အပိုင်း (53)[ Final]

2.6K 266 14
                                    

(53) [Final]

နောက်ဆုံးမှာတော့ သူ့ကိုယ်အောက် ကနေ ရှောင်ဟွေးဟွေး ကို ရှာတွေ့ သွား တော့ လေတယ်။

မြွေခေါင်းလေး နဲ့ မြွေကိုယ် အမြှီးလေး တို့လည်း ပေါ်လာ ပြီးတဲ့နောက် ဟဲလျန်ချန်း တစ်ယောက် အရမ်းကို ချက်ချင်းပဲ  အံ့အား သင့်သွား ပါတော့တယ်။

ဒါက တကယ်ကြီး သူနဲ့ စုယွမ် အကြား လူသား နဲ့ မြွေ ပေါင်းစပ်ပြီးတော့ ဖြစ်ပေါ် လာတဲ့ ရတနာ လေး ဆိုတာကို သဘောပေါက် သွား တော့ လေတယ်။

ဟဲလျန်ချန်း က ရှောင်ဟွေး ကို တန်ဖိုးမဖြတ်နိုင်တဲ့ အကြည့်တွေ နဲ့ ကြည့် နေ ပြီးတော့ သူကြည့်လေလေ ဒီသားလေး ကို သူပိုချစ်လာ လေလေ ပါပဲ။

ရှောင်ဟွေး က အမြန်ပဲ သူ့ရဲ့ လူသား ပုံစံလေး ကို ပြောင်း လိုက် ပြီးတော့ စုယွမ် ရဲ့ လက်မောင်းထဲကို ပျော်ရွှင်စွာ နဲ့ တိုးဝင်ကာ ခေါင်းလေး နဲ့ အတူ ပွတ်သပ် နေပါတော့တယ်။

'' ဖေဖေ ရှောင်ဟွေး ကလည်း ဖေဖေ့ကို လွမ်းနေတာ ရော ''

ဟဲလျန်ချန်း ကတော့ ဘေးနားမှာ ထိုင်နေရင်း နဲ့ ကြည့်နေကာ သူ့ဘဝ ကြီးက နောင်တ ရစရာ မရှိတဲ့အထိ ကို ပြည့်ဝ နေမိလို့ ခံစား ရလေတယ်။

သူ့မှာ သူ့လို ထက်မြတ်တဲ့ သမီးလေး လည်း ရှိသလို သူ့ဇနီးလို တုံးတုံးအအ လေး ဖြစ်နေတဲ့ သားလေး တစ်ယောက် လည်း ရှိနေ လေတယ်။

ဆိုတော့ သူက နောက်ထပ် ဘာများ ထပ်လို အပ်နေ တော့မှာ တဲ့လဲ?

ဟဲလျန်ချန်း က လက်မောင်းကို ဆန့်ထုတ်ကာ စုယွမ် ၊ ရှောင်ယွဲ့ နဲ့ ရှောင်ဟွေး တို့ကို ပွေ့ဖက် ထားလိုက် တော့လေတယ်။ ထို တစ်ခဏ မှာပဲ သူ့လက်မောင်း ထဲမှာ လူတွေ ပြည့်နေ ပြီးတော့ သူ့နှလုံးသား ကပါ ပြည့်နှက် နေ တယ် လို့ ခံစား လိုက် ရတယ်။

ဟဲလျန်ချန်း က ပျော်နေ ပေမယ့် မောင်နှမ နှစ်ယောက် ကတော့ လုံးဝ ကို ပျော်မနေ ပါပေ။

သူတို့ နှစ်ယောက် လုံး က စုယွမ် ရဲ့ ပွေ့ဖက်မှု ထဲကနေ ထွက်လိုက် ပြီးတော့ ချက်ချင်းပဲ ဟဲလျန်ချန်း ကို ရက်စက် တဲ့ မျက်ဝန်း တွေ နဲ့ပဲ ကြည့်နေ ခဲ့ လေတယ်။

🎉 You've finished reading (Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl) 🎉
(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now