𝐏𝐚𝐫𝐭.18

1.2K 180 29
                                    

  အပိုင်း(၁၈)
{မိဖုရားတင်မြှောက်ပြီ}

"ဒါလေးကတော့နူးနူးအိအိဖဲသားလေးနဲ့အရောင်နှစ်မျိုးကိုစပ်ဆက်ချုပ်ထားတာပါအရှင်မ အနီရောင်နဲ့ရွှေရောင်ကိုရောစပ်ထားတဲ့အတွက်အမြင်ဆန်းပြီးကျက်သရေရှိနေမှာပါ မိဖုရားဆိုတော့ရွှေရောင်လေးနဲ့တင့်တယ်ပါတယ်အရှင်မ ရွှေရောင်သီးသန့်လည်းရှိပါသေးတယ်"

"ဟူး တစ်ခုမှမကြိုက်ဘူး"

သံဇဉ်ချို့လက်ထဲကဝတ်ရုံစကနောက်ဆုံးဝတ်ရုံစပင်ဖြစ်သည်၊အပျိုတော်တွေတသီတတန်းကြီးကိုင်ထားတဲ့ဝတ်ရုံစတွေကဒါနောက်ဆုံးပဲဖြစ်သည်၊ရှေ့ကဟာတွေကိုတစ်ခုမှသဘောမကျဘူးပဲပြောနေတဲ့ဒိုင်ယာရီ့ကြောင့်သံဇဉ်ချိုစိတ်ကိုမနည်းလျှော့ချထားရသည်။

"မိဖုရားတင်မြှောက်ပွဲအမှီဝတ်ရုံစကိုသေချာပြင်ဆင်ခိုင်းလိုက်ပါ ချုပ်လုပ်ရမဲ့ပုံစံကိုအခုပဲပြောမယ် သေချာလိုက်မှတ်ကြ တစ်ခုမှမလွဲစေနဲ့"

"မှန်လှပါ"

သံဇဉ်ချိုလည်းအပျိုတော်‌တစ်ယောက်ကိုသေချာလိုက်မှတ်ခိုင်းထားလိုက်သည်။

"ဒီတိုင်းပြည်ကအကောင်းဆုံး၊အရည်အသွေးအမြင့်ဆုံးဆိုတဲ့တန်ဖိုးကြီးပိုးသားကိုသုံးပြီးတစ်ခုချင်းအသေးစိတ်ချုပ်လုပ်ပါ အရောင်ကိုအနီရောင်လေးသုံးပြီးဝတ်ရုံစရဲ့အပေါ်မှာတော့နှုတ်ခမ်းလိုအပွင့်လေးတွေပုံဖော်ပေးဖို့ပြောလိုက်"

"ဘာ ဘာပြောလိုက်တာပါလည်းအရှင်မ ကျွန်တော်မျိုးမနားကြားများမှားသွားသလားမသိပါဘူး နှုတ် နှုတ်ခမ်းဆိုလား"

"အထိန်းတော်ကြီးနားကြားမှားတာမဟုတ်ပါဘူး တကယ်ဝတ်ရုံပေါ်မှာနှုတ်ခမ်းလိုအပွင့်ထည့်ခိုင်းတာ နှုတ်ခမ်းလေးတွေကိုချစ်ဖို့ကောင်းအောင်ပုံဖော်ပြီးသေးသေးလေးတွေပဲချုပ်လုပ်၊ အရမ်းကြီးရင်အမြင်မကောင်းဘူး အသေးစိတ်နဲ့သေချာအသေးလေးတွေထည့်ခိုင်းလိုက်ပါ ငါ့မိဖုရားကငါ့ကိုနှုတ်ခမ်းနဲ့ပဲဖမ်းစားသွားတာမို့"

သံဇဉ်ချိုလည်းခိုးပြီးပြုံးလိုက်မိသည်၊သူတို့နှစ်ယောက်ကိုတွေ့တွေ့ချင်းနမ်းအောင်လုပ်လိုက်တာသံဇဉ်ချိုဖြစ်နေလို့ပင်။

ငါ့မိဖုရားWhere stories live. Discover now