အပိုင်း (44. 1)

1.3K 162 1
                                    

(44.1)

နောက်ရက် တွေမှာတော့ စုယွမ် က ကောင်းကင်ဖာထေး ဖို့ အတွက် ကြိုးကြိုးစားစား လေ့ကျင့် နေခဲ့ လေတယ်။

အဲ့တာက အရမ်းကို ထူးဆန်းနေတယ်။

ထို ကောင်းကင် စိတ်ဝိဉာဥ် ကျင့်စဥ် က တကယ်ကြီးပဲ သူ တစ်ယောက် ထဲသာ ကျင့်ဖို့ အတွက် သင့်တော်တဲ့ ပုံပေါ်လေတယ်။

သူက အဲ့ ကျင့်စဥ်ကို ဟဲလျန်ချန်း ဆီဖက်ပြ ပေမယ့်လည်း သူပြောတဲ့ စကား တစ်လုံးကိုမှ ဟဲလျန်ချန်း က နားလည်ဟန် မပေါ်လေဘူး။

ဒါပေမယ့် စုယွမ် ကျတော့ တစ်ချက် ကြည့်တာ နဲ့ နားလည်သွားကာ ဒီတစ်လျောက်လုံး ကျင့်ကြံ လို့ ရတယ်လေ။

နောက်ရက်တွေက အတော်လေး ကို အေးချမ်းစွာ နဲ့ပဲ ကုန်ဆုံး ဖြတ်သန်း ခဲ့လေတယ်။

စုယွမ် က ကောင်းကင်စိတ်ဝိဉာဥ် ကျင့်စဥ်ကို တိတ်တဆိတ် ပဲ ကျင့်ကြံ နေချိန် ဟဲလျန်ချန်း ကလည်း ပြန်ကောင်း လာဖို့ရာ အတွက် သူ့ရဲ့ အခြေခံ ကျင့်ကြံမှုကို ပြန်ကုသ ရင်း ကျင့်ကြံ နေခဲ့ လေတယ်။

ဟဲလျန်ချန်းက ပြန်ကုသ ဖို့ အတွက် စွမ်းအင်တွေ အများကြီး လိုတာကြောင့် သဘာဝ ကျစွာ နဲ့ပဲ စုယွမ် ရဲ့ ဘက်မှာလည်း စွမ်းအင် တွေက မလုံလောက် သေးပါပေ။

တကယ်လို့ သူက ဒီကို ရောက်လာ ချင်း တုံး က ဟဲလျန်ချန်းပါ လူအကောင် လိုက် ပါလာရင်တော့ လင်းယုန် ကလန် မှာ ပြောင်ပြောင်တင်းတင်း နေလို့ ရတာ ပေါ့လေ။

ဒါပေမယ့် ဟဲလျန်ချန်း က စုယွမ်အား သူ့ရဲ့ တည်ရှိမှုကို လင်းယုန် ကလန်အား ဖော်မပြဖို့ ထပ်ကာထပ်ကာ သတိပေး ထား လေတယ်။

ဒါကြောင့်သာ ဟဲလျန်ချန်း က ညအချိန်မှာ အစားအစာ နဲ့ စွမ်းအင် အတွက် အပြင်ကို ထွက်ပြီး ရှာ​ဖွေ ရတော့တာ ပဲ ဖြစ်လေတယ်။

ဒီလို နည်းနဲ့ပဲ နေလာခဲ့တာ ၃ လ ကြာပြီးတဲ့နောက် ဟဲလျန်ချန်း က လည်း တဖြေးဖြေး ပြန်ကောင်း လာ​ကာ သူ့ရဲ့ လက်မ လောက် အထူ ကနေ လက်မောင်း လောက်ထိ ကို ထူလာ ခဲ့ လေတယ်။

သူက အတော်လေး ပြန်ကောင်း လာပြီ ဆိုပေမယ့် ဟဲလျန်ချန်း က လက်မ လောက် အထူလေး ပဲ ရှိတဲ့ ပိစိလေး အဖြစ် ပဲ နေရတာ ကို သဘောကျ ပြီးတော့ ပြန်ပြောင်း လေ့ ရှိတယ်။ နောက်တော့ သူက စုယွမ်ရဲ့ ရင်ဘက် ထဲမှာပဲ ခွေနေ လေ့ရှိတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now