အပိုင်း (49)

1.2K 154 1
                                    

(49)

ဟဲလျန်ချန်း က ခေါင်းကို လှည့်ပြီးတော့ အကြည့် တစ်ချက် ပေါ့ပေါ့ပါးပါးပဲ ပေးလိုက်တယ်။ ပြီးတော့ စိတ်ဝိဉာဥ် စွမ်းအင်တွေကို အသားကုန်ပဲ ဆက်လက် စုပ်ယူ နေခဲ့ လေတယ်။

ထိုကဲ့သို့ ဆက်လက် လုပ်ဆောင် မှုက လင်းယုန် ကလန် တစ်ခုလုံး ကို ရူးသွပ် သွားစေ တယ်လေ။

''ရပ်လိုက်စမ်း!  ရပ်လိုက်စမ်း! ''

လင်းယုန် ကလန် ရဲ့ ခေါင်းဆောင် အဖိုးကြီး က အာခေါင်ခြစ်တဲ့ အထိတောင် စူးရှတဲ့ အသံကြီး နဲ့ အော်လိုက် ပြီးတော့ သူ့မေးစေ့ က မုတ်ဆိတ် မွေးတွေ ကလည်း အရမ်းကို ပွ နေပြီပဲ ဖြစ်လေတယ်။

သူ့ရဲ့ မျက်လုံး တွေက နီရဲ လာတယ်။

မျိုးနွယ်စု ခေါင်းဆောင် အနေနဲ့ သူ့မှာ လုပ်ရမယ့် အဓိက တာဝန် နှစ်ခု ရှိတယ်။

ပထမ တစ်ခုက မျိုးနွယ်စု ကို ဒီလိုမျိုး ဗရမ်းဗတာ ဖြစ်တဲ့ နေရာကနေ ကာကွယ်ပေးပြီးတော့ လုံခြုံပြီး သက်ဝင်မှု ရှိတဲ့ နေရာ တစ်ခု ဆီကို ခေါ်ဆောင် သွားပေး ဖို့ ဖြစ်တယ်။

နောက်တစ်ခု ကတော့ ဘိုးဘေး တွေ ချန်ခဲ့တဲ့ အင်အားကြီး ရုပ်ကြွင်း တွေနဲ့ ရတနာ တွေကို ကာကွယ် ရမှာ ပဲ ဖြစ်လေတယ်။

အခုတော့ ပထမ တစ်ခုတောင် မပြည့်ဝ သေးဘူး နောက်တာဝန် တစ်ခု က တိုက်ရိုက် ပဲ ဖျက်ဆီး ခံလိုက် ရပြီလေ။

သူ ဘယ်လိုလုပ် ဒေါသ မထွက် မရူးသွပ်ပဲ နေမှာတဲ့လဲ!

လင်းယုန် ခေါင်းဆောင် ရဲ့ အမြန်နှုန်း တွေက ပေါက်ကွဲ လာပြီးတော့ တစ်စက္ကန့် အတွင်း မိုင်ပေါင်း သောင်းမက သွားနိုင်တဲ့ အမြန်နှုန်း ကို သုံးကာ ချက်ချင်း ပဲ ထိုအနေရာ အနီးကို ရောက်သွား တော့တယ်။

အလွန်အမင်း ကို ကြမ်းတမ်း များပြားတဲ့ စိတ်ဝိဉာဥ် စွမ်းအား တွေက ဟဲလျန်ချန်း ရဲ့ ကိုယ်ကို အသားကုန် လှည့်ပတ် နေပြီးတော့ သူ့ကို ထဲကို အများကြီး ပဲ နစ်ဝင် နေဆဲ ဖြစ်လေတယ်။

လင်းယုန် ကလန် ရဲ့ ခေါင်းဆောင် က ချက်ချင်းပဲ သူ့ရဲ့ လက်ကို ဆန့်ထုတ် လိုက်တယ်။ သူ့ရဲ့ လက်က လေထဲမှာ ပျံတက် သွားပြီး ချက်ချင်း ပဲ ကြီးမားတဲ့ လင်းယုန် လက်ကြီး အဖြစ် ပြောင်းလဲ သွားကာ ဟဲလျန်ချန်း ဆီကို ပြေးဝင် လာခဲ့ လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now