အပိုင်း(၃၁)
{ဈေးတန်းသို့လျှောက်လည်ခြင်း}သံဇဉ်ချိုအောက်ထပ်ကိုဆင်းလာပြီးဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ရင်းTVကြည့်နေလိုက်သည်၊ဒီရက်ပိုင်းလွန်းဆီကိုလည်းသိပ်မရောက်ဖြစ်ပဲသံဇဉ်ချိုဒုက္ခများနေသည်လေ၊အမရာနဲ့အတူအပြင်ကိုနေ့စဉ်နေ့တိုင်းချောင်းပေါက်မတတ်ထွက်နေရလွန်းလို့ခြေလည်းတိုတော့မည်၊လွန်းကလည်းအရင်လိုတော့အထီးကျန်နေမယ်မထင်မိတော့ပေ၊ဘာလို့ဆိုသူ့ဘေးမှာဒိုင်ယာရီတစ်ယောက်လုံးရှိနေတော့အဆင်ပြေမှာသေချာသည်၊သံဇဉ်ချိုလည်းအမရာတစ်ယောက်ထဲနဲ့နေ့စဉ်မအားလပ်ရပဲအပြင်လိုက်ပို့ပေးနေရသည်၊အဲ့ဟာလေးကသူ့အိမ်သူပြန်ဖို့စိတ်ကူးရောရှိသေးရဲ့လားမသိပေ။
"သမီးအမရာ ဆင်းခဲ့တော့လေ နေမပူတုန်းလေးသွားမှအဆင်ပြေမှာ"
"လာပြီ အန်တီ"
အမေနဲ့အတူအမရာကဘုရားသွားမလို့ထင်သည်၊ခဏကြာတော့အမရာကလှေကားကနေအောက်ကိုဆင်းလာခဲ့သည်၊အမှတ်တမဲ့အမရာ့ကိုသံဇဉ်ချိုလှမ်းကြည့်မိရင်းခဏတာငေးခနဲဖြစ်သွားရတာကိုဝန်ခံသည်၊ဒီမှာနေတဲ့တလျှောက်လုံးလူငယ်ဆန်ဆန်ခပ်ဟော့ဟော့နေတတ်တဲ့အမရာကအခုတော့ရင်ဖုံးအင်္ကျီနဲ့ချိတ်လုံချည်ကိုရိုးရိုးလေးဝတ်ဆင်ထားသည်၊ကျက်သရေရှိတဲ့အသွင်အပြင်နဲ့ဝတ္ထုထဲကအမရာစံထားကိုပြန်မြင်လိုက်ရသလိုပင်၊ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲသံဇဉ်ချို့ရင်ဘတ်ထဲကနေတဒုတ်ဒုတ်နဲ့ဆက်တိုက်ဆိုသလိုအသံတို့ဆူညံသွားခဲ့သည်၊ကိုယ့်ရင်ဘတ်ကိုပြန်အုပ်ပြီးကပျာကယာဖြစ်နေတဲ့သံဇဉ်ချိုကအမရာ့ဆီကနေအကြည့်လွှဲလိုက်တော့သည်။
သူအခုအမရာ့ကြောင့်ရင်ခုန်သွားတာလား။
"အစ်မ ကျွန်မအန်တီနဲ့ဘုရားကိုလိုက်သွားလိုက်ဦးမယ်နော်"
"သွား သွားပေါ့ ဘာလို့ငါ့ကိုလာပြောနေတာလည်း..!"
အမရာ့ကိုပိတ်ဟောက်ပြီးအိမ်ပေါ်ကိုတက်လာခဲ့လိုက်သည်၊ဘာအပြစ်မှလည်းမလုပ်ပဲအအော်ခံလိုက်ရတဲ့အမရာကတော့သံဇဉ်ချို့ကျောပြင်ကိုကြည့်ပြီးကျန်နေခဲ့ရသည်၊အမရာ့ကိုဆိုဘယ်တော့မှအကောင်းမမြင်တတ်တဲ့သံဇဉ်ချိုကဘာတွေကိုကြည့်မရဖြစ်နေလည်းမသိ။
![](https://img.wattpad.com/cover/340494234-288-k566322.jpg)
YOU ARE READING
ငါ့မိဖုရား
Romanceဟာသ။ ရိုမန့်တစ်။ ဤဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပြီးပါဝင်သောဇာတ်ဝင်ခန်းများကလည်းစာရေးသူ၏အတွေးပုံရိပ်များသာဖြစ်သည်🙏🙏။ System Ficလေးဖြစ်ပြီးဟာသနဲ့ရိုမန့်တစ်ဖြစ်လို့ပေါ့ပေါ့ပါးပါးလေးသွားကြတာပေါ့။