𝐏𝐚𝐫𝐭.5

1.2K 178 8
                                    

အပိုင်း(၅)
{ငါလေးကဇာတ်လိုက်မရဲ့ရင်ခွင်ထဲမှာ}

[Host ဇာတ်လိုက်မကိုတွန်းထုတ်လိုက်ပါတော့! လူတွေအကုန်လုံးဝိုင်းကြည့်နေကြပြီ]

လွန်းလည်းSystemရဲ့အသံကြားမှလက်ရှိကိုသတိပြိုမိပြီးမိမိကိုအတင်းနမ်းရှိုက်နေတဲ့ဒိုင်ယာရီရင်ဘတ်ကျယ်ကျယ်ကိုလက်ဖနောင့်လေးနဲ့တွန်းကန်လိုက်မိသည်။

"အွန့်"

ဒိုင်ယာရီမှာလည်းအတင်းရုန်းလာတဲ့မိန်းမငယ်လေးကြောင့်နမ်းနေတာကိုရပ်တန့်ပေးလိုက်သည်၊နှုတ်ခမ်းချင်းကွဲကွာသွားမှအသိစိတ်ဝင်လာတဲဒိုင်ယာရီကလွန်းကိုကြောင်အစွာစိုက်ကြည့်ရင်းသူ့နှုတ်ခမ်းသူပြန်ကိုင်ကြည့်နေလေသည်၊ဒိုင်ယာရီဘယ်လိုစိတ်နဲ့များသူ့ရှေ့ကမိန်းကလေးကိုနင့်နင့်သီးသီးနမ်းလိုက်မိလည်းမသိတော့ပေ၊

လွန်းလည်းမျက်နှာခပ်ရဲရဲလေးဖြင့်ဒိုင်ယာရီ့ကိုမဝံ့မရဲမော့ကြည့်ပြီးခန်းမထဲကနေထွက်ပြေးလာလိုက်သည်၊ဒိုင်ယာရီကတော့လွန်းထွက်သွားတာကိုလည်းသတိမထားမိပဲငြိမ်သက်စွာတောင့်တောင့်ကြီးရပ်ပြီးကျန်ခဲ့လေတော့၏၊

"ဒိုင်ယာရီ နင် နင်ဘယ်လိုဖြစ်သွားတာလည်း"

အင်မတန်ရိုးသားဖြူစင်တဲ့ပုံစံလေးနဲ့အနားရောက်လာတဲ့သံဇဉ်ချိုကမျက်လုံးလေးများပြူးကျယ်လျက်ရှိသည်၊ဒိုင်ယာရီလည်းမျက်နှာတည်နဲ့သာခန်းမအတွင်းကလူတွေကိုဝေ့ကြည့်ရင်းခြေလှမ်းကြဲများနဲ့ထွက်လာခဲ့လိုက်သည်၊သံဇဉ်ချိုကတော့လှစ်ကနဲနှုတ်ခမ်းတစ်ဖက်တွန့်ကွေးအောင်ပြုံးရင်းဒိုင်ယာရီ့နောက်ကနေပြေးလိုက်သွားတော့၏။

[ဇာတ်လိုက်မင်းသမီးဒိုင်ယာရီနဲ့ဗီလိန်ဇာတ်ကောင်ကြည်နူးရိပ်ရဲ့ပထမဦးဆုံးအနမ်းဖြစ်ပေါ်လာအောင်လုပ်ဆောင်ခဲ့တဲ့အတွက်Host Missionအောင်မြင်ပါတယ်နော် အခုဆိုဒိုင်ယာရီကဗီလိန်ဇာတ်ကောင်အပေါ်သတိထားမိသွားပါပြီ Mission အောင်မြင်မှုအတွက် Points 1000ရရှိပါတယ် စုစုပေါင်းHostမှာ Points 1250ရှိနေပါတယ်နော်]

ကျေးဇူးပဲမာရီ၊ငါမပြောဘူးလား အရင်းရှိမှအမြတ်ရှိမှာလို့။

ငါ့မိဖုရားWhere stories live. Discover now