မှာဘဲ တစ်ဖက်လူက
မတ်တတ်ထရပ်လိုက်ကာ ကိုယ်နဲ့မျက်နှာချင်းဆိုင်
အနေအထားဖြစ်အောင် တဖြေးဖြေးလှည့်ကြည့်လာလေ
သည်။

" ကိုထက်မြတ်ဦး "

မထင်မှတ်ထားတဲ့သူကို ဒီလိုနေရာမှတွေ့လိုက်ရတာကြောင့်
တော်တော်ကိုအံသြသွားရလေသည်။နောက်ပြီး ဒီလူကို
အစထဲက သဘောမကျတဲ့စိတ်ခံစားချက်ရှိနေတာကြောင့်

" ဖုန်းဆက်တာ ခင်ဗျားလား "

" ဖုန်းဆက်ခိုင်းတာကကိုယ်ပါ ကိုယ်တိုင်ဆက်တာ
မဟုတ်ဘဲ အခြားသူကိုဆက်ခိုင်းတာမျိုးပေါ့ "

" ခင်ဗျားမှန်းသာသိနေရင် ဒီနေရာကိုလာတောင်မလာခဲ့ဘူး"

ကိုယ့်စကားကြောင့် တစ်ဖက်လူကမျက်ခုံးကိုပင့်ပြရင်း
ခပ်ရွဲ့ရွဲ့ပြုံးပြလာသည်။

My Husband Hates Me ( Completed )Where stories live. Discover now