အပိုင်း (45)

1.3K 170 1
                                    

(45)

'' မင်း ဘာအကြောင်း ပြောလိုက်တယ်! ''

စုယွမ် က အပြင်ကို ပြေးထွက် လုနီးပါး ဖြစ်သွား လေတယ်။ သူက အခန်းအပြင်ကို မထွက်ခင် သူ့ရဲ့ ခေါင်းလေး ကို အရင်ဆုံး အရှေ့ဆီ ထုတ်လိုက် လေတယ်။

ဒီအချိန်မှာတော့ စုယွမ် က လုံးဝ ကို နိုးနေ ပြီ ဖြစ်ပြီးတော့ သူ့ရဲ့ မျက်လုံး တွေက ရေဒါ တစ်ခု လို ဖြစ်နေကာ ပတ်ဝန်းကျင် က မြေပြင်ပေါ် ကို အရင်ဆုံး စစ်ဆေး ကြည့်လိုက်တယ်။ ပြီးတော့ သိပ်မဝေးတဲ့ နေရာ တစ်ခုမှာ ဟဲလျန်ချန်း မြွေပိစိလေး က တိုက်ခိုက် တော့မယ့် ကိုယ်နေဟန်ထား ကို အသင့် ပြင်ထား တယ် ဆိုတာ တွေ့လိုက် ရလေတယ်။

စုယွမ်ရဲ့ တုံ့ပြန်မှုကိုတွေ့တော့ ယင်းလင်း က တိုက်ခိုက်မှု ကို ရပ်လိုက် လေတယ်။ ဒါပေမယ့် သူက ကိုယ်ပွား တစ်ချို့ ခွဲလိုက် ပြီးတော့ ဟဲလျန်ချန်း ထွက်ပြေး လို့ မရ အောင် ဘေးပတ်ပတ်လည် မှာ ပိတ်ထား လိုက် လေတယ်။

နောက်တော့ သူက စုယွမ် ဘက်ကို လှည့်ပြီးတော့ ပြောလိုက်တယ်။

'' အရှင်သခင် စု ၊ မင်းက ဒီမြွေကို သိလို့လား? ''

ထိုမေးခွန်းကို မဖြေခင် စုယွမ်က အရင်ဆုံး ဟဲလျန်ချန်း ကို ကြည့်လိုက်တယ်။ ပြီးတော့ မြွေပိစိလေး က အောက်ကို နိမ့်ပြီး တရှီးရှီး လုပ် ပြလေတယ်။

ဒါက ခေါင်းငြိမ့် ပြတာ ပဲ ဖြစ်လေတယ်။

စုယွမ် က အကြောင်း ပြန်လိုက်တယ်။

'' သိတယ် ''

'' ဒါဆို မင်းနဲ့ သူ့ကြား က ဆက်ဆံရေး က ဘာလဲ? ''

စုယွမ် က ဒီမြွေကို ဒီလောက်ထိ အလေးပေး နေတာကို တွေ့တော့ မြွေနဲ့ စုယွမ် ကြားမှာ ဘယ်လို ဆက်ဆံရေး မျိုး ရှိနေ သလဲဆိုတာ ကို ယင်းလင်း သိချင်တာ ပဲ ဖြစ်လေတယ်။

ဘယ်လို ဆက်ဆံ ရေး တုံးတဲ့လား?

စုယွမ် က မြွေပိစိလေး ဖြစ်နေတဲ့ ဟဲလျန်ချန်း ရဲ့ အသွင်အပြင် ကို ကြည့်လိုက်တယ်။ ပြီးတော့ တစ်ခဏ တွေးလိုက်တယ်။

ဒီလိုမြွေ တစ်ကောင် နဲ့ သူ့ကြား ထဲမှာ ဘယ်လို ဆက်ဆံရေး မျိုး ရှိသင့် သလဲ?

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Tempat cerita menjadi hidup. Temukan sekarang