အပိုင်း (31.2)

2.6K 360 7
                                    

(31.2)

သူက ရုတ်တရက် ကြီးဆိုတော့ လန့်ဖြတ်သွားကာ ချက်ချင်း ပဲ အမြန် ထထိုင်လိုက် ပြီးတော့ အောက်ကို ငုံ့ကြည့် လိုက်တယ်။ ပြီးတော့ မြေပြင်ပေါ်မှာ ကျနေတဲ့ ဆေးပင် အနည်းငယ် ကို တွေ့လိုက် ရလေတယ်။

ဟေး။ ဒါတွေက သူမနေ့ည က လိုအပ်နေတဲ့ ဆေးပင် ၃ မျိုး မဟုတ်ဘူးလား?

အဲ့တာတွေက ဘယ်လိုလုပ် ဒီနေရာကို ရောက်လာ ရတာ လဲ?

အဲ့တာ တွေ ရောက်လာတာက သူ့ရဲ့ နေ့ရော ညပါ တောင်းတ မှုကြောင့် ဖြစ်ပေါ် လာတာ လား?

ဆိုတော့ နတ်ဘုရား တွေက သူ့အတွက် နစ်နာကြေး အဖြစ်  ပေးလိုက်တဲ့ ရွှေရောင် လက်ချောင်း စွမ်းအား များလား?

ထိုကဲ့သို့ သူ့အတွေးတွေ က တကယ် ဖြစ်လာမယ့် ရွှေလက်ချောင်း ရပြီ ထင်ပြီးတော့ စုယွမ် က ခေါင်းထဲမှာ ချီလင် သတ္တဝါ ကို စီးတဲ့ အကြောင်း အတင်း တွေးနေ ပေမယ့် သူ့ရှေ့မှာ ဘာလုပ်ရှားမှုမှ ရှိမလာခဲ့ ပါပေ။

ဟင် ?

သူက အဲ့တာ ကို ပါးစပ် ကနေ ထုတ်ပြော ရမှာလား?

သူက မနေ့ည တုံး က လိုချင်တာ ကို အကြိမ်ပေါင်း များစွာ ထုတ်ပြောခဲ့တာ ကို သတိရသွား တော့တယ်။

ဒါကြောင့် စုယွမ် က ပြောလိုက်တယ်။

'' ငါက အကောင်းဆုံး ယူနီကွန်း ကို တကယ်လိုချင် တယ်။ အကောင်းဆုံး ယူနီကွန်း..... ''

ထုတ်ပြောလိုက်တာ နဲ့ စုယွမ် က အနည်းငယ် အေးလာ သလို ခံစားရလေတယ်။ ပြီးတော့ သူက အပြင်မှာ တောက်ပ စွာ ထွန်းလင်း နေတဲ့ နေမင်းကြီးကို ထူးဆန်းစွာနဲ့ ကြည့်လိုက် လေတယ်။

ကြည့်ရတာတော့ ဒီအခန်းက သေချာမဆောက် ထားလို့ နေရောင် ကောင်းကောင်း မရတာလို့ပဲ စုယွမ် က ထင်မိ လေတယ်။

ကိုယ်ဖျောက်ထားတဲ့ ဟဲလျန်ချန်း က ချက်ချင်း ပဲ သူ့ရဲ့ မူလ မြွေပုံ ပေါ်လာပြီးတော့ မြွေခေါင်းကို မြင့်မြင့် မြှောက်ထားတာကြောင့် သူက အတော်လေး ဒေါသ ထွက်နေတာ ကို ပြသ နေခဲ့လေတယ်။

စုယွမ်မှာ သူရှိနေ ရင်ပဲ ရနေ ပြီကို ဘယ်လိုမျိုး ချီလင် ကောင်ကို လိုချင်နေ သေးတာလဲ။ သူက အလွန်အမင်း ကို အရည်အချင်း ရှိပြီးတော့ တစ်ကမ္ဘာလုံး ကို လွှမ်းမိုးထား နိုင်တယ်လေ။ ပြီးတော့ သူက သေချာပေါက် နာ့ယောင်ချီဇီ ဆိုတဲ့ ချီလင်  ကောင်ထက် သိသိသာသာ ပဲ ပိုကောင်းတဲ့ ဟာကို။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Tempat cerita menjadi hidup. Temukan sekarang