အပိုင်း (42.2)

1.4K 188 0
                                    

(42.2)

အသိစိတ် မလွတ် သွားခင် အချိန်တုံး က မြွေကြီး ရဲ့ နာနာကျင်ကျင် ညီးတွားသံ နဲ့ သူ့ကိုယ်ပေါ်ကို စိုလာတဲ့ သွေးအချွဲတွေကို စုယွမ် သေသေချာချာ ကြီး မှတ်မိ လို့ နေပါ သေးတယ်။

စုယွမ်က ရုတ်တရက် ကြီး အေးစက်သွား သလို ခံစားရပြီးတော့ ဘေးပတ်လည် ကို လှည့်ကြည့်ကာ ယင်းလင်းရဲ့ လည်ပင်းက အမွှေးတွေကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း မေးလိုက်​ လေတယ်။

'' ငါ့ကို ရှာတွေ့တုံး က ငါ့ကိုယ် ပေါ်မှာ သွေးတွေ အများကြီး ပဲလား။ ပြီးတော့ ငါ့ဘေးမှာ တစ်ယောက် ယောက် များ လဲနေတာ ကိုတွေ့ သေးလား? ''

စုယွမ်ရဲ့ ရုတ်တရက်ကြီး ရက်စက်မှု နဲ့ သန်မာ မှုကြောင့် ယင်းလင်း အရမ်းကို အံ့သြ သွား ပေမယ့် စုယွမ် က သူတို့ မျိုးနွယ်ရဲ့ ပထမတန်းစား အဆင့်ရှိတဲ့ ကာကွယ်ပေးရမယ့် သူ ဖြစ်နေပြီလေ။

သူက စုယွမ်ကို နာကျင်အောင် မလုပ်ရဲ တာကြောင့် သူ ပြန်တောင် မခုခံ ရဲခဲ့ပါပေ။  စုယွမ် က သူ့လည်ပင်းကို ကိုင်ထားတဲ့ အတိုင်းပဲ သူက ပြန်ဖြေပေး လိုက်ရ လေတယ်။

'' အဲ့အချိန်တုံး က ခများ တစ်ကိုယ်လုံး သွေးတွေနဲ့ တစ်ကယ်ပြည့်နေ ပြီးတော့ လုံးဝကို သွေးအိုင်ကြီး လိုကို ဖြစ်နေ ခဲ့တာပါ။ ဒီလောက်သွေးတွေ အများကြီး ထွက်မှတော့ ခများကို လုံးဝ မကယ်တင် နိုင်တော့ဘူး လို့ ငါတို့ ထင်ခဲ့ ကြတယ်။ ဒါပေမယ့် ခများ က လုံးဝ အသက်ရှု မရပ်သွားတာကို ရှာတွေ့ခဲ့ ရတယ်။ ပြီးတော့ ထိုသွေးတွေ အကုန်လုံး က ခများသွေးတွေ မဟုတ်ပေမယ့် အဲ့အချိန်မှာ ခများဘေး ဘယ်သူမှ မရှိတဲ့ အပြင် ခများ တစ်ယောက် ထဲပဲ ပြုတ်ကျ လာခဲ့တာ ပါ ''

ထိုအချက်နဲ့တင် ဘာတွေ ဖြစ်ခဲ့တာ လဲဆိုတာကို ယင်းလင်း က အကြမ်းဖျင်းတော့ ခန့်မှန်း မိခဲ့ လေတယ်။

စုယွမ် က ဒီနေရာကို တစ်ယောက် ယောက်နဲ့ အတူတူ ရောက်လာ ခဲ့တာ ဖြစ်ပေမယ့် အဲ့တစ်ယောက် က စုယွမ်ကို ကာကွယ်ပေး ဖို့ရာ အတွက် အသက်ပေး သွားရတာ ဖြစ်မယ်။ အဲ့အကြောင်း တွေးမိတော့ ယင်းလင်း က ထိုလူ အတွက် စိတ်မကောင်း မိ သလို ခံစား ရလေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now