𝐏𝐚𝐫𝐭.21

1.1K 140 28
                                    

  အပိုင်း(၂၁)
{နောက်ဆုံး Mission}

[Hostအတွက်နောက်ဆုံး Missionရှိပါတယ်]

နိုးနိုးချင်းကြားလိုက်ရတဲ့Systemရဲ့အသိပေးစကားကြောင့်လွန်းထိတ်လန့်သွားရသည်၊နောက်ဆုံး Mission ဆိုတဲ့စကားကိုထိတ်လန့်မိတယ်ဆိုရင်ပိုမှန်လိမ့်မယ်ထင်သည်။

လွန်းရဲ့ဘေးမှာအိပ်မောကျနေတဲ့ဒိုင်ယာရီ့ကိုတွေတွေလေးကြည့်လိုက်မိပြီးကုတင်ပေါ်ထထိုင်မိလိုက်သည်။

နင်ပြောမဲ့စကားကိုဆက်ပြောSystem။

[‌အခုပေးမဲ့ Missionကနောက်ဆုံးပါပဲ ဒီ Missionအောင်မြင်သွားတာနဲ့ဒီထဲကနေHostထွက်သွားလို့ရပါပြီ]

လွန်းရဲ့မျက်လုံးတွေဝေဝါးလာပြီးပါးပြင်ပေါ်မျက်ရည်တို့စီးကျလာခဲ့သည်၊သူ့ဘေးနားကနေဘယ်ကိုမှထွက်မသွားချင်တော့ပါဘူးလို့ဝန်ခံပြီးတော့မှထွက်သွားရတော့မယ်တဲ့လား၊လွန်းသူနဲ့နေရတာခဏလေးပဲရှိပါသေးသည်၊ခဏလေးလောက်ပဲပျော်ရွှင်နေခဲ့ရတဲ့အချိန်တိုလေးကိုတကယ်မစွန့်ခွာနိုင်သေးပေ၊ပြောတော့အသက်ပြန်ရှင်ဖို့ကမလွယ်ကူဘူးဆို၊အခုတော့လွန်းမြင်နေရတာကအရမ်းကိုလွယ်ကူပြီးမြန်ဆန်လွန်းနေ‌သည်လေ။

System နင်ငါ့ကိုလိမ်ပြောနေတာမလား၊ငါကလွယ်လွယ်နဲ့အသက်ပြန်ရှင်လို့မရဘူးလေ၊ငါ Missionတွေအများကြီးကိုလုပ်ရဦးမယ်လို့နင်ပြောစမ်းပါ၊ငါနောက်ဆိုနင့်ကိုပြန်မအော်တော့ပါဘူး၊နင်ခိုင်းတဲ့အရာမှန်သမျှကိုလည်းငါသေချာလုပ်ပေးမှာမို့ငါ့ကိုပြန်မပို့ပါနဲ့နော်၊ငါတောင်းပန်ပါတယ်။

[Hostရယ်]

ဘာမှမသိပဲအိပ်ပျော်နေတဲ့ဒိုင်ယာရီ့ကိုကြည့်ပြီးလွန်းပိုလို့ဝမ်းနည်းလာရသည်၊ဒီလူသားကလွန်းမရှိရင်မနေနိုင်ပါဘူးလို့ပြောထားတာကိုလွန်းကထွက်သွားရမှာတဲ့လား၊

[ဒါကပုံရိပ်ယောင်သက်သက်ပဲလေHostရယ် ဒီကမ္ဘာကနေHostထွက်သွားတာနဲ့အားလုံးကသူ့ဘာသာပြီးဆုံးသွားမှာပါ]

နင်မှမခံစားတတ်ပဲ၊နင်မခံစားဖူးတော့ငါဖြစ်နေတဲ့အရာကိုဘယ်နားလည်မလည်း၊ဒိုင်ယာရီကပုံရိပ်ယောင်ဆိုရင်တောင်ငါကသူ့ကိုချစ်နေတာလေ၊ငါသူ့ဘေးကနေဘယ်ကိုမှထွက်မသွားချင်ဘူး၊သူကပုံရိပ်ယောင်ဖြစ်နေရင်တောင်ခံစားတတ်တဲ့နှလုံးသားရှိတယ်၊သူနာကျင်နေမှာကိုငါမှမကြည့်ရက်တာ။

ငါ့မိဖုရားWhere stories live. Discover now