𝐏𝐚𝐫𝐭.7

1.1K 170 12
                                    

    အပိုင်း(၇)
{မာယာတွေနဲ့တောအတွင်း}

လွန်းလည်းစိတ်တိုနေတာကိုချုပ်ထိန်းပြီးဒိုင်ယာရီ့နောက်ကိုပြေးလိုက်သွားလိုက်သည်၊အတားအဆီး၃ကတော့ရိုးရှင်းသည်၊စုန်းကဝေတွေဖန်တီးထားတဲ့လူတွေနဲ့ဓားရေးတိုက်ခိုက်ရမှာဖြစ်သည်၊၁၀ယောက်၁ယောက်တိုက်ခိုက်ရမှာဖြစ်ပြီးအကယ်၍ပြိုင်ပွဲဝင်ကမတိုက်ခိုက်နိုင်တော့ရင်တကယ်သေဆုံးသွားရမှာဖြစ်သည်၊ဒိုင်ယာရီ့ရှေ့မှာရောက်နှင့်နေတဲ့လူတွေကတော့တိုက်ခိုက်နေပြီဖြစ်တာမို့ဒိုင်ယာရီလည်းမိမိ၏ဓားကိုဆွဲထုတ်လိုက်သည်။

အတားအဆီး၃ကဓားရေးကျွမ်းကျင်မှုကိုစစ်ဆေးတာပဲ။

"ချွင်"

လွန်းပုန်းနေတဲ့သစ်ပင်နားကိုထိုးစိုက်လာတဲ့ဓားတစ်ချောင်းကြောင့်လွန်းမှာအသက်ထွက်တော့မလိုလန့်သွားရသည်၊ဖင်ထိုင်ရက်လေးပြုတ်ကျသွားတဲ့လွန်းကိုဒိုင်ယာရီကတစ်ချက်စိုက်ကြည့်လာပြီး

"ပြိုင်ပွဲဝင်တွေဒီအတာအဆီးမှာရှိနေသေးသ၍မင်းဆီကိုအကျိုးသက်ရောက်မှုတွေရှိလာလိမ့်မယ် ကိုယ့်ကိုကိုယ်ခုခံဖို့အဲ့ဓားကိုယူထား"

ပြောပြီးတာနဲ့ဒိုင်ယာရီကဓားရှည်ကြီးကိုကိုင်ဆွဲကာသူနဲ့တိုက်ခိုက်ရမဲ့လူ၁၀နဲ့ယှဉ်ပြီးတိုက်ခိုက်နေတော့သည်၊လွန်းမှာတော့ထိုင်ရက်လေးလဲကျနေလျက်သားအတိုင်းငူငူလေးကြည့်နေမိသည်။

ဒိုင်ယာရီကပထမဦးဆုံးလူ၁၀ယောက်ရဲ့အလယ်မှာဝင်ရပ်လိုက်စဉ်ယောကျာ်းတစ်ယောက်ကမိမိခါးနားကိုအားပြင်းပြင်းနဲ့လွှဲခုတ်လိုက်လေသည်၊ထိုဓားချက်ကိုဒိုင်ယာရီကခါးကိုလှန်ချ၍‌ရှောင်လိုက်ပြီးမြေပြင်ပေါ်နောက်ပြန်လက်ထောက်အားပြုရင်းထိုလူ့ရဲ့မျက်နှာကိုခြေထောက်နဲ့ပင့်ကန်လိုက်သည်။

"ဒုတ်"

ထိုလူလဲကျသွားတာနဲ့နောက်ထပ်ရောက်လာတဲ့လူတစ်ယောက်ကဒိုင်ယာရီ့ဆီကိုပြေးလာပြီးဓားနဲ့တည့်တည့်ထိုးရန်ပြင်သည်၊ထိုဓားကဗိုက်တည့်တည့်ကိုလာနေတာမို့ဒိုင်ယာရီဘေးကိုရှောင်လိုက်ပြီးဓားကိုင်ထားတဲ့ထိုလူ့ရဲ့လက်ကိုအားနဲ့ဆွဲချကာဗိုက်ကိုဒူးနဲ့တိုက်လိုက်ပြီးဓားရှည်ကြီးကိုမြှောက်လိုက်သည်။

ငါ့မိဖုရားWhere stories live. Discover now