𝐏𝐚𝐫𝐭.11

1.1K 175 12
                                    

အပိုင်း(၁၁)
{အပြစ်ပေးခံရသောလွန်း}

ဒိုင်ယာရီရဲ့နန်းတက်ပွဲကအရင်၂ရက်လောက်ကပဲပြီးဆုံးသွားခဲ့သည်၊စစချင်းတိုင်းရေးပြည်ရေးတွေကိုစီမံရတာနည်းနည်းအခက်အခဲရှိပေမဲ့အခုတော့ပုံမှန်လိုလုပ်နိုင်နေပြီဖြစ်သည်၊အခုလည်းဒိုင်ယာရီကညီလာခံကနေပြန်လာတာဖြစ်ပြီးဝတ်ရုံနီကြီးနဲ့ဝံ့ဝံ့ကြွားကြွားလျှောက်လှမ်းလာသည်၊နောက်မှာလည်းအထိန်းတော်ဝတ်စုံနဲ့သံဇဉ်ချိုကထီးဖြူကြီးကိုမနိုင်မနင်းသယ်ပြီးဒိုင်ယာရီ့ကိုနေမထိုးအောင်မိုးပေးနေသည်၊အဲ့နောက်မှာတော့အချွေအရံတစ်ချို့ရှိနေပြီးခေါင်းကိုငုံ့ချထားရင်းလိုက်ပါလာသည်၊လမ်းမှာတွေ့တဲ့အစေခံတိုင်းကအရှိန်အဝါကြီးမားလှတဲ့ဒိုင်ယာရီ့ကိုဦးညွှတ်အရိုအသေပေးကြသည်။

သံဇဉ်ချိုကတော့ဒိုင်ယာရီ့ရဲ့အထိန်းတော်ဖြစ်နေလေတာပင်၊သူငယ်ချင်းတွေဖြစ်တဲ့အပြင်မူလဇာတ်ကြောင်းအတိုင်းဆွဲခေါ်ခံထားရတာဖြစ်သည်၊မူရင်းဇာတ်ကြောင်းထဲမှာလည်းဒိုင်ယာရီကသံဇဉ်ချို့ကိုအထိန်းတော်လုပ်စေခဲ့သည်လေ။

[Host ဒီတိုင်းဆက်သွားနေရင်ဒိုင်ယာရီနန်းတက်ပြီး၅လအကြာမှာပဲစိုင်းမဟာတည်နဲ့လက်ဆက်ဖို့အကြောင်းပေါ်လာပါလိမ့်မယ် အခုထိတစ်ယောက်ကိုတစ်ယောက်မသိကြသေးဘူးဆိုပေမဲ့မူလဇာတ်ကြောင်းအတိုင်းလက်ဆက်ဖို့ဖြစ်လာမှာစိုးရိမ်ရပါတယ် ကြိုတင်ပြင်ဆင်ထားဖို့တော့လိုမယ်ထင်တယ်]

ကြိုက်တဲ့ဇာတ်ကြောင်းကိုဆွဲခေါ်သွားပါစေမာရီ၊ငါကတော့ကျိန်းသေပေါက်ဒိုင်ယာရီနဲ့ကြည်နူးရိပ်ကိုပေးစားမယ်၊နောက်ဆုံးကုန်ကုန်ပြောမယ်ဟာ၊မူလဇာတ်ကြောင်းအတိုင်းဆွဲခေါ်ခံသွားရလို့စိုင်းမဟာတည်နဲ့ဒိုင်ယာရီလက်ဆက်ဖို့ဖြစ်လာခဲ့ရင်တောင်အဲ့ဒီစိုင်းမဟာတည်ကိုငါခိုးပြေးပစ်မယ်။

[တော်တော်ပြင်းထန်တဲ့ဆုံးဖြတ်ချက်ပါပဲ]

သံဇဉ်ချိုပြုံးလိုက်ရင်းဒိုင်ယာရီ့ခြေလှမ်းတွေကိုအမှီလိုက်ရတော့သည်။

"စိုးရွံ့မိပေမဲ့အခုဘယ်ကိုကြွမြန်းမှာပါလည်းအရှင်မ"

"ရှင်ဘုရင်မရဲ့နန်းဆောင်ကိုပဲပေါ့"

ငါ့မိဖုရားWhere stories live. Discover now