𝐏𝐚𝐫𝐭.15

1.2K 196 26
                                    

   အပိုင်း(၁၅)
{ဇာတ်လိုက်မရဲ့အကောင်းမြင်မှု}

[Host ဒီနေ့နန်းတော်ထဲသွားရမယ်လေ ဇာတ်လိုက်မင်းသမီးခေါ်ထားတယ်မလား]

"ငါသိပါတယ်"

Systemမှာလည်းမျက်နှာမကောင်းတဲ့သူ၏Hostကိုကြည့်ပြီးငြိမ်သက်နေလိုက်သည်၊

[Hostဇာတ်လိုက်မင်းသမီးကိုချစ်နေတာလား အဲ့လိုဖြစ်လို့မရဘူးနော် ဒါကပုံရိပ်ယောင်တွေ စာရေးဆရာမဖန်တီးထားတဲ့ဇာတ်ကောင်တွေပဲ အပြင်မှာတကယ်မရှိတဲ့ပုံရိပ်ယောင်တစ်ခုကိုချစ်လို့မရဘူး]

"မချစ်ပါဘူး ငါကဘာလို့ဇာတ်လိုက်မကိုချစ်ရမှာလည်း ထားပါ ငါတို့အခုပဲနန်းတော်ကိုသွားရအောင်"

လွန်းလည်းအဝတ်အစားအရင်လဲလိုက်ပြီးမှနန်းတော်ကိုခြေဦးလှည့်ခဲ့သည်၊ဒိုင်ယာရီကလွန်းကိုဒီနေ့ထူးထူးခြားခြားခေါ်ထားသည်၊ဘာကိစ္စများရှိနေလည်းမသိပေမဲ့လွန်းတ‌စ်ယောက်စိတ်လှုပ်ရှားနေတာတော့အမှန်ပင်။
.. ..
ဒိုင်ယာရီကဘုရင်မနန်းဆောင်အတွင်းမှာစာဖတ်လျက်ရှိသည်၊အဆောင်ဝမှာတော့သံဇဉ်ချိုရပ်နေသည်၊အပြင်ထွက်နေလို့ပြောပေမဲ့ဒီနေ့တစ်နေ့လုံးသံဇဉ်ချိုကအပြင်မထွက်ဘူးဆိုတာကြီးပဲပြောနေသည်၊ဒိုင်ယာရီလည်းသူ့ကိုပြောလာရတာကြာတော့မောလာပြီမို့ဘာမှမပြောတော့ပဲလွှတ်ထားလိုက်တာပင်။

"မင်းသမီးအမရာစံထားရောက်လာပါတယ် အရှင်မ..!"

"ဝင်ခဲ့ခိုင်းလိုက်ပါ"

ဒိုင်ယာရီကဖတ်လက်စစာအုပ်ကိုဘေးချပြီးအဝင်ဝကိုအကြည့်ရောက်လာသည်၊သံဇဉ်ချို့မျက်နှာကတော့စူပုတ်နေတော့သည်၊ဒီအနှောက်မရောက်လာမယ်မှန်းသိလို့အခန်းထဲကမထွက်ပဲစောင့်နေတာဖြစ်သည်၊အမရာစံထားကဒိုင်ယာရီနဲ့လက်ဆက်ရမဲ့သူမို့နှစ်ယောက်ထဲရှိမနေစေချင်၊မတော်တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေဖြစ်သွားရင်ဘယ်လိုလုပ်မလည်း။

အမရာစံထားကဒိုင်ယာရီ့ကိုအရိုအသေပေးလာသည်။

"ကျွန်တော်မျိုးမလာလို့အနှောက်အယှက်များဖြစ်သွားသလားအရှင်မ"

ငါ့မိဖုရားWhere stories live. Discover now