အပိုင်း (8.1)

4.9K 651 34
                                    

(8.1)

'' ဒါက.......  မြွေတွေ အများကြီးပဲ..... ''

စုယွမ် တစ်ယောက် မေ့လဲ မသွားခင်မှာ အိမ်ထဲက အစိမ်းရောင် မြွေကို မြင်ပြီးတော့ လန့်သွား ခဲ့တာ ပဲ ဖြစ်လေတယ်။

ဟဲလျန်ချန်း ကတော့ သူ့မျက်နှာပျက်စေတယ် လို့တွေးတာ ကြောင့် သူဟာ အစိမ်းရောင်မြွေအား စုယွမ် တစ်ယောက် ပိုပြီးတော့ သတ္တိ ရှိလာစေဖို့ လေ့ကျင့်ရေး ကို ကြီးကြပ်ဖို့အတွက် တာဝန်ပေးလိုက်လေတယ်။

ဒါကြောင့်မလို့ စုယွမ် နိုးလာလာချင်းပဲ ဝေ့ရှီး ဂူကို တိုက်ရိုက်ခေါ်သွား ခြင်း ခံလိုက်ရလေတယ်။

တန်းရိချင်းဟွာ ရဲ့ အတွေးထဲမှာတော့ မြွေတွေကို ကြောက်တဲ့ အကြောက်တရား ကိုကျော်လွှား နိုင်စေ ဖို့ရာအတွက် မြွေအများကြီး ရှိတဲ့ ဂူထဲမှာ နေတာက အကောင်းဆုံး လို့ တွေးမိလေတယ်။

တကယ်လို့ သူသာ မြွေတွေကို အမြဲတမ်း တွေ့နေရရင် လူက ထုံသွားမှာ ဖြစ်ပြီးတော့ နောက်တစ်ခါ မြွေတွေကို ထပ်တွေ့ရင် မလန့်တော့မှာ ဖြစ်သလို မကြောက်ပဲ နေတော့မှာ ဖြစ်လေတယ်။

'' ဒါက မြွေသောင်းချီ ( ဝေ့ရှီး) ဂူလေ။ ဒီနေရာမှာ ပုံစံ မပြောင်းနိုင်တဲ့ မြွေတွေ အကုန်လုံး နေရတာလေ။ ဒီနေရာမှာ အသန်မာဆုံး စိတ်ဝိဉာဥ် စွမ်းအား ရှိနေတယ်။ အထူးအချက်အလက်တွေကို ကာကွယ်ပေးထားပြီးတော့ ကြီးထွားဖို့ အတွက် အလုံခြုံဆုံး နေရာတစ်ခု ပါပဲ ''

'' ဟီးဟီး ကောင်းပြီ ''

စုယွမ် က မထုံတက်တေး နဲ့သာ ပြောလိုက်ပေမယ့် သူ့ရဲ့ ခြေတွေ လက်တွေ က တော့ မထိန်းနိုင်စွာ တုန်ရီနေခဲ့လေတယ် ။

စုယွမ်ခမျာ မြွေအစုအဝေးကြီးကို ၃၆၀ ဒီဂရီ ပတ်ပတ်လည် မြင်တွေ့နေရလေတယ်။ အနီ၊ အနက် ၊ အဖြူ ၊ အပြာနဲ့ ပန်းရောင်တွေ အမျိုးမျိုး ရှိနေလေတယ်။ အမျိုးအစား အားလုံးထဲမှာ သူသိတာလည်း ရှိသလို ၊ မသိတာလဲ ပါလေ​တယ်။ မြွေဟောက်တွေ၊ ပန်းဂေါ်ဖီ မြွေတွေ ကို မြင်လိုက်ရတာနဲ့တင် သူ မူးဝေလာတာကို ခံစားရတယ် ။

စုယွမ် တစ်ယောက် သူ ထပ်ပြီးတော့ မူးလဲ တော့မလို ခံစားနေရတယ်။ ဒီနေရာကြီး က တကယ်ကို ကြောက်ဖို့ ကောင်းတာ ပဲ။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now