အပိုင်း (43)

1.4K 183 1
                                    

(43)

စုယွမ်က ဟဲလျန်ချန်း ကို အပြင်ဆီ ထုတ်လိုက် လေတယ်။

ဟဲလျန်ချန်း က စုယွမ်ရဲ့ နှလုံးသား နားမှာ ပျော်ရွှင်စွာနဲ့ လျောက်ပတ်သွား နေတုံး မှာပဲ ရုတ်တရက်ကြီး စုယွမ်ရဲ့ ကောက်ယူခြင်း ကို ခံလိုက် ရလေတယ်။

သူက အနည်းငယ် ရှုပ်ထွေး နေပြီးတော့စုယွမ် ကို မြွေမျက်လုံး အစုံလေးက ကြောင်တောင်တောင်လေး ကြည့်နေခဲ့ လေတယ်။

စုယွမ် အတွက် ဟဲလျန်ချန်း ရဲ့ အခုလို အသေးလေး ကနေ ကြောင်တောင်တောင်လေး ဖြစ်နေတဲ့ သွင်ပြင် က မြင်ရ ဖို့ အတွက် အရမ်းကို ခက်ခဲ လေတယ်။ ဒါကြောင့် စုယွမ် ခမျာ အနည်းငယ် ပျော့ပျောင်းပြီး ချစ်ဖို့ ကောင်းတယ်လို့ ခံစား မိလေတယ်။

နောက်တော့ သူက ခေါင်းကို ငုံ့ကာ မြွေခေါင်း လေးကို နမ်းလိုက် လေတယ်။

အဲ့အချိန်မှာပဲ ဟဲလျန်ချန်း က ရှုပ်ထွေး သွားရုံတင် မကပဲ မူးဝေ သွားလေတယ်။

မြွေလေး ခမျာ မူးဝေ နေခဲ့ ပါပြီ။

စုယွမ် က သူ့ရဲ့ ချစ်ခင် နှစ်သက်မှုကို ပြသ တဲ့ အတွက်ကြောင့် အခုလို မျိုး မူးဝေ နေတာ ပဲ ဖြစ်လေတယ်။

စုယွမ် ဘက်က စပြီးတော့ သူ့ကို ချစ်ချင်မှု ပြတာက အတော်လေး ရှားတာ ကို။ တကယ်လို့ သူ့မှာသာ စွမ်းအင် ကျန်နေ သေးရင် ချက်ချင်း ပဲ လူသားပုံစံ ပြောင်းလိုက် မှာ။ ပြီးရင် သူ့မိန်းမ ကို အိပ်ယာပေါ်ဖိ လိုက်ကာတွေ ချပြီးတော့ နွေဦးညလေး ကုန်ဆုံး မှာ အသေအချာ ပါပဲ။

ဟုတ်တာ ပေါ့။ သူက မြွေကြီး ပုံပြောင်းလို့ ရရင် လည်း အဲ့လို လုပ်လို့ ရတယ်လေ။ စုယွမ်ကို တင်းတင်းကြပ်ကြပ်လေး ရစ်ပတ်ထား ပြီးတော့ပေါ့လေ။

ဟဲလျန်ချန်း က ဘယ်လို နွေဦးည ဖန်တီးရမလဲ ဆိုတာကို ခက်ခက်ခဲခဲ စဥ်းစား နေချိန်မှာပဲ သူ့ရဲ့ အန္တရယ် ကို အလိုလို သိစိတ် ကနေ အုပ်စု တစ်ခု က သူတို့ နေရာဆီကို ချဥ်းကပ်လာ တယ် ဆိုတာကို ခံစား မိလေတယ်။

နောက်တော့ သူက စုယွမ်ရဲ့ ရင်ဘတ်ထဲကို ပြန်လျောဝင်ကာ ရိုးရိုးသားသား ပဲ ခွေနေ ပြီးတော့ မလှုပ်မရှားနဲ့ သေချင်ယောင် ဆောင်နေ ခဲ့လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now