𝐏𝐚𝐫𝐭.22(𝑈𝑛𝑖𝑐𝑜𝑑𝑒)

1.2K 147 20
                                    

  အပိုင်း(၂၂)
{ဝတ္ထုထဲကထွက်ခွာခြင်း}

ကူးပြောင်းခံထားရတဲ့သံဇဉ်ချိုကတကယ့်ကမ္ဘာကိုပြန်ရောက်သွားပြီဖြစ်သည်၊ဝတ္ထုထဲမှာကျန်ခဲ့တဲ့သံဇဉ်ချိုရဲ့ခန္ဓာကိုယ်ကတော့အရင်တုန်းကအတိုင်းဗီလိန်အသေးစားရဲ့စိတ်ဓာတ်တွေပြန်ရောက်လာပြီးပုံမှန်လိုပဲလည်ပတ်နေသည်၊လွန်းနဲ့ခင်ခဲ့ရတဲ့အထိန်းတော်ကြီးမဟုတ်တော့တာမို့ထိုဗီလိန်အသေးစားလေးကိုစကားသွားမပြောဖြစ်ပေ၊လွန်းတို့ရဲ့စိတ်ထားမွန်မြတ်ပြီးချစ်ဖို့ကောင်းတဲ့သံဇဉ်ချိုလေးကတကယ့်ကမ္ဘာကိုပြန်သွားရပြီးယုတ်မာကောက်ကျစ်တဲ့မူလသံဇဉ်ချိုသာဝတ္ထုထဲကျန်ခဲ့သည်၊ထိုဗီလိန်အသေးစားလေးကမူရင်းဇာတ်ကြောင်းအတိုင်းဒိုင်ယာရီ့ကိုမုန်းနေကာအကောက်ကြံဖို့ကြိုးစားနေတုန်းမို့ Systemကိုစောင့်ကြည့်ခိုင်းထားရသည်၊ဘာလို့ဆိုဗီလိန်အသေးစားလေးရဲ့ခန္ဓာကိုယ်ထဲမှာသံဇဉ်ချိုမရှိတော့တာမို့အရင်အတိုင်းဗီလိန်ဆန်တဲ့လုပ်ရပ်တွေစလုပ်တော့မှာပင်၊

(နားလည်ရဲ့လားမသိဘူး😘)

လွန်းလည်းကြည်နူးရိပ်ခန္ဓာကိုယ်ကနေထွက်ခွာသွားရရင်ကြည်နူးရိပ်ရဲ့စိတ်ဓာတ်တွေပြန်ရောက်လာပြီးမူလဇာတ်ကြောင်းအတိုင်းဒိုင်ယာရီ့ကိုအကောက်ကြံနိုင်သည်၊အဲ့လိုသာဆိုရင်ဒိုင်ယာရီဘယ်လိုများနေမလည်းစဉ်းစားလို့ပင်မရ။

[သူ့ဟာနဲ့သူတော့အဆင်ပြေသွားမှာပါHostရယ် တွေးပူနေရင်Hostပဲစိတ်ဆင်းရဲရမှာ]

လွန်းလည်းသက်ပြင်းကိုထပ်ချလိုက်ကာစားပွဲပေါ်ကိုခေါင်းလေးလှဲချလိုက်သည်၊တစ်ပတ်ဆိုတဲ့အချိန်လေးကတိုတောင်းလွန်းတာမို့အချိန်တိုင်းဒိုင်ယာရီနဲ့အတူရှိနေမယ်လို့ဆုံးဖြတ်ပြီးလွန်းနန်းဆောင်ထဲကနေထွက်လာခဲ့လိုက်သည်၊ဒိုင်ယာရီကဘုရင်မနန်းဆောင်အတွင်းကပန်းခြံလေးထဲမှာထိုင်ရင်းစာအုပ်တစ်အုပ်ကိုဖတ်နေသည်၊ခပ်လှမ်းလှမ်းမှာတော့အစေခံများနဲ့အတူရပ်နေတဲ့မူလသံဇဉ်ချိုရှိပြီးဒိုင်ယာရီ့ကိုမနာလိုမုန်းထားတဲ့မျက်လုံးတွေနဲ့စူးစူးရဲရဲစိုက်ကြည့်နေသည်၊

ငါ့မိဖုရားWhere stories live. Discover now