အပိုင်း (46)

1.2K 166 1
                                    

(46)

စုယွမ် က ဟဲလျန်ချန်း ဆီကို အကြိမ်အနည်းငယ် လေသွင်း လိုက် ပြီးတော့ ရပ်လိုက်တယ်။ လက်ကို ဆန့်ထုတ်ကာ ဟဲလျန်ချန်း ရဲ့ ကိုယ်ကို ထိကြည့်လိုက်တော့ နွေးလာတာ ကို ခံစား ရတဲ့ အတွက်ကြောင့် စုယွမ် က အတော်လေး ပျော်ရွှင် သွား လေတယ်။

ကြည့်ရတာ အဲ့တာ က အကျိုးရလဒ် တစ်ချို့ ရှိပြီးတော့ ဒါကြောင့်သာ ကိုယ်က ပူနွေး လာတာ ပဲ ဖြစ်ရမယ်။

စုယွမ် က ချက်ချင်း ဆိုသလို တက်ကြွ သွားပြီးတော့ သတ္တိတွေ ရှိလာကာ ဟဲလျန်ချန်း ကို ကူညီပေးဖို့ အလုပ်ကြိုးစား တော့လေတယ်။

ဒီအချိန်မှာတော့ ဟဲလျန်ချန်း က သူ့ရဲ့ ဟန်ဆောင်ထားတဲ့ အခြေအနေ ကို ယိုယွင်း လုနီးပါး ဖြစ်စေ ခဲ့တယ်။ ပြီးတော့ သူ့ဘဝ ရဲ့ အကောင်းဆုံး အထွတ်အထပ် ဖြစ်ဆုံး အခြေအနေ ကို ရောက် နေတယ် လို့တောင် ခံစား ရလေတယ်။

လူတစ်ကိုယ်လုံး က ကောင်းကင် ဘုံဆီကို ပျံတက်သွား ပြီးတော့ မြွေကိုယ်​လေး ကလည်း လေထဲမှာ မျောနေ တယ် လို့တောင် ခံစား ရလေတယ်။

နောက်တော့ သူက ဖြေးဖြေးချင်း အသက်ကို ရှုထုတ် လိုက်တယ်။

ချိုသာပြီး ချစ်စရာ ကောင်းတဲ့ အသံလေး က မြွေပိစိရဲ့ ပါးစပ်လေး ထဲကနေ ထွက်ပေါ် လာခဲ့ လေတယ်။

စုယွမ် က တောင့်တင်း သွားတယ်။

သူက အနောက်ကို ခေါင်းပြန်ဆုတ် လိုက်ပြီးတော့ ဟဲလျန်ချန်း ကို စူးစမ်း လိုက်တယ်။

မြွေပိစိ ဟာ အစောက သေမလို ဖြစ်နေ ပြီးတော့ အခုကျတော့ နတ်သမီးလေး ကို တွေ့သလို စပ်ဖြဲဖြဲ မျက်နှာ ဖြစ်နေတာကို စုယွမ် တွေ့လိုက်ရတယ်။

ကောင်းပြီလေ မြွေကြီး က သူ့ကို လှည့်စား ရဲတယ်ပေါ့လေ။

သူကတော့ သေမှာ ကို ကြောက်လို့ စိတ်ထဲက အကြောက်တရား ကိုတောင် ဖိနှိပ် ပြီးတော့ ခက်ခက်ခဲခဲနဲ့ ကျင့်ထား ရတဲ့  ကောင်းကင် ချီတွေတောင် ထည့်ပေး ခဲ့ရတာ။

အခုကျတော့ အဲ့ မကောင်းဆိုးဝါး က သူ့ကို တိတ်တိတ်လေး ကြိတ်လှောင် နေရဲတယ်ပေါ့လေ။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now