အပိုင်း (51)

1.4K 192 1
                                    

(51)

''ဒါဆို မင်းက ကိုယ့်ကို ဇနီးအဖြစ် လက်ထပ် ယူလိုက်လေ။ အဆင်ပြေလား။ ကိုယ့်ကို ချစ်ပေး ပြီးတော့ ကိုယ့်နား မှာပဲ နှစ်ထောင် ပေါင်း မက နေ ပြီး အဖော်ပြု ပေးလေ။ အဆင်ပြေလား ''

ထို စကား တွေက စုယွမ် ရဲ့ နှလုံးသား ကို ပန်းတွေ ပွင့် သွား အောင် လုပ်နိုင် လေတယ်။

ဒီအမျိုးသား က သူ့အတွက် ဆို အကုန်လုံး လုပ်ဆောင် ပေး နိုင်တဲ့ သူပဲလေ။

နောက်တော့ မင်္ဂလာ ပွဲ က တရားဝင် စတင် ပြင်ဆင် ရတော့ လေတယ်။

ဒီမင်္ဂလာ ပွဲ အတွက် ဟဲလျန်ချန်း က ဘယ်သူ့ကို မှ လက်လွဲ ပြီးတော့ မလုပ်ခိုင်း ပဲ  စုယွမ် နဲ့ အတူတူ အလေးအနက်ထား ပြီး ကိုယ်တိုင် ပြင်ဆင် လေတယ်။

ခုနှစ်ရက် နဲ့ ခုနှစ်ည ပြင်ဆင် ပြီးတဲ့နောက် အရာရာ တိုင်း က အဆင်သင့် ​ရှိ နေ ပြီပဲ ဖြစ်လေတယ်။ သူတို့ နှစ်ယောက် စလုံး က ပြင်ဆင် လို့ ပြီးစီး သွား တဲ့နေ့မှာ မင်္ဂလာ ပွဲ မလုပ်ခဲ့ပေ။ ပြီးတော့ နေ့ကောင်း ရက်သာ ရွေးတာ မျိုးတွေ လည်း မလုပ်ခဲ့ ကြပေ။

အဲ့တာ ရဲ့ နောက်တစ်ရက်မှာတော့ နေရောင် ခြည်က သာယာစွာ ဖြာကျ နေကာ နွေဦးလေ ညှင်း လေးတွေ ကလည်း အသာတိုက်ခတ် နေတဲ့ နေ့ရောက်မှာ သူတို့ရဲ့ အထူးတလည် မင်္ဂလာ ပွဲကို ဆင်နွှဲ ကြလေတယ်။

မှန်ကန်တဲ့ လက်တွဲဖော် နဲ့ လက်ထပ် ရသရွေ့ ကတော့ နေ့တိုင်းဟာ လက်ထပ် ဖို့ အတွက် အသင့်တော် ဆုံး နေ့တွေပဲလေ။

ထို မင်္ဂလာပွဲ ကို စုယွမ် ပြုတ်ကျ လာတဲ့ နေရာကျယ်ကြီး မှာ ကျင်းပ ခဲ့တာ ပဲ ဖြစ်လေတယ်။

ထိုနေ့မှာတော့ ထိုကွင်းပြင်ကျယ် ကြီး တစ်ခုလုံး မှာ ခြောက်လ ပန်းပင်တွေကို ရွေ့ထားပြီး ပိုးဖဲကြိုး အနီတွေ နဲ့ နီရဲနေအောင် ဆင်မြန်း ထားကာ လျောက်လမ်း တစ်ခု ကိုလဲ နီရဲတဲ့ ပိတ်စ တွေနဲ့ ခင်းကျင်း ထား လေတယ်။

ထို အချိန်အတွင်း မှာ လျောက်လမ်း တစ်လျောက် မင်္ဂလာ စင်မြင့် ကို မရောက်ခင် အထိ ဘေး တစ်ဖက်တစ်ချက် ဆီမှာ အမျိုးမျိုး သော လှပတဲ့ ပန်းပွင့်တွေ နဲ့ အလှဆင် ထားလေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now