𝐏𝐚𝐫𝐭.33(Final)

3K 202 29
                                    

အပိုင်း(၃၃)
{ဇာတ်သိမ်းပိုင်း}

မင်္ဂလာပွဲထဲကိုလွန်းတို့ရောက်တာနဲ့သံဇဉ်ချိုရဲ့အမေကအပြေးရောက်လာသည်၊မင်္ဂလာပွဲကမစသေးပေမဲ့လို့စောစောလာပြီးကူညီစရာရှိတာကူညီရအောင်ထွက်လာခဲ့ကြတာပင်၊ဘေးမှာဒိုင်ယာရီလည်းရှိနေပြီးထုံးစံအတိုင်းရေခဲရိုက်မျက်နှာနဲ့အတည်လိုက်ကြီးရပ်နေသည်။

"သမီးတို့ လာကြလေကွယ်"

"သတိုးသမီးတွေရော အဆင်သင့်ဖြစ်နေကြပြီလားအန်တီ"

"အဟင်း သမီးအမရာလေးကအလှပြင်နေတယ်လေ အိမ်ကဟာမလေးကတော့ပြီးပြီထင်တယ် အမရာလေးအလှပြင်တဲ့အခန်းနားမှာဝေ့လည်ကြောင်ပတ်နဲ့သွားရပ်နေတယ် သမီးသူငယ်ချင်းဆီလိုက်သွားလိုက်လေ"

"ဟုတ်ကဲ့ ဒါဆိုသမီးသံဇဉ်ချို့နောက်ကိုလိုက်သွားလိုက်ပါဦးမယ်"

သံဇဉ်ချို့အမေကိုနှုတ်ဆက်ပြီးလွန်းအလှပြင်တဲ့အခန်းဘက်ကိုထွက်လာခဲ့လိုက်သည်၊ဘေးမှာရပ်နေတဲ့ဒိုင်ယာရီ့လက်မောင်းကိုချိတ်တွယ်ဖို့လည်းမမေ့၊လွန်းကတော့လူတွေဘယ်လောက်ပဲရှိနေပါစေအရှင်မရဲ့လက်မောင်းကိုချိတ်တွယ်ပြီးဖြတ်လျှောက်ရဲသည်၊လွန်းကမိဖုရားမလား၊မိဖုရားတစ်ပါးကသူ့ရဲ့အရှင်သခင်ကိုတော့အားကိုးရမှာပဲ၊အခုလိုမျိုးအရာရာမှာတော်ပြီးရဲရင့်တဲ့လူမျိုးကိုရထားတော့ပိုပြီးအားကိုးသင့်သည်လေ။

"အရှင်မ အားကျလားဟင်"

လွန်းကပန်းဆီရောင်နှုတ်ခမ်းလေးကိုကော့တက်ရုံပြုံးရင်းဒိုင်ယာရီ့ကိုမော့ကြည့်လာသည်၊မိတ်ကပ်အနည်းငယ်လိမ်းထားတာကြောင့်မှုန်ညက်ညက်ပါးပြင်လေးကိုအသာဆွဲဖဲ့လိုက်ရင်းဒိုင်ယာရီအေးအေးဆေးဆေးပင်ခေါင်းခါပြလိုက်သည်။

"ငါတို့ကလက်ဆက်ပြီးပြီပဲလေ တစ်တိုင်းပြည်လုံးရှေ့မှာခမ်းခမ်းနားနားနဲ့မင်းကိုဧကရီတင်မြှောက်ခဲ့တာ ငါ့မိဖုရားအဖြစ်လူတိုင်းကိုကြေညာပြီးသား ငါတို့ရဲ့မင်္ဂလာပွဲလောက်ဘယ်သူတွေရဲ့မင်္ဂလာပွဲကအားကျစရာကောင်းဦးမှာလည်း"

လွန်းရဲ့ပါးလေးနှစ်ဖက်မှာအနီရောင်လှိုင်းလေးဖြတ်ပြေးသွားရရင်းဒိုင်ယာရီ့လက်မောင်းကိုပိုပြီးတိုးဖက်လိုက်သည်၊ဒိုင်ယာရီပြောတာကလည်းအမှန်တရားပင်၊ဘယ်သူတွေဘယ်လောက်ပဲမင်္ဂလာဆောင်ဆောင်လွန်းကတော့အားမကျမိ၊လွန်းတို့ကဒီ့ထက်တောင်ပိုပြီးခမ်းနားခဲ့သည်မလား၊တိုင်းသူပြည်သားတွေရဲ့လိုလိုလားလားဆုတောင်းပေးသံတွေနဲ့အတူကျော်ဖြတ်ခဲ့ရတဲ့မင်္ဂလာပွဲကဘာတွေထပ်ပိုပြီးတန်ဖိုးရှိဦးမှာလည်း၊လွန်းကိုတမြတ်တနိုးနဲ့ဂရုတစိုက်ကြည့်နေတဲ့အရှင်မ၊ပြီးတော့လွန်းကိုလိုလိုလားလားလက်ခံပေးကြတဲ့ပြည်သူတွေ၊နှစ်ဦးသားကိုမျက်ရည်ဝဲနေသောမျက်လုံးတွေနဲ့ကြည့်ရင်းအသံကုန်အော်ဟစ်ဆုတောင်းပေးကြတဲ့ပြည်သူတွေထပ်ဘယ်အရာကမှတန်ဖိုးမရှိနိုင်ပေ၊ပြည်သူတွေကလက်ခံတဲ့ဧကရီ၊ဘုရင်မကိုယ်တိုင်ကတန်ဖိုးထားတဲ့ဧကရီ။

You've reached the end of published parts.

⏰ Last updated: Jun 23, 2023 ⏰

Add this story to your Library to get notified about new parts!

ငါ့မိဖုရားWhere stories live. Discover now