𝐏𝐚𝐫𝐭.8

1.1K 174 8
                                    

       အပိုင်း(၈)
{Hostကမနမ်းချင်ရှာပါဘူး}

အတားအဆီး၅ကအတော်လေးရှည်လျားတဲ့ရေပြင်ကြီးဖြစ်ပြီးထိုရေတွေထဲမှာမိကျောင်းကြီးတွေရှိနေကာရေများကတပွက်ပွက်နဲ့ပေ၊အသက်ရှင်ကျန်ရစ်တဲ့ပြိုင်ပွဲဝင်တွေကတော့ဒိုင်ယာရီအပါအဝင်မှ၃ယောက်သာရှိတော့သည်၊တစ်ယောက်ကမင်းသားဖြစ်ပြီးနောက်တစ်ယောက်ကတော့ယောကျာ်းတစ်ယောက်ဖြစ်သည်။

WTF! အဲ့ရေတွေထဲကမိကျောင်းတွေလား System။

[ဟုတ်ပါတယ်Host ဇာတ်လိုက်မနဲ့အတူတူဆင်းမသွားပါနဲ့နော် Hostမိကျောင်းစာမိသွားပါဦးမယ် ရေထဲမှာပြိုင်ပွဲဝင်တွေရှိနေသေးသ၍မိကျောင်းတွေကလည်းရှိနေဦးမှာပါ]

ထိုယောကျာ်းကအရင်ဆုံးရေထဲခုန်ဆင်းသွားပြီးမကြာလိုက်မိကျောင်းအစားခံလိုက်ရပြီးရေထဲမှာသွေးများရဲရဲနီသွားလေသည်၊လွန်းမှာထိုမြင်ကွင်းကိုမြင်ပြီးဒူးတွေတုန်ရီလာကာထိုင်ရက်ပြုတ်ကျသွားရသည်၊ဒါကိုမြင်လိုက်တဲ့ဒိုင်ယာရီကတော့လွန်းကိုလှည့်ကြည့်လာပြီး

"ဒီမှာပဲနေခဲ့ ရေကန်ထဲမှာပြိုင်ပွဲဝင်ရှိနေသေးရင်လုံးဝဆင်းမလာနဲ့ ပြိုင်ပွဲဝင်မရှိတော့ရင်ပျောက်သွားလိမ့်မယ်"

"ရှင် ရှင်အန္တရာယ်ကင်းမှာပါနော်"

လွန်းရဲ့မပွင့်တပွင့်စကားလေးကြောင့်ဒိုင်ယာရီ့ခြေလှမ်းတွေကတုန့်ကနဲရပ်သွားပြီးမှဘာမှမဖြစ်သလိုအေးအေးဆေးဆေးပြန်လျှောက်နေသည်၊ရေကန်နားရောက်မှဒိုင်ယာရီကလွန်းကိုမျက်မှောင်ကျုံ့လျက်ပြန်ကြည့်လာသည်။

"မင်းကမုန်းဖို့ကောင်းတယ်"

"ဟင်!"

ဒိုင်ယာရီ့စကားကြောင့်လွန်းမှာမျက်လုံးလေးများဝိုင်းစက်သွားပြီးနှုတ်ခမ်းလေးစူထွက်လာသည်၊ဒီဇာတ်လိုက်မကတော့တော်တော်ယုတ်မာတာပဲ။

[ဇာတ်လိုက်မကHostကိုကြည့်မရပုံပါပဲ အဲ့ဒါကြောင့်ပြောပါတယ် သူ့ရှေ့မှာချစ်ဖို့ကောင်းအောင်မနေပါနဲ့လို့ Hostဇာတ်လိုက်မကိုအကြမ်းနည်းနဲ့မြူဆွယ်ပါတော့နော်]

ရား နင်ဘာဖြစ်နေတာလည်း ဟမ်၊ငါကဇာတ်လိုက်မင်းသားနဲ့မင်းသမီးကိုမညားအောင်ပဲလုပ်ရမှာနော်၊ငါဇာတ်လိုက်မကိုယူစရာမလိုဘူး၊ဒီဦးနှောက်မရှိတဲ့ကောင်ကတော့။

ငါ့မိဖုရားWhere stories live. Discover now