𝐏𝐚𝐫𝐭.3

1.4K 207 9
                                    

                           အပိုင်း(၃)
         {ငါ့လက်ထဲကဇာတ်လိုက်ကောင်ရဲ့
                      ဆံပင်ကျွတ်များ}

"System အခုငါရောက်နေတာကဇာတ်လမ်းရဲ့ဘယ်အခန်းလောက်မှာလည်း"

[ဘုရင်ထီးနန်းလွှဲအပ်ဖို့တစ်နှစ်အလိုမှာပါHost နောက်သုံးလလောက်ဆိုရင်ပြိုင်ပွဲဝင်ပြိုင်မဲ့လူတွေကိုစရင်းကောက်တော့မှာပါ အဲ့တာကြောင့်Hostနဲ့ဇာတ်လိုက်မကနောက်သုံးလလောက်နေရင်နန်းတော်ကကျင်းပမဲ့ပွဲတော်မှာမျက်နှာချင်းဆိုင်စတွေ့ပါပြီ]

"ဒါဆို ဇာတ်လိုက်ကောင်နဲ့ဇာတ်လိုက်မရဲ့အခြေအနေက"

[သူတို့မတွေ့ကြသေးပါဘူးHost ဇာတ်လမ်းအတိုင်းဆိုနောက်တစ်လလောက်နေမှဇာတ်လိုက်မင်းသားနဲ့မင်းသမီးကစတွေ့ကြမှာပါ]

ဒါဆိုဇာတ်လိုက်ကောင်နဲ့ဇာတ်လိုက်မကနောက်လကျမှတွေ့ဖူးမှာပေါ့၊ဒါဆိုဒီကြားထဲလွန်းတစ်ယောက်တော့အသက်ရှူချောင်ဦးမည်၊လွန်းကဗီလိန်နေရာကရထားတာမို့တစ်ခြားလူတွေကိုဗီလိန်ဆန်ဆန်ပြုမူရပေမဲ့ဇာတ်လိုက်မကတော့ချွင်းချက်ပင်၊ဘာလို့ဆိုဇာတ်လိုက်မဒိုင်ယာရီကိုသွားဖြဲရင်လွန်းသေသွားနိုင်သည်လေ။

"အား အိပ်ချင်လိုက်တာနော် ငါကောင်းကောင်းအနားယူထားရမယ်"

[ကောင်းကောင်းအနားယူပါHost]

ဒီရှေ့ဆိုHostခွေးပြေးဝက်ပြေး ပြေးရတော့မယ်မလား။
.. ..
သံဇဉ်ချိုတစ်ယောက်ဇာတ်လိုက်မနဲ့၆ပေအကွာလောက်ကနေလိုက်နေရင်းဒူးတွေကလည်းတဆတ်ဆတ်တုန်ရီနေလေသည်။

"အဲ့မှာဘာလုပ်နေတာလည်း လာလေမြန်မြန်"

ဒိုင်ယာရီရဲ့ခေါ်သံကြောင့်သံဇဉ်ချိုတစ်ယောက်လန့်သွားကာဘေးကသစ်ပင်ကိုပြေးပြီးခွတက်လိုက်လေသည်၊ဒိုင်ယာရီကတော့စိမ်းဖန့်ဖန့်မျက်လုံးတွေနဲ့သံဇဉ်ချို့ကိုအထူးအဆန်းလိုကြည့်ပြီးမျက်မှောင်ကျုံ့နေသည်၊ဒီရက်ပိုင်းထူးခြားနေတဲ့သံဇဉ်ချိုကြောင့်ဒိုင်ယာရီနားမလည်နိုင်ဖြစ်နေလေသည်၊သိပ်ပြီးလည်းအရေးကြီးတဲ့ကိစ္စမဟုတ်၍ဓားရှည်ကိုဆတ်ကနဲမြှောက်ကိုင်လိုက်ရင်းခြေလှမ်းကြဲများနဲ့အရှေ့ကနေထွက်လာလိုက်သည်။

ငါ့မိဖုရားWhere stories live. Discover now