အပိုင်း (48)

1.3K 152 0
                                    

(48)

ဒီတစ်ခေါက် ဟဲလျန်ချန်း သွားတဲ့ နေရာက သေချာပေါက် လင်းယုန် တွေရဲ့ ဘိုးဘွား အမွေအနှစ်တွေ ရှိတဲ့ နယ်မြေ ကိုပဲ ပေါ့လေ။

အရင်တစ်ခါ ဝင် ခဲ့တဲ့ အတွေ့အကြုံ အရ ဒီတစ်ခေါက် မှာတော့ သူက လမ်းနဲ့ ပိုပြီးတော့ ရင်းနှီး နေပြီပဲ ဖြစ်လေတယ်။ ဟဲလျန်ချန်း က လင်းယုန် တွေရဲ့ ဘိုးဘေး နယ်မြေ ကို ရောက်တော့ သူက လေ လိုပဲ အလျင်အမြန် ဝင်ရောက် သွားလေတယ်။

ကောင်းကင် ပေါ်မှာ အမွေအနှစ် ရတနာ တွေနဲ့ ပြည့်နေတဲ့ တိမ်တွေ အပြင် စွမ်းအားကြီးခဲ့ ဘူးတဲ့ လင်းယုန်အလောင်း တွေ ကပါ မျောလွင့် လို့ နေခဲ့ လေတယ်။

ဒီတစ်ခါ တော့ ဟဲလျန်ချန်း မြိုချ တဲ့ နှုန်းက အရမ်းကို မြန်လေတယ်။

ပထမ တစ်ချက် က လုပ်ဆောင်တဲ့ လက်အမြန်နှုန်း တိုးလာတာ ကြောင့် ဖြစ်ပြီး နောက်တစ်ခုက မြိုချ နှုန်း က မြန်ဆန် လာတာ ပဲ ဖြစ်လေတယ်။ သူက အမွေအနှစ်တွေ ကို မြိုချ လေလေ သူ့ရဲ့ ကျင့်ကြံ ဆင့်က ပိုကောင်း လေလေ ဖြစ်ပြီးတော့ ခွန်အား က ပိုသန်မာ လာတာ ကြောင့် သူက ပိုပြီးတော့ မြန်မြန် လေး ဝါးမြိုနိုင်တာ ပဲ ဖြစ်လေတယ်။

ဒီတစ််ခါ မှာတော့ သူက တိမ်တွေ ထဲက ရတနာ တွေ အကုန်လုံး မြိုချ လုနီးပါး ဖြစ်ခဲ့ ပြီးတော့ ရွှေရောင် အလင်း အတောက်ဆုံး တိမ်၃ ခုပဲ ကျန်တော့ လေတယ်။

ထို ကဲ့သို့ ရွှေရောင် တစ်ဖိတ်ဖိတ် တောက်ပ ​နေတဲ့ တိမ်ထဲမှာ ရတနာ ပစ္စည်းတစ်ခု တောင် မရှိမှာကို သူစိတ်ပူ နေစရာ မလိုဘူး လေ။

အပြင်ဘက်ကနေ ဒီလောက်ထိ ကို စည်းချ ချိပ်ပိတ် ထားတာ တောင်မှပဲ အထဲကနေ အရမ်းကို ပေါကြွယ်ဝတဲ့ စွမ်းအင် အရှိန်အဝါကို သူခံစား နေရတယ်လေ။ အဲ့ထဲမှာ ရှိတာ က အတော်လေး ကို ရှားပါးတဲ ရတနာ တစ်ခု ဖြစ်မယ် ဆိုတာ သေချာလေတယ်။

ဒါပေမယ့် ထိုအချိန်မှာ မနက်မိုးသောက် ခါနီးနေ ပြီ ဖြစ်တဲ့ အတွက်ကြောင့် ဟဲလျန်ချန်း က တွန့်ဆုတ်စွာနဲ့ ပြန်လှည့်ကြည့်နေ ပြီးတော့ မှ ထွက်သွား လေတယ်။

ဒီဟာတွေ ကိုတော့ မနက်ဖြန် မှပဲ လာပြီးတော့ ကောက်ယူ တော့မယ်လေ။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now