𝐈𝐧𝐭𝐫𝐨

6.3K 239 35
                                    

𝑈𝑛𝑖𝑐𝑜𝑑𝑒

Tachi-ဒိုင်ယာရီ
Neko-လွန်းကြည်နူးရိပ်

လွန်းတစ်ယောက်ဘေးအိမ်မှာနေတဲ့ကလေးပေါက်စနဲ့လောင်းကြေးစားကြေးလုပ်ပြီးအပင်ပေါ်တက်ရင်းပြုတ်ကျသွားကာခေါင်းကိုတစ်ခုခုနဲ့ပြင်းပြင်းထန်ထန်ရိုက်မိသွားခဲ့သည်၊ထိုအချိန်ကအတော်လေးနာကျင်ခဲ့ရပြီးခဏအတွင်းမှာပဲလောကကြီးနဲ့အဆက်အသွယ်ပျက်ခဲ့ရကာဘာတွေဖြစ်သွားလည်းမသိတော့ပေမဲ့အခုလွန်းရဲ့ခေါင်းကနည်းနည်းမှမနာတော့ပေ၊အလွန်သက်သောင့်သက်သာဖြစ်နေပြီးခေါင်းကဘာနာကျင်မှုမှမရ..။

[မင်္ဂလာပါHost အတွေးတွေကိုရပ်တန့်ပြီး ကျွန်တော်နဲ့အချင်းချင်းမိတ်ဆက်လိုက်ရအောင်]

နားထဲပြန့်လွင့်လာတဲ့စက်ရုပ်သံလိုလိုဂြိုလ်သားသံလိုလိုအသံကြီးဟာလွန်းနားထဲဆိုးဝါးစွာဝင်ရောက်လာပြီးခုနကဘာမှမခံစားရသောခေါင်းကပြန်ကိုက်လာသလိုတောင်ခံစားလိုက်ရသည်။

Systemမှာတော့Hostရဲ့အတွေးတွေကိုကြားနေရတာမို့မိမိကိုအလွန်အင်မတန်ချီးမွန်းနေတဲ့စကားများကိုနားထောင်ပြီးသွေးတွေအပွက်ပွက်အန်ချချင်မိသွားလေ၏၊ဒီHostကအတော်ဝေဖန်ကြမ်းတာပဲ။

[Host ကျွန်တော့်ကိုဝေဖန်မနေပဲမျက်လုံးတွေကိုဖွင့်လိုက်ပါတော့]

နေပါဦး၊ဒီဆိုးဆိုးဝါးဝါးအသံကပျောက်မသွားသေးဘူးလား၊ငါဘယ်ရောက်နေတာလည်း။

[Hostရောက်နေတာက Systemကမ္ဘာမှာပါ ပြီးတော့အလွန်ခန့်ညားလွန်းတဲ့ကျွန်တော့်လို Systemအချောလေးနဲ့လာချိတ်ဆက်မိနေတာပါ]

"ဘာ!! ငါကဝတ္ထုထဲကူးပြောင်းခံထားရတာလား!"

လွန်းမှာဇာတ်ကားတွေထဲကလိုထူးဆန်းတဲ့ဖြစ်ရပ်ကြီးနဲ့ကြုံလိုက်ရလို့မှိတ်ထားတဲ့မျက်လုံးတို့ကိုအလန့်တကြားဖွင့်လိုက်တော့အဆောင်အယောင်တောက်တောက်ပပတွေနဲ့အခန်းတွင်းကိုရောက်နေပြီးလွန်းအိပ်နေတဲ့ကုတင်ကြီးကလည်းအလွန်တန်ဖိုးကြီးမှန်းသိသာလှသည်၊တကယ်ကြီးငါနေတဲ့နေရာမဟုတ်တာပဲ။

[ဟုတ်ပါတယ်Host Hostကအခုဝတ္ထုထဲကူးပြောင်းခံထားရပါပြီ ကျွန်တော်ပေးတဲ့ Missionတွေကိုထမ်းဆောင်ပြီးလက်ရှိဘဝမှာအသက်ပြန်ရှင်ဖို့အခွင့်အရေးကိုရယူပါ Host Missionမအောင်မြင်ရင်တော့လက်ရှိဆေးရုံကိုရောက်နေတဲ့Hostရဲ့ခန္ဓာကိုယ်ကအသက်မဲ့သွားပါလိမ့်မယ်]

ငါ့မိဖုရားTempat cerita menjadi hidup. Temukan sekarang