အပိုင်း (4. 1)

5.6K 776 8
                                    


(4.1)

သူက မြစ်ရေ ရဲ့ ရောင်ပြန်မှာ သူ့ထက်ပိုပြီးတော့ ဘယ်သူမှ မရင်းနှီးနိုင်တော့မယ့် မျက်နှာတစ်ခုကို တွေ့လိုက်ရလေတယ်။ သူက အနှစ်နှစ်ဆယ် လုံးလုံး ထို မျက်နှာနဲ့ နေခဲ့ရတာလေ။

ဘယ်လို့ မမှတ်မိပဲ နေရမှာလဲ?

ဒါက သူ ခေတ်သစ်မှာ ရှိခဲ့တဲ့ ရုပ်သွင်ပဲလေ။

သူဝတ်ထားတဲ့ အဝတ်အစား တွေကလည်း ခေတ်သစ်က အဝတ်အစား တွေနဲ့ အတော်လေးကို တူနေလေတယ်။ ရိုးရှင်းတဲ့ အဖြူရောင် ရှပ်နဲ့ ဂျင်းဘောင်းဘီ ၊ သန့်ရှင်းသတ်ရပ် တဲ့ ဆံပင်အတို ၊ ချောမောတဲ့ မျက်နှာ၊ မက်မွန်ပွင့်ပုံ မျက်လုံး တွေ ၊ ပြီးတော့ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ခေတ်သစ် က ဒုတိယမျိုးဆက် သူဌေးသား စုယွမ် ပါပေ။

သူက စားခြင်း ၊ သောက်ခြင်း နဲ့ ကစားခြင်းမှာပဲ စိတ်ဝင်စားပေမယ့် ချောမောလှပတဲ့ ရုပ်ရည်လေး ရှိတယ်။ ပြီးတော့ မိန်းကလေးတွေ ကြားမှာ အလွန်အမင်းကို ရေပန်းစား လေတယ်။ သူက အချစ်ရေးမှာလဲ အတော်ကို မာနကြီးလေတယ်။

အခုတော့ သူ့ရဲ့ မာနကြီးတဲ့ မျက်နှာလေး တစ်ခုလုံးမှာ ခံစားချက်တွေ ရောပြွန်းနေပြီးတော့ အတိတ်ကို လွမ်းဆွတ် တမ်းတ ခြင်းတွေ ပြည့်နေလေတယ်။

တစ်ခဏလောက် ပြန်တမ်းတ ပြီးတဲ့နောက် စုယွမ် က ထူးဆန်းမှုကြီးကို စတင်ပြီးတော့ တွေးတော လာခဲ့တယ်။

သူက ဘယ်လိုလုပ် ခေတ်သစ် ပုံစံ ဖြစ်နေရတာလဲ?

ပြီးတော့ ဒီနေရာ ကရော ဘယ်နေရာလဲ?

ပြီးတော့ သူက ငွေရောင်မြွေလေး ရဲ့ နဖူးကို ထိထိ ပြီးခြင်းပဲ ထိုကောင်လေး ရဲ့ မှတ်ဉာဏ်တွေကို သူမြင်လာခဲ့ ရတယ်။

အရာအားလုံးက တကယ့်ကို ထူးဆန်းနေတယ်။

မေ့လိုက်တော့။

သူက မတွေးချင်လို့ မဟုတ်ပေမယ့် သူ့ရဲ့ IQ ကြောင့် အကြောင်းပြ ချက် တစ်ခုတောင် မစဥ်းစားနိုင်ပေ။ ဒါကြောင့် သူက ရောက်တဲ့ နေရာမှာ အကောင်းဆုံး နေထိုင် ရမှာ ဖြစ်ပြီးတော့ တစ်ချိန် ထဲမှာပဲ လိုက်လျောညီထွေ ဖြစ်ဖို့ ခြေတစ်လှမ်း အရှိန်ယူ ရမှာ ပဲ ဖြစ်လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now