အပိုင်း (44.2)

1.2K 159 0
                                    

(44.2)

ဝင်သွားလိုက်တဲ့ အချိန်မှာပဲ သူ့ရဲ့ ကိုယ် အပူချိန် က တဖြေးဖြေး နဲ့ အကြီးအကျယ် တိုးပွားလာတာ ကို ခံစားမိ လေတယ်။

တကယ်လို့ သူသာ မကျင့်ကြံထား ပဲ လက်မလောက် အထူ ပဲ ရှိသေး တဲ့ မြွေသေးသေး လေးသာ ဆိုရင် ဒီ အပူချိန်ကို စပြီး ကြုံ လိုက်ရတာ နဲ့ တစ်ခါတည်း မီးဖုတ်ပြီးသား ဖြစ်သွားမှာ အသေအချာပဲ ဖြစ်လေတယ်။

ဒီရက်တွေမှာ စွမ်းအင် ပြန်စုဆောင်း ပြီးတော့ ကျင့်ကြံတဲ့ အတွက် သူ့ရဲ့ ကျင့်ကြံဆင့် က တတိယ အဆင့်ထိ ပြန်ရောက် နေပြီ ဖြစ်လေတယ်။

ဒီလို မီးတောက် နဲ့ ကြုံတဲ့ အခါ မှာတော့ သူ့အတွက် သဘာဝ ကျစွာ နဲ့ပဲ ကျော်ဖြတ် ဖို့ရာ က  အရမ်းကို ရိုးရှင်း လေတယ်။ မြွေလေး ကနေ ဟဲလျန်ချန်း ပုံစံ ကို ပြောင်းလဲ လိုက် ပြီးတော့ တစ်ခြား ဖက်ကို တိုက်ရိုက်ပဲ ဝင် သွားလိုက် လေတယ်။

တစ်ခြား တစ်ဖက်ကို ဖြတ်သွား ပြီးတော့ မြူခိုး ထဲကနေ လွတ်မြောက်သွားကာ တိမ်တွေ ဆီကို ရောက် သွားလေတယ်။

ထို တိမ်ထဲ မှာတော့ မီးကြာပန်း တစ်ပွင့် ရှိနေ ပြီးတော့ ဟဲလျန်ချန်း ကလည်း လုံးဝကို ယဥ်ကျေး မနေပါပေ။ သူ့ရဲ့ မြွေပါးစပ် နဲ့ အတူ ပွင့်နေတဲ့ မီးကြာပန်း နဲ့ ဘေးက ပန်းဖူး လေးတွေပါ တစ်လုပ်ထဲ မြိုချ လိုက် လေတယ်။

ထို မီးကြာပန်း တွေ သူ့ရဲ့ ဗိုက်ထဲကို ရောက်သွား တဲ့ အချိန်မှာတော့ အဲ့တာတွေက သန့်စင်တဲ့ စွမ်းအင်တွေ အဖြစ် ပြောင်းလဲ သွားပြီးတော့ တဖြေးဖြေးနဲ့ သူ့ အကြောဆုံ တွေထဲကို ပျံ့နှံ့ သွားလေတယ်။

ဟဲလျန်ချန်း က မျက်လုံး ကို ပိတ်လိုက် လေတယ်။ ထိုစွမ်းအား တွေ အကုန်လုံးကို စုပ်ယူ ပြီးသွားတဲ့ အချိန် ကျတော့မှသာ သူက မျက်လုံးကို ပြန်ဖွင့် ပြီးတော့ အသက်ရှုသံ အရှည်ကြီး ကို မှုတ်ထုတ် လိုက် လေတယ်။

သူ့ကိုယ်သူ ပြန်ကြည့် လိုက်တဲ့ အခါ မှာတော့ အစောက ဝင်လာတဲ့ ပုံစံနဲ့ အနည်းငယ် ကွဲပြား နေလေတယ်။ သူ့ရဲ့ အကြေးခွံတွေက ပိုပြီး အရောင် တောက်ပ လာကာ မြွေမျက်လုံး တွေကလည်း နက်ရှိုင်း လာ လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now