𝐏𝐚𝐫𝐭.24

1.1K 151 10
                                    

  အပိုင်း(၂၄)
{မမျှော်လင့်ထားသောအပြောင်းအလဲ}

လွန်းတစ်ယောက်မနက်စောစောရေချိုးလိုက်ပြီးအောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်၊စောစောစီးစီးအိမ်ကိုရောက်နေတဲ့အပြုံးကတော့အမေဖြစ်သူနဲ့စကားပြောနေသည်မှာရပ်ကိုမရပ်တော့ပေ၊အိမ်ပေါ်ကဆင်းလာတဲ့လွန်းကိုမြင်တော့အမေဖြစ်သူကစကားစလာသည်။

"ဟိုမှာ အပြုံးရဲ့မမလွန်းလာပြီ"

"မမလွန်းနိုးလာပြီ"

အပြုံးကလွန်းကိုပြေးဖက်လာသည်၊ကလေးမလေးကိုခေါင်းလေးအသာပွတ်ပေးလိုက်ပြီးမီးဖိုချောင်ထဲခေါ်လာလိုက်သည်၊အပြုံးကိုမုန့်ကျွေးပြီးလွန်းလည်းနည်းနည်းပါးပါးစားလိုက်ရသည်၊တသက်လုံးသူ့ကိုလွမ်းနေရဦးမှာမလို့လွန်းသေသွားလို့မဖြစ်ပေ။

ဒါကြောင့်မို့အစားတော့ပုံမှန်စားမည်၊အပြုံးလေးကလည်းလွန်းကျွေးသမျှမုန့်လေးတွေကိုကလေးပီပီအားရပါးရစားသည်၊လွန်းသတိရလာတည်းကအရင်လိုမျိုးအပြုံးကလိုက်မစတော့ပေ၊ကလေးငယ်လည်းလွန်းအခုလိုကိုမာဝင်သွားတာကိုအတော်လေးလန့်သွားတယ်ထင်သည်၊လွန်းကိုအရင်ထက်ပိုခင်တွယ်လာကာအနားမှာအချိန်တိုင်းရှိနေပြီးစကားတွေတတွတ်တွတ်နဲ့ပြောနေ၍အထီးကျန်တာမျိုးတော့မရှိပေ။

"စားကောင်းလားအပြုံး"

"ဟုတ်ကဲ့ သမီးမမလွန်းကိုမေးစရာရှိတယ် ဒေါ်ဒေါ်ပြောပြတာကမမလွန်းကိုမာဝင်နေတုန်းအိမ်မက်အရှည်ကြီးမက်ခဲ့တယ်ဆို အဲ့အိမ်မက်ထဲမှာ မမလွန်းကချစ်သူရသွားတယ်တဲ့ အဲ့ဒါဟုတ်လား"

လွန်းပြုံးလိုက်ရင်းအပြုံးရဲ့ခေါင်းလေးကိုပွတ်ပေးလိုက်သည်၊စားသောက်ပြီးတော့အပြုံးကိုခြံထဲမှာသွားစောင့်ခိုင်ထားပြီးလွန်းကနောက်ကနေလိုက်သွားလိုက်၏၊ခုံပေါ်ထိုင်ပြီးခြေထောက်လေးတွေလွှဲရမ်းနေတဲ့အပြုံးရဲ့ဘေးနားမှာလွန်းဝင်ထိုင်လိုက်တော့အပြုံးကပြုံးပြလာသည်။

"မမလွန်းရဲ့ချစ်သူကအိမ်မက်ထဲမှာပဲရှိတာပေါ့နော်"

လွန်းရဲ့မျက်နှာလေးညှိုးကျသွားရပြီးဖြည်းညှင်းစွာခေါင်းကိုငြိမ့်ပြလိုက်သည်၊ထိုအခါအပြုံးကလွန်းရဲ့လက်ကိုသူ့လက်သေးသေးလေးတွေနဲ့ဆုပ်ကိုင်လာသည်။

ငါ့မိဖုရားWhere stories live. Discover now