Part - 28 ( Unicode)

34.4K 1.8K 61
                                    

အပိုင်း - 28

" သား သက်ထက်လေး ဆရာမေးတာကိုဖြေဦးလေ"

" ကိုကို့ကို သတိရလိုက်တာ "

တိတ်ဆိတ်နေသောအခန်းထဲ သက်ပြင်းချသံသဲ့သဲ့လေး
ကိုသာကြားလိုက်ရတော့သည်။

*
*
*
*
*
*
*
*

" မင်းဆရာကခိုင်းလိုက်ရင် သူခိုင်းတဲ့အတိုင်းလိုက်ပြီး
လုပ်ပေးနေတဲ့မင်းအကျင့်ကိုလည်းပြင်စမ်း လင်းမြတ်၊
မင်းနဲ့မကိုဋ်က ဆရာတပည့်လိုဆက်ဆံရေးမျိုး ၊
သူစိမ်းလိုဆက်ဆံရေးမျိုးမဟုတ်လို့ သူခိုင်းတာကို
မင်းက လုပ်မပေးယုံလောက်နဲ့တော့ အသေပစ်မသတ်
လောက်ဘူး ၊ အခုတောင် မင်းဆရာက ကံကောင်းလို့
အသက်ဘေးကနေလွတ်သွားတာ ၊ ခါးဘေးကိုရှပ်ပြီး
ထိသွားလို့တော်သေးတယ်ပြောရမယ် ၊ ဗိုက်ကိုသာ
မှန်ပြီးချက်ကောင်းထိမိရင် ငါ့ဆီတောင်ရောက်မယ်
မထင်ဘူး "

" အခုရော ဘယ်လိုနေသေးလဲဟင် "

" ပခုံးဆစ်ကိုထိသွားတာက ဒဏ်ဖြစ်သွားနိုင်တယ်၊
နောက်ဆို အဲလက်ကိုသတိထားနေမှအဆင်ပြေတော့မှာ၊
ခြေထောက်ကိုထိထားတဲ့တစ်ချက်ကလည်း ဆေးရုံက
ဆင်းရင်တောင် ချိုင်းထောက်နဲ့ခဏတော့ထိန်းပြီးမှ
လမ်းလျှောက်ဖို့ပြန်ပြီးအချိန်ယူရမယ် ၊ အသက်အန္တာရာယ်
ကတော့မရှိတော့ပါဘူး ၊ သတိကတော့ချက်ချင်းပြန်မရ
လောက်သေးဘူး ၊တစ်ရက်နှစ်ရက်တော့စောင့်ကြည့်နေမှ
ရမယ် "

" ဒီနေ့တော့ အပြင်ကိုခဏလောက်ထွက်ချင်တယ်၊
ဆရာရဲ့ အမျိုးသားကိုသွားခေါ်ချင်လို့ပါ ၊
မနေ့က အကိုလေးသက်ထက်ပန်ဆေးပြရတဲ့ရက်လေ ၊
ဆရာ့ကိုသတိရတယ်လို့ပြောနေတယ်တဲ့ အဲဒါကြောင့်
သူ့ကိုသွားပြီးခေါ်မလားလို့ "

" သူလိုက်လာဖို့အဆင်ပြေပါ့မလား "

အရင်ထဲကရင်းနှီးနေတဲ့ဆရာဝန်က တွေးတွေးဆဆ
ပုံစံနေမေးလာတာကြောင့်

" အဆင်ပြေမှာပါ လုံးဝရူးနေတဲ့သူမှမဟုတ်တာ ၊
စိတ်ဒဏ်ရာတွေများလွန်းလို့ ခဏလောက်
အသိစိတ်လွတ်သွားတာမျိုးပါ ၊ ပုံမှန်စိတ်အခြေအနေ
နဲ့ဆိုရင် ဆရာ့ကိုတော်တော်ကြီးချစ်တဲ့သူပါ "

My Husband Hates Me ( Completed )Where stories live. Discover now