အပိုင်း (47.1)

1.2K 154 1
                                    

(47.1)

ဟဲလျန်ချန်း က လုံးဝကို စိတ်ကောင်း ဝင်မနေ ပါပေ။ ဒါကြောင့် သူက စုယွမ် ရဲ့ ရင်ဘတ် ထဲကနေ မပျော်မရွှင်နဲ့  လျောထွက်ကာ လျှာနှစ်ခွကို ထုတ်ပြီးတော့  စုယွမ်ရဲ့ ရင်ဘက်ကို ပါးစပ် ဖွင့်ရင်း  ကိုက်ချ လိုက် လေတယ်။

'' အို့...... ''

စုယွမ် က ရုတ်လျည်းပဲ နာကျင်မှု ကြောင့် အော်ညီး လိုက်မိတယ်။ ဟဲလျန်ချန်း ကိုက်လိုက်တဲ့ နေရာက တစ်ကယ့်ကို အထိမခံတဲ့ နေရာဖြစ် ပြီးတော့ အကိုက်ခံလိုက် ရတာကြောင့် နာကျင်ပြီးတော့ သေမတက် ထုံကျင် သွား ရလေတယ်။

ဒါပေမယ့် သူ ခုခံ ရမယ် !

သူက သူ့မြွေကြီးကို ချော့မော့ မှ ရမယ် ။ မဟုတ်လို့ ကတော့ သူ့ရဲ့ အားနည်းတဲ့ ခြေတွေ လက်တွေ နဲ့ဆိုရင် သူတို့ ကမ္ဘာဆီကို ဘယ်လိုမှ ပြန်ရောက် နိုင်မှာ မဟုတ်ဘူးလေ။ ပြန်ရောက် ဖို့ အခွင့်အရေး တစ်ခုတောင် မှ ရှိမှာ မဟုတ်ဘူး ။  သူက သူ့ရဲ့ ကလေးလေး နှစ်ယောက် ကို လွမ်းလွန်းလို့ ညတွေ မှာဆို ရင် သိပ်ပြီးတော့ တောင် ကောင်းကောင်း အိပ်မပျော် နိုင်ဘူးလေ။

အခုချိန်မှာ တကယ်ကြီးကို နာတာ ဖြစ်ပေမယ့် သူက သေချာပေါက် အဲ့တာ ကို လွယ်လွယ် လေးပဲ ကျော်ပေး သွား ရလိမ့်မယ်။

ဟဲလျန်ချန်း က ကိုက်ပြီး သွားတော့ မှ သူ့ရဲ့ ကိုက်ချက် က အနည်းငယ် ပြင်းထန် သွားတယ် ဆိုတာကို သိလိုက်လေတယ်။

စုယွမ် ဆီက နာကျင် သွားတဲ့ အသံကို ကြားလိုက်ရတယ်။

စုယွမ် က သူ့ကို တကယ်ကြီး စိတ်ဆိုးတော့မှာ ပဲ မဟုတ်ဘူး လား။

ဒါပေမယ့် သူ စောင့်ပြီးရင်း စောင့်ပေမယ့် စုယွမ် က တကယ်ပဲ သူ့ကို စိတ်မဆိုး ခဲ့ပါပေ။ ဒါတင်မကပဲ တစ်ခဏ ကြာပြီးတဲ့ နောက်မှာတော့ သူက တစ်ဖက်လူရဲ့ ချော့မော့ တဲ့အသံကို တောင် ကြားလိုက် ရ​လေတယ်။

အဲ့တာ က တကယ်ကြီး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်။

ဟဲလျန်ချန်း က တွေးလေလေ တစ်ခုခု ကို သူ သဘောပေါက် လာလေလေ ပဲ ဖြစ်လေတယ် ။ အထူးသဖြင့် သူက မျှော်လင့်ထား သလို ဟုတ်သလား ဆိုတာကို စမ်းသပ်  ကြည့်တဲ့ အခါမှာပေါ့။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now