အပိုင်း (50)

1.3K 158 3
                                    

(50)

'' မြွေကြီး ၊ မြွေကြီး မြန်မြန်လေး ထတော့ ငလျင် လှုပ်နေ ပြီဟ! ''

စုယွမ် က သူ့ရဲ့ အဝတ်တွေကို အမြန်  ပြင်ဆင်နေ ရင်းနဲ့ မသိလိုက် ပါပဲနဲ့ အော်ပြော နေမိ လေတယ်။

တုံ့ပြန်မှု မရှိပါပေ။

သူက သူ့ရင်ဘတ် ထဲကို လက်ထည့် ပြီးတော့ စမ်းကြည့်တာ တော့ ဘာမှကို ရှာမတွေ့ ပါပေ။

ရုတ်ချည်း ဆိုသလို သူ့ တစ်ကိုယ်လုံး က နိုးကြွ လာခဲ့ လေတယ်။ သူက မြန်မြန်လေး လှည့်ပတ် ပြီးတော့ ဟဲလျန်ချန်း ကို ရှာခဲ့ ပေမယ့် ဘာပုံရိပ် ကိုမှ ရှာမတွေ့တဲ့ အတွက်ကြောင့် စုယွမ် တစ်ယောက်  မထိန်းနိုင်ပဲ ကြောက်လန့် တကြား ဖြစ်နေ ခဲ့ ပါပြီ။

'' မြွေကြီး ၊ မြွေကြီး ၊ မြွေကြီးရေ...... ''

စုယွမ် က အသံတိုးတိုး လေးနဲ့ အော်ခေါ် လိုက်တယ်။

ဒါပေမယ့် ဒီနေရာမှာ ဘာတုံ့ပြန် မှုမှ ရှိမနေ ပါပေ။

စုယွမ် က အိပ်ယာ ထဲ ကနေ မြန်မြန် လေး ထွက်လိုက် ပြီးတော့ အခန်း အပြင် ကိုပါ ခေါင်းမပါတဲ့ ယင်ကောင်လေး တစ်ကောင်လို မျိုး ပြာယာစွာနဲ့  ထွက်လိုက် လေတယ်။

သူက ရုတ်တရက် ကြီး ပူလာ လိမ့်မယ် လို့ ဘယ်သူ က ထင်ထား မှာတဲ့လဲ ပြီးတော့ သူ အပေါ်ကို မော့ကြည့် လိုက်တဲ့ အခါ အလင်းတန်း က တစ်ခု သူ့ဆီကို ဆင်းလာတာ ကို တွေ့လိုက် ရလေတယ်။ ပြီးတော့ သူ့ တစ်ကိုယ်လုံး အဲ့ အလင်းတန်း က သယ်ယူ လိုက်တယ်။ နောက်တော့ သူ့ကိုယ်ရဲ့ အလေးချိန် က ပေါ့လာ ပြီးတော့ ဘေးပတ်ဝန်းကျင်  မြင်ကွင်း တွေကလည်း ပြာဝေ လာခဲ့ လေတယ်။

အသက်ရှုချိန် အနည်းငယ် ပြီးတဲ့ နောက်စုယွမ် က သူ့ရဲ့ လက် က တင်းကြပ်စွာ ဆုပ်ကိုင် ခံလိုက် ရတာကို ခံစား လိုက် ရလေတယ်။

သူက ကြောက်လန့် တကြားနဲ့ ရုန်းကန် ပေမယ့် တစ်ဖက်လူ ရဲ့ လက်တွေက သုပြုတ်တူ အလား ညှပ်ထား ပြီးတော့ လုံးဝ ကို မလွတ်မြောက် နိုင်ခဲ့ ပါပေ။

သူက ကြောက်လန့် တကြားနဲ့ အော်လိုက်တော့ မယ့် အချိန် ကျတော့မှ သူ့ရဲ့ လက်ဖဝါး အား  တစ်ဖက်လူ က ကုတ်ခြစ် လိုက်တာ  ကို ခံစား လိုက်ရ လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now