𝐏𝐚𝐫𝐭.13

1.2K 158 23
                                    

  အပိုင်း(၁၃)
{ဇာတ်လိုက်မကိုငါပဲယူမယ်}

လွန်းတစ်ယောက်နေပူထဲဒူးထောက်ခဲ့ရတဲ့အတွက်အပူတွေတက်ပြီးလည်ချောင်းတွေနာနေလေသည်၊ရေကိုခဏခဏသောက်ပေးပြီးဆေးလည်းသောက်ရသည်၊လွန်းအဲ့ဒီလည်ချောင်းနာတာကြီးကိုတကယ်မုန်းသည်၊ဘာစားစားအရသာမရှိတော့သလိုခံစားရခက်သည်။

[Host ကျွန်တော်ပြောစရာရှိတယ်]

"ဘာလည်း"

အခန်းဆောင်ထဲကကုတင်ပေါ်မှာထိုင်ရင်းလွန်းမေးလိုက်သည်၊အပြင်ကိုအတိုင်းသားမြင်နေရတဲ့ပြတင်းပေါက်ကနေဖြာထွက်နေတဲ့နေရောင်ကအခန်းအတွင်းကျရောက်နေတာမို့လွန်းပြတင်းပေါက်ကိုအရင်သွားပိတ်လိုက်သည်။

"ဘာလည်းSystem ပြောလေ"

[မဒုန္နပါလီတိုင်းပြည်ကရှင်ဘုရင်ရဲ့သမီးငယ်ဖြစ်တဲ့မင်းသမီးအမရာစံထားဆိုတာရှိပါတယ်]

"အမယ်လေး! ရထားထွက်လို့မမှီမဲ့နာမည် ကဲလိုရင်းကိုသာပြောစမ်းပါ"

[အဲ့ဒါမဒုန္နပါလီတိုင်းပြည်ရဲ့ရှင်ဘုရင်ကသူ့သမီးတော်ကိုဒိုင်ယာရီ့ဆီဆက်သလိုက်တယ် လက်ခံလိုက်ရင်နှစ်နိုင်ငံချစ်ကြည်ရေးယူသလိုဖြစ်သွားမှာဆိုပေမဲ့ငြင်းလိုက်ရင်တော့စစ်ဖြစ်မှာအသေအချာပဲ သူတို့တိုင်းပြည်ကအဖိုးတန်မင်းသမီးကိုငြင်းရဲသလားဆိုပြီးကျိန်းသေစစ်ဖြစ်မှာအသေအချာပဲHost ကြည့်ရတာမသက်သာတဲ့အဆုံးဇာတ်လိုက်မကလက်ခံလိုက်ရမယ်ထင်တယ်]

Systemရဲ့စကားအဆုံးလွန်းကဘာအသံမှမထွက်တော့ပေ၊ကုတင်ပေါ်မှာငြိမ်သက်စွာထွက်နေရင်းအဝတ်စကိုလုံးချေနေသည်။

[ဒါပေမဲ့အဲ့ဒါကကျွန်တော်တို့အတွက်အရမ်းကောင်းပါတယ်Host ဇာတ်လိုက်မင်းသားနဲ့ဒိုင်ယာရီမညားတော့အောင်မင်းသမီးအမရာနဲ့ယူခိုင်းလိုက်တာလည်းကောင်းတယ် မင်းသမီးအမရာမိဖုရားဖြစ်သွားရင်သူ့နေရာကိုလုမဲ့သူမရှိအောင်ကာကွယ်မှာပဲလေ အဲ့လိုဆိုစိုင်းမဟာတည်နဲ့ဒိုင်ယာရီရဲ့ဇာတ်လမ်းကပြတ်ပြီ စိုင်းမဟာတည်နန်းတော်ထဲတောင်ခြေချလို့ရမှာမဟုတ်ဘူး ပြီးတော့Hostလည်းဒီကနေမြန်မြန်ထွက်သွားလို့ရတာပေါ့]

ငါ့မိဖုရားWhere stories live. Discover now