အပိုင်း ( 12. 2)

3.8K 496 8
                                    

(12 . 2)

တကယ်လို့ သူသာ စုယွမ် ကို စကား နည်းနည်း လောက် ထပ်ပြောမိရုံနဲ့ တင် ဒေါသထွက်ပြီး သေသွားလောက် တယ်လို့ ဟဲလျန်ချန်း တွေးမိလေတယ်။

မေ့လိုက်တော့။

သူဒါကို အရင်ဆုံး လက်ခံ လိုက်မယ်။

သူ ပြန်ရောက် တဲ့ အထိပဲ စောင့်စမ်းပါ။

ဒီ အရူး လေးနဲ့ ဖြေးဖြေးချင်း ဘောင်ချာစုတ် ရမယ်။

ဟဲလျန်ချန်း က သူ့နောက်မှာ တွယ်ကပ် ပုန်းကွယ် နေတဲ့ စုယွမ်ကို လျစ်လျူရှုလိုက်လေတယ်။ ဒါပေမယ့် သူ့ရဲ့လက်ကို ဆန့်ထုတ်ပြီးတော့ ဆွဲမယ် ကြံတဲ့ အချိန်မှ သူ့လက်ထဲကို ဥကြီး တစ်ခု ကျလာခဲ့တယ်။

အဲ့ဥ က တကယ်ကို ကြီးပြီးတော့ စုယွမ်က အဲ့တာကို ကြည့်ရင်း အဲ့တာက သူ့ကိုယ်ပိုင် ခေါင်းထက်တောင် ကြီးတယ် လို့ ခံစားရတယ် ။

'' အဲ့တာ က ဘယ်လို ဥ မျိုးလဲဟင်? ''

စုယွမ်က အနောက်ကနေ ခေါင်းလေးတင် ထွက်လာကာ မေးလိုက်တယ်။

ဟဲလျန်ချန်း က အဲ့တာကို အနီးကပ် ယူလိုက်ပြီးတော့ သူ့မျက်လုံးများ က အသာလေး ရွေ့လျား သွားခေတယ်။

'' ဒီဥ က အဆင့်နိမ့် ထဲကတော့ မဖြစ်နိုင်ဘူး ။ ဒီဥ က ဘာအမျိုးစားလဲ ဆိုတာ ကတော့ ငါလည်း မမြင်နိုင် ဘူး။ အဲ့တာကို အပြင်ကနေ ရှုမြင်ခြင်း ကနေ တားဆီးထား ပြီးတော့ အဲ့တာကွဲလာ မှပဲ သိရတော့မှာ''

အဲ့တာ က သားရဲ တစ်ကောင်လား?

စုယွမ်ရဲ့ မျက်လုံးတွေက တောက်ပ သွားတယ်။ သူက လက်တွေကို တိတ်တဆိတ် ပွတ်သပ်လိုက်ပြီးတော့ သူ့စိတ် ထဲက ဗီလိန်လေးက ကြမ်းပြင်ပေါ် မှာ လှိမ့်ရင်း အော်နေခဲ့တယ်။

သူ အဲ့တာကို လိုချင်တယ်။ သူအဲ့တာ ကို လိုချင်တယ်လို့။

စုယွမ် က အရှေ့ကို တိုးကာ ဟဲလျန်ချန်း ရှေ့ကို သွားလိုက်ပြီးတော့ ခေါင်းကို ရှက်ရွံ့စွာ နှိမ့်ထားလေတယ်။ နောက်တော့ ခေါင်းမော့ကာ ပြောလိုက်တယ်။

'' ကြည့်ပါအုံး။ ရှင်က ကျွန်မတို့ ကြင်စဦးမောင်နှံ အတူတူ လမ်းလျောက် ထွက်တာကြောင့် ဒါကို ရှာတွေ့ခဲ့တာပဲ မဟုတ်လား။ ကျွန်မ ကို မင်္ဂလာ လက်ဆောင်အဖြစ် အဲ့တာလေး ပေးပါလားဟင်''

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now