Part - 8 ( Unicode)

40.8K 2.2K 128
                                    

အပိုင်း - ၈



" ဖျက်စီးပြစ်လေ ကျွန်တော့်မျက်စိရှေ့မှာပဲ ခင်ဗျား
တန်ဖိုးထားတဲ့အရာအားလုံးကို အခုချက်ချင်းဖျက်စီး
ပြစ်လိုက် ၊ဒါမှ နာကျင်မှုဆိုတာကို ခင်ဗျား
ကိုယ်ချင်းစာတက်မှာ "

ပြောရင်းနဲ့ ကိုယ့်ရင်ဘက်တွေကို ထုရိုက်ကာငိုနေသည့်
ကောင်လေး။ ငိုရလွန်းလို့မောနေပုံပင်ရလေသည်။
ရင်ခွင်ထဲမှာရှိနေသည့်မျက်နှာလေးကို လက်တစ်ဖက်နဲ့
ဆွဲမော့လိုက်ရင်း


" မငိုတော့နဲ့ မောနေလိမ့်မယ် ၊ မင်းစိတ်ချမ်းသာအောင်
ကိုယ်လုပ်ပေးမယ် ဟုတ်ပြီလား "

*
*
*
*
*
*
*
*

ဘိုထိုင်အိမ်သာခွက်ထဲကို ပစ်ထည့်ခံလိုက်ရပြီးတာနဲ့
ရေကိုဆွဲချလိုက်သည့်အခိုက်အတန့်တွင် အမြဲတမ်း
သိမ်းထားမယ်လို့ရည်ရွယ်ထားသည့် လက်စွပ်လေး
နှစ်ကွင်းက မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားရ
တော့သည်။ တန်ကြေးမနည်းလှသည့်လက်စွပ်တွေမို့
့နှမျောတာထက် ဒီတိုင်း အမှတ်တရအဖြစ်ရှိနေသည့်
အရာတွေမို့ ပိုပြီးနှမျောမိသည်။ နောက်ပြီးမှန်ဘောင်
ထဲကနေဆွဲထုတ်ထားကာ အပိုင်းပိုင်စုတ်ဖြဲခံထားရသည့်
ဓာတ်ပုံလေး။

ဒီလိုအရာတွေကို မြင်လိုက်ရသည့်အခိုက်အတန့်အတွင်း
ရှိန်းငယ်အပေါ် အားနာစိတ်ဝင်လာမိတော့သည်။
တဖက်မှာကျတော့လဲ သူ့စိတ်ထွက်ပေါက်အနေနဲ့
ကိုယ်မြတ်နိုးသည့်အရာတွေကို ဖျက်စီးနေတဲ့
သက်ထက်ပန်။ ဘာလိုစိတ်နဲ့များ သက်ထက်ပန်ရဲ့
စိတ်အလိုကျအတိုင်း ပြုမူစေဖို့ခွင့်ပြုမိလဲဆိုတာကို
ကိုယ့်ကိုကိုယ်တောင် နားမလည်နိုင်တော့ပါ ။

မျက်စိတစ်မှိတ်အချိန်လေးမှာပင် ဆုံးရှုံးခဲ့ရသည့်
အမှတ်တရတွေအတွက်ရလာသည့်နာကျင်မှုတွေက
သက်ထက်ပန်ပြောခဲ့သလိုပဲ တန်ဖိုးထားတဲ့အရာတွေကို
ဖျက်စီးခံလိုက်ရလို့ ရလာတဲ့နာကျင်မှုတွေပင်ဖြစ်လိမ့်မည်။
သက်မဲ့အရာတွေအတွက်တောင် ကိုယ့်မှာဒီလောက်
ထိခိုက်ခံစားနေရမယ်ဆိုရင် သက်ထက်ပန်ရဲ့နာကျင်မှု
တွေက ကိုယ့်ထက် အဆပေါင်းများစွာသာလွန်မယ်
ဆိုတာကို ကိုယ်ချင်းစာလို့ရလေသည်။

My Husband Hates Me ( Completed )Where stories live. Discover now