အပိုင်း (19. 1)

3.8K 483 7
                                    

(19. 1)

'' မင်း က ဝူယိုးရဲ့ ကောင်မလေး လား? ''

အဲ့အချိန်မှာ ပဲ အသက်အလတ် ပိုင်းအရွယ် ရှိတဲ့ လှပတဲ့ အမျိုးသမီး တစ်ယောက် က ခြံထဲကို လမ်းလျောက် ဝင် လာပြီးတော့ စုယွမ်ကို  တွေ့တော့ သူမရဲ့ မျက်လုံး တွေက အလင်း ရောင် တွေနဲ့ တောက်ပ သွားကာ အပြုံးလေး နဲ့ မေးလိုက်လေတယ်။

ထိုအမျိုးသမီး ပြောတာကို ကြား လိုက်ရတော့ စုယွမ် က ချက်ချင်းပဲ အနောက်ကို ပြန် ဆုတ် သွားလေတယ်။ ပြီးတော့ မြန်မြန်လေး သူ့ရဲ့လက် တွေကို ဝေ့ယမ်းကာ ရှင်းပြ လိုက်လေတယ်။

''မဟုတ်ပါဘူး ၊ မဟုတ်ပါဘူး ကျွန်တော် က ရှီရှီ ဦးလေး ရဲ့ သူငယ်ချင်း ပါ ''

စုယွမ် က ဖုန့် ကလန် ကို လိုက် လာတယ် ဆိုတာက ယာယီခဏတာ ခိုလှုံပြီးတော့ အခြေအနေ တည်ငြိမ်အောင် လုပ်ချင် လို့ပဲ ဖြစ်လေတယ်။ အဲ့ဒါ ကပဲ တစ်ခြားသူတွေ အတွက် ပြဿနာ အတော် များ နေပြီ ပဲ ဖြစ်လေတယ်။

တကယ်လို့ ဒီနေရာ မှာ တစ်ဖက်လူ နဲ့ သတင်းတွေ ထွက် သွားခဲ့ မယ် ဆိုရင် ဒါက အတော်လေး ဝမ်းနည်းစရာ ကောင်းမှာ ပဲ ဖြစ်လေတယ်။ အဲ့လို မျိုး စဥ်းစား မိတဲ့ အတွက်ကြောင့် သူက အမြန်ပဲ ဖြေရှင်း လိုက်တာ ဖြစ်လေတယ်။

စုယွမ် ရဲ့ အလောသုံးဆယ် ရှင်းပြတဲ့ အမူအရာ ကို တွေ့တဲ့ အချိန်မှာတော့ လှပတဲ့ အမျိုးသမီး က ထိုကိစ္စ မှာ တစ်ခုခု ဖုံးကွယ် ထားတာ ရှိတယ်လို့ ခံစား မိသွားကာ သူမ မျက်နှာ ပေါ်က အပြုံး တွေ ကလည်း ပိုပြီးတော့ တောင် ကြီးမားလာလေ တယ်။

သူမ က ပြုံးပြီးတော့ ပြောလိုက်တယ်။

'' ငါနားလည် ပါတယ်။ ငါ နားလည် ပါတယ် ''

မင်း ငါ့ဆီ ကနေ ဖုံးကွယ် လို့ မရ ပါဘူး ဆိုတဲ့ ပုံ ပေါ် နေလေတယ်။

အဲ့လို ပုံ မျိုး ဖြစ်နေတဲ့ အမျိုးသမီး လှလှလေး ကို ကြည့်ကာ ရုတ်တရက် ကြီး စုယွမ် တစ်ယောက် မျက်ရည် မကျပဲ ငိုချင် သွားလေတယ်။

ခများကြီး က ဘာကို သိတာ လဲလို့....... ။

ကိုယ်ထင်တာ ကိုယ်မှန်တယ် လို့ ယူဆ နေတဲ့ အမျိုးသမီး က စုယွမ် ရဲ့ စကားပြော နေပြီးတော့ အတော်ကြာ စကားပြော ပြီးတဲ့ နောက်မှာတော့ ထိုအမျိုးသမီး က သူမ သိလိုတာ တွေ မေးပြီး သွားပြီ ပဲ ဖြစ်လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now