Part - 6 (Unicode)

40.9K 2.2K 158
                                    


အပိုင်း - ၆

❗ A/N - ထိပ်ကနေပြီး A/N ကြီးထည့်ရလို့အားနာပါတယ်။ ဒီအပိုင်းနဲ့ပတ်သက်ပြီး ကြိုသတိပေးစရာလေးရှိလို့ပါ။
အလိုမတူဘဲအရယူခံရတယ်ဆိုတာက ဘာလဲဆိုတာကို
စာဖတ်သူတွေသိပြီးသားပါ။ ဒီအပိုင်းမှာအဲလိုတွေပါလာမှာမို့ ဖတ်ဖို့အဆင်မပြေတဲ့သူတွေကျော်သွားလို့ရအောင်ပါ။
ပြင်ပဘဝမှာဆို ဒါမျိုးကစိတ်ဒဏ်ရာဖြစ်သွားမယ်ဆိုပေမယ့်
ဒီမှာတော့ စာဖတ်သူရဲ့စိတ်ကူးသက်သက်နဲ့ဖန်တီးမှုပါဘဲ။
ပြင်ပလူမှုပတ်ဝန်းကျင်နဲ့ 100% ကွဲပြားနေမယ့် BL အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဆေးပညာအသုံးအနှုန်းတွေကအစ
စာဖတ်သူရဲ့စိတ်ကူးယဉ်မှုသက်သက်ပါဘဲ။ ❗




" မူးနေရင် ကိုယ့်အိမ်ကိုယ်ပြန်နေလိုက်နော် ၊ သားကိုလာမရှုပ်နဲ့ "

" ရှုပ်တော့ ဘာဖြစ်လဲ ငါကမင်းဘဝကိုတောင် ဝင်ပြီးရှုပ်ဖို့အထိတွေးထားတာ ၊ ဒါမှငါ့အတွက်တရားမျှတာမှာပေါ့"

စကားအဆုံးတွင် သက်ပန်၏နှုတ်ခမ်းတို့ ပူနွေးစိုစွတ်သွားရလေတော့သည်။ မယုံကြည်နိုင်တဲ့အခိုက်အတန့်ကြောင့်
သက်ပန်ကိုယ်တိုင်လဲ အသက်ရှုရပ်သွားသလိုခံစားလိုက်ရတော့၏ ။


*
*
*
*
*
*
*
*
*

" ပြောစမ်း ငါ့ကိုအိမ်ကလူတွေဖုန်းဆက်လာတယ်၊
ဘယ်သူ့ကိုမှမပြောဘဲ ခိုးပြီးပြန်လာတာဆို "

နမ်းနေရာကနေ ခဏလွှတ်ပေးချိန်မှာမေးလာသည့်စကား။

" ပြောရင် ပြန်မလွှတ်မှာစိုးလို့ "

" ငါကရော အိမ်ရှိလူကုန်က မင်းအခန်းထဲမှာဘဲရှိနေမယ်ထင်ကျတာလေ၊တစ်နေကုန်အိပ်နေတယ်လို့ထင်တာ ၊ ညကြီးမိုးချုပ်တော့မှ အိမ်ကလူတွေဘယ်လိုမှာမင်းကိုရှာမတွေ့တော့လို့
ဘယ်လိုတောင်ဖြစ်ကုန်ကျလဲဆိုတာ မင်းမသိဘူး ၊ ဒီလိုမျိုး
မပြောမဆိုနဲ့ပျောက်သွားရက် အိမ်ကလူကြီးတွေဘယ်လောက်စိတ်ပူနေမလဲ မင်းမတွေးမိဘူးလား ၊ သူတို့ကတော့မင်းကိုဆိုအရိပ်တကြည့်ကြည့်နဲ့ မင်းကတော့စိတ်ထင်တိုင်းလုပ်နေတယ် "

" သား အင့်! !"

စကားမဆုံးသေးခင် ထပ်ပြီးကျူးကျော်ခံလိုက်ရသည့်နှုတ်ခမ်းသားတွေ။အရက်မူးနေသူတစ်ယောက်ရဲ့ စိတ်ရှိတိုင်းရမ်းကားနေမှုကိုလက်သင့်မခံလိုတာကြောင့် ရှိသမျှခွန်အားလေးဖြင့်
ရုန်းကန်နေမိသည်။ ခန္ဓာကိုယ်အရွယ်အစားကွာခြားမှုကြောင့်ရော ၊ ကိုယ့်ရဲ့ခြေထောက်တွေက ထင်သလောက်သန်မာမှုမရှိတာကြောင့်ပါ ဘယ်လိုမှရုန်းကန်လို့မရနိုင်ခဲ့။ အချိန်အနည်းငယ်လေးအတွင်းမှာပင် အသက်ရှုမဝသည့်ခံစားချက်ကဝင်ရောက်လာ၏။

My Husband Hates Me ( Completed )Where stories live. Discover now