𝐏𝐚𝐫𝐭.1

2.9K 212 27
                                    

𝑈𝑛𝑖𝑐𝑜𝑑𝑒

အပိုင်း(၁)
{ဘာများမှားလို့လည်း}

(𝐈𝐧𝐭𝐫𝐨 ဖတ်ပါ)

[Hostနည်းနည်းလေးမှမထိတ်လန့်ဘူးလား ကျွန်တော်အရင်ကကြုံခဲ့ရတဲ့Hostတွေဆို သူတို့ကိုပြန်ပို့ပေးပါဆိုပြီးတိုင်ကိုဖက်ပြီးအော်ငိုနေတာ]

"ငါကဘာလို့ထိတ်လန့်ရမှာလည်း ဒါကငါအသက်ပြန်ရှင်ဖို့အဓိကအခွင့်အရေးပဲလေ နင်တို့ပေးတဲ့Missionတွေကိုသေချာပြီးမြှောက်အောင်လုပ်ပြီးငါ့ကမ္ဘာမှာကျိန်းသေအသက်ပြန်ရှင်မယ် နင်သိထားရမှာကငါကလုံးဝအရှုံးမပေးဘူး ကျိန်းသေ ကျိန်းသေပေါက်အားလုံးကိုအနိုင်ယူပြီးဒီကမ္ဘာကနေထွက်ခွာမယ်"

လွန်းရဲ့စကားကြောင့်Systemမှာစိတ်ထဲကနေချီးကျူးလိုက်မိသည်၊ဒီလိုဆိုတော့Systemလည်းအရင်Hostတွေတုန်းကလိုအတင်းအကျပ်Missionထမ်းဆောင်ဖို့မတိုက်တွန်းရတော့ဘူးပေါ့၊ဒီHostကအရမ်းကိုစိတ်အားထက်သန်နေသည်လေ။

"ဒါနဲ့ငါ့ဇာတ်ကောင်နာမည်ကဘာလည်းSystem"

[အဟမ်း! Hostရထားတဲ့ဇာတ်ကောင်နာမည်ကကြည်နူးရိပ်ပါHost]

"ကြည်နူးရိပ်ဟုတ်လား ဝါး! အရမ်းကိုအေးချမ်းလွန်းတဲ့နာမည်လေးပဲ ဒီမှာSystemငါရထားတဲ့ကြည်နူးရိပ်ဇာတ်ကောင်လေးကအရမ်းအေးချမ်းလွန်းတဲ့ကြာပန်းဖြူလေးမလား စောက်ရမ်းချောနေမှာတော့ပြောစရာမလိုဘူး အဟား!"

Systemမှာဒီတစ်ခါတော့လွန်းကိုဘာမှပြန်မပြောပဲတိတ်ဆိတ်နေလေသည်၊နားထဲ၌လည်းလွန်းပြောသွားတဲ့'အရမ်းအေးချမ်းလွန်းတဲ့ကြာပန်းဖြူလေး'ဆိုတဲ့စကားကိုထပ်တလဲလဲကြားယောင်နေမိတော့သည်၊အေးချမ်းချက်ကတော့၁၂ရာသီလုံးလူယုတ်မာပြုံးကြီးပြုံးနေတတ်တဲ့ကြည်နူးရိပ်ပါလေ။

ထိုစကားကိုတော့Systemလေးကသူ၏Hostကိုထုတ်ဟမပြောဖြစ်ခဲ့ပေ၊

[ဟုတ်ပါတယ်Host Hostကအရမ်းချောပါတယ်]

"အဟင်း! နင်ပြောစရာမလိုပါဘူးငါကငါနေတဲ့ကမ္ဘာမှာလည်းစောက်ရမ်းချောစောက်ရမ်းလှတာ အဲ့တော့အခုလိုငါရထားတဲ့ဇာတ်ကောင်ကလည်းကျိန်းသေချောမယ်ဆိုတာအလိုလိုသိနေတယ်"

ငါ့မိဖုရားDonde viven las historias. Descúbrelo ahora