𝐏𝐚𝐫𝐭.12

1.1K 166 12
                                    

   အပိုင်း(၁၂)
{လွန်းနဲ့ဗီလိန်အသေးစားလေးသံဇဉ်ချိုရဲ့အဖြစ်မှန်ပေါ်ပေါက်မှု}

လွန်းရဲ့သတိ‌မေ့နေတဲ့မလှုပ်မယှက်ကိုယ်လုံးလေးကဘုရင်မရဲ့ကုတင်ထက်ဝယ်ငြိမ်သက်စွာရှိနေလေသည်၊ဒိုင်ယာရီကတော့ဘေးမှာစာဖတ်လျက်ရှိသည်။

ခဏလောက်ကြာတော့လွန်းကသတိရလာတာမို့လူးလွန့်လာလေသည်၊

[Host သတိရလာပြီလား]

လွန်းအသိစိတ်ရလာတာနဲ Systemရဲ့အသံကိုအရင်ဆုံးကြားလိုက်ရပြီးခမ်းနားတဲ့အသွင်အပြင်နဲ့မျက်နှာကျက်ကိုမြင်လိုက်ရသည်၊လွန်းဘယ်ကိုရောက်နေလည်းကောင်းကောင်းမစဉ်းစားနိုင်သေးခင်ပဲကြားလိုက်ရတဲ့အေးစက်စက်အသံတစ်ခု။

"နိုးနေရင်လည်းနန်းဆောင်ထဲကထွက်သွားတော့..!"

အခုမှဒိုင်ယာရီ့နန်းဆောင်ထဲရောက်နေမှန်းသိတဲ့လွန်းကကုတင်ပေါ်ကနေအမြန်ဆင်းလိုက်လေသည်၊ပြီးမှအတုန်တုန်အရီရီနဲ့ဒိုင်ယာရီ့ကိုအရိုအသေပေးလိုက်သည်၊ဒါကိုဒိုင်ယာရီကမသိမသာငုံ့ကြည့်ပြီးစာဖတ်ချင်ယောင်ဆောင်နေကာမျက်နှာထားကလည်းတင်းမာလျက်။

"ကျွန်တော်မျိုးမမှာအပြစ်ရှိကြောင်းပါအရှင်မ အတင့်ရဲတဲ့အပြုအမူတွေကိုလုပ်ခဲ့မိလို့အပြစ်ပေးခံရသင့်ပါတယ်"

"ထွက်သွားတော့"

လွန်းကဒိုင်ယာရီ့ကိုမျက်လုံးသေလေးတွေနဲ့တစ်ချက်ပြန်မော့ကြည့်လာသည်။

"ဒါဆို..ဒီလောက်နဲ့ပဲပြန်လိုက်ပါတော့မယ်"

နောက်မှလွန်းလည်းကြမ်းပြင်ပေါ်ဝပ်နေရာကနေထရပ်ပြီးနန်းဆောင်ထဲကထွက်ရန်ပြင်လိုက်သည်၊ထွက်သွားတဲ့လွန်းရဲ့ကျောပြင်ကိုကြည့်ပြီးအလိုမကျဖြစ်သွားတဲ့ဒိုင်ယာရီ့လက်တွေကလက်သီးဆုပ်အဖြစ်ပြောင်းလဲသွားသည်။

"မင်းမှာအပြစ်ရှိရင်အခုပဲအပြစ်ပေးခံရမှာပေါ့ နန်းဆောင်ရှေ့မှာဒူးထောက်ထိုင်နေ ငါမထခိုင်းပဲမထနဲ့"

လွန်းကဒိုင်ယာရီ့ကိုပြန်လှည့်ကြည့်လာသည်၊မကျေနပ်သလိုနှုတ်ခမ်းလေးစူချင်နေပေမဲ့ဒိုင်ယာရီ့ကိုကြောက်ရ၍နန်းဆောင်ထဲကနေဆောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားလေသည်။

ငါ့မိဖုရားWhere stories live. Discover now