Part - 26 ( Zawgyi )

8.2K 204 4
                                    

အပိုင်း - ၂၆


" မငိုပါနဲ့နော် ဒီကိုလာခဲ့ မင်းကိုပါဘယ်သူမှရှာမတေ့ေ
အောင် ဒီမှာဖွက်ထားပေးမယ်လေ "

ပြောရင်းနဲ့ သူခြုံထားတဲ့စောင်လေးကိုဟပြီး ကိုယ့်ကိုပါ
ဖွက်ထားပေးဖို့ခေါ်နေသည့်ကောင်လေးရဲ့ ရင်ခွင်ထဲကို
တကယ်ပင်တိုးဝင်လိုက်မိတော့၏ ။

ဘာလုပ်ရမလဲသက်ထက်ရယ်။အရင်ကလို ပျော်ပျော်
ရွှင်ရွှင်နဲ့အေးအေးချမ်းချမ်းလေးနေတတ်တဲ့ ကိုယ့်အမျိုး
သားလေးကိုပြန်ရဖို့ ကိုယ်ဘာလုပ်ပေးရမလဲကွာ ။

*
*
*
*
*
*
*
*

❗ဤအပိုင်းတွင် သွေးထွက်သံယိုဖြစ်ခြင်းအရေးအသား
များနှင့် လူသတ်ခြင်းစသော အခန်းများပါဝင်ကြောင်း
ကြိုတင်အသိပေးသည်။❗

မှောင်မဲနေသောအခန်းထဲ တစ်ချို့သောနေရာများတွင်
အလင်းရောင်မှိန်ဖျဖျလေးကိုမြင်နေရသည် ။ အပြင်ကို
လှမ်းမမြင်ရသောနေရာဖြစ်နေတာကြောင့် ဂိုထောင်
အဟောင်းတစ်လုံးအတွင်းရောက်နေတယ်လို့သာ
ခန့်မှန်းလို့ရလောက်သည်။ အတွင်းပိုင်းနေရာမှာတော့
မျက်နှာချင်းဆိုင်အနေအထားဖြင့် ထိုင်ခုံမှာကြိုးနဲ့ကပ်တုတ်
ခံထားရသည့် လူနှစ်ယောက် ။ တစ်ယောက်နဲ့တစ်ယောက်
စားတော့ဝါးတော့မတက် စိုက်ကြည့်နေရင်း ထက်မြတ်ဦး
ဆီမှတောက်ခေါက်သံကို အရင်ကြားလိုက်ရကာ

" ငါ့ဆီမှာ သက်ထက်ပန်ရှိနေတာကို မင်းပြောလိုက်တာ
မဟုတ်လား သစ္စာဖောက်ကောင်"

" ငါဘယ်နေရာမှာရှိနေလဲဆိုတာ မကိုဋ်ဆီ လမ်းညွှန်
လိုက်တာရောမင်းမဟုတ်လား အဲဒါတောင်ငါ့ကို
သစ္စာဖောက်လို့မင်းက စွပ်စွဲရဲသေးတယ်ပေါ့လေ "

" ငါက ဘာလို့မင်းရှိတဲ့နေရာကိုလမ်းညွှန်းရမှာလဲ
စောက်အဓိပ္ပါယ်မရှိတာတွေကိုလာပြောနေတာပဲ
မင်းကသာ မကိုဋ်ထွဋ်ခေါင်ကို ငါ့ဆီခေါ်လာတာလေ "

" ခေါ်မလာပေးရင် အဲနေရာမှာတင်ငါသေနေလောက်ပြီ
လေ မင်းဆိုရင်တော့ ဘာဆက်လုပ်မယ်တွေးလဲ
ဘာလဲခမကိုဋ်ကို ကန်တော့ပြီးတောင်းပန်မယ်ဆိုတဲ့
စောက်အဓိပ္ပါယ်မရှိတာမျိုးတွေးနေတာလား ၊ ဒီအချိန်မှာ
စောက်အဓိပ္ပါယ်မရှိတာကို ပြောမနေတာ အကောင်းဆုံး
ပဲနော် ခွေးမသားထက်မြတ်ဦး "

My Husband Hates Me ( Completed )Where stories live. Discover now