Part - 14 ( Zawgyi )

9.9K 254 4
                                    

အပိုင်း - ၁၄


" ဟား ဟား ဟား ဟား သေစမ်း မင်းသေလိုက်စမ်း
ဟား ဟား ဟား ဟား မင်းကိုသေအောင်သတ်ပြီးရင်
ငါပိုင်တဲ့လူကိုငါပြန်ယူမယ် ဟား ဟား ဟား ဟား
ခွေးမသားသေစမ်းကွာ သေလိုက်စမ်း ဟားဟား ဟား
ဟား ဟား "

အသိစိတ်လွတ်နေသူတစ်ဦး၏ ကြောက်မက်ဖွယ်
ရီမောသံသည် မြေအောက်ခန်းအတွင်း ပျံ့လွင့်နေ
လေတော့သည်။


*
*
*
*
*
*
*
*

" မနက်က အကိုလေးသက်ထက်ပန်ကို ကုမ္ပဏီရှေ့မှာ
တွေ့လိုက်သလားလို့ "

" ဟုတ်တယ် နေ့လယ်စာထမင်းချိုင့်လာပို့တာတဲ့ ၊
အပြင်မှာထွက်စားဖို့ ပြင်နေပြီးသားလို့ပြောလိုက်တာ
စိတ်တိုပြိီးပြန်သွားလေရဲ့ မင်းတို့အကိုလေးသက်ထက်ပန်က တစ်ခါတစ်လေ ကလေးစိတ်မပျောက်တာခက်တယ် "

ကိုယ့်စကားကြောင့် လင်းမြတ်က သဘောကျသလို
ရီလိုက်ရင်း

" ဆရာထင်လို့ပါ အကိုလေးသက်ထက်ပန်က
လူကြီးလေးလိုလဲတွေးတက် ပူပင်တက်ပါတယ် "

" လင်းမြတ် မင်းတောင်သက်ထက်ပန်ဘက်ကနေ
ရှေ့နေလိုက်တတ်နေပြီပေါ့ ဟုတ်လား "

" ဟား ဟား ဟား ဟား မဟုတ်ရပါဘူးဆရာရယ်
ဒီရက်ထဲအကိုလေးသက်ထက်ပန်နဲ့ အနီးကပ်နေရ
တော့ သူ့စိတ်ကိုနည်းနည်းသိလာတဲ့သဘောပါ
သူကလေးဆန်တာက ဆရာနဲ့မို့ဖြစ်မှာပါ ၊
ကျွန်တော်တို့နဲ့သာဆို တကယ့်လူကြီးလေးလိုပါပဲ "

" ဟုတ်ပါပြီကွာ ဟုတ်ပါပြီ "

" အော် ဒါနဲ့လေဆရာ အကိုလေးရှိန်း ယာဉ်တိုက်မှု
ဖြစ်တဲ့နေ့ကCCTV တစ်ချို့ကိုလကျွန်တော်ရထားတယ်
ဆရာ့ကိုပို့ပေးလိုက်ပါမယ် ၊ အဲညက အကိုလေးရှိန်း
သူသွားနေကျ Club ကိုသွားခဲ့တယ် ၊ Club ထဲကနေ
ပြန်ထွက်လာပြီး ကားထဲကိုဝင်တဲ့အချိန် CCTV မှာ
မြင်နေရတာက တော်တော်ကြီးမူးနေပုံရတယ်၊
ကားမမောင်းသင့်တဲ့အခြေအနေမျိုး "

လင်းမြတ်ရဲ့စကားကြောင့် စဉ်းစားစရာတွေပေါ်လာသည်။
CCTV ကနေမြင်ရတဲ့ဖိုင်ကို ချက်ချင်းပို့ခိုင်းလိုက်ပြီး
ဖွင့်ကြည့်လိုက်တဲ့အခါ Club ထဲကနေထွက်ပြီး
ကားထဲဝင်နေသည့်ရှိန်းငယ်ကိုတွေ့ရသည်။ ခြေလှမ်းမမှန်၊
ကားထဲဝင်ဖို့တောင် မနည်းကြိုးစားနေရသည့်အခြေအနေမျိုး။
ကားမောင်းထွက်သွားသည့်အထိ ကားကလမ်းကြောင်း
မတည်ငြိမ်ပါ။

My Husband Hates Me ( Completed )Where stories live. Discover now