အပိုင်း (21.2)

3.2K 462 29
                                    


(21. 2)

ဆေးလုံး တစ်ခု ရဲ့ စူးရှ တဲ့ မွှေးရနံ့ တစ်ခု ထွက်လာ ချိန်မှာတော့ စုယွမ် တစ်ယောက် ပျော်လွန်းလို့ အော်ငိုချင်စိတ်တောင် ပေါက်သွားလေတယ်။

'' နောက်ဆုံးတော့ ငါအောင်မြင် သွားပြီ! ငါက နောက်ဆုံးတော့ ဆေးလုံး တစ်လုံး ဖော်စပ် နိုင်ခဲ့ပြီ ''

ရှီရှီ က ဆေးမီးပြင်းဖို ထဲ က ဆေးလုံး ဆီကို ငုံ့ပြီးတော့ ကြည့်လိုက်တဲ့ အချိန်မှာ ပထမ အကြည့်မှာ တင်အဲ့ဆေး က အဆင့်နိမ့် ဆေးလုံးဆိုတာ ကို တွေ့လိုက်ရ လေတယ်။ ပြီးတော့ အဲ့တာက နေရာအနှံ့မှာ တွေ့ရတဲ့ သာမန် အဖြစ်ဆုံး သွေးတိတ်ဆေးလုံး ပဲ ဖြစ်လေတယ်။

ဒါပေမယ့် သူမ က လည်း ပျော်နေဆဲ ဖြစ်ပြီးတော့ မျက်နှာ မှာ လည်း ပြုံးထားကာ စုယွမ် ကို ချီးကျုး မြှောက်ပင့် လိုက်လေတယ်။

'' အကိုကြီး အားယန် က အရမ်းကို အံ့သြ ဖို့ကောင်းတာ ပဲ။ ပထမဆုံး ဆေးလုံးကို နှစ်လ အကြာမှာ ဖော်နိုင်ခဲ့တယ် ''

စုယွမ် ကလည်း အရမ်းကို ပျော်ရွှင် နေတယ် လို့ ခံစားရလေတယ်။ လွန်ခဲ့တဲ့ နှစ် က သေမတက် ရုန်းကန် မှုတွေက လုံးဝကို အပြတ်ဖြတ် ခံလိုက် ရလေတယ်။ သူက အရမ်းကို စွမ်းအင်တွေ တက်ကြွ နေပြီးတော့ သူ့ဘဝ ရဲ့ အထွပ်အထိပ် အချိန် ကို ရောက်နေ ပြီလို့ ခံစား ရလေတယ်။

သူသာ လုံ့လ ရှိစွာနဲ့ ဆက်ပြီးတော့ လေ့ကျင့်သွားရင် အချိန် တစ်ခုအကြာမှာ သူက ဆေးပညာမှာ တော်တဲ့ လူတစ်ယောက် ဖြစ်လာမှာ မလွဲမသွေ ပါပဲ။

စုယွမ် က အရမ်းကို ပျော်လွန်းလို့ လူတိုင်း အတွက် စားပွဲတစ်ဝိုင်းစာ အစားအသောက်တွေ ချက်ကျွေးဖို့ ဆုံးဖြတ် ချက်ချ လိုက်လေတယ်။

ငါးအချဥ်ချက်၊ ဆိတ်သားနှပ်၊ အမဲသား စတိတ်၊ အစုံအရည်သောက် အသားပါ ဟင်း ( ဗုဒ္ဓ နံရံပေါ်က ခုန်ဆင်း ပါတဲ့ ) .........။


စားပွဲ တစ်ခုလုံး အပြည့် တည်ခင်း ထားတာ ဖြစ်ပေမယ့် လူတိုင်းက အဲ့တာ တွေကုန်တဲ့ အထိ ဗိုက်လေး တွေ လုံးအောင် ကို စားလိုက် ကြလေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now