𝐏𝐚𝐫𝐭.4

1.3K 200 14
                                    

      အပိုင်း(၄)
{နန်းတော်ထဲကပွဲတော်နေ့}

ကြေးမုံပြင်မှာပေါ်နေတဲ့နုဖက်ကြည်လင်နေတဲ့မျက်နှာလှလှကကျေနပ်မှုများထင်ဟပ်နေသည်၊မိမိရဲ့နက်မှောင်တဲ့ဆံပင်တွေကြားမှာထိုးစိုက်ထားတဲ့ငွေဆံထိုးလေးကိုအသာကိုင်တွယ်ရင်းနှုတ်ခမ်းတွေကပြုံးယောင်သမ်းနေသည်။

လွန်းတစ်‌ကယ်ကိုယ့်မျက်နှာကိုယ်ကြည့်ပြီးပီတိတွေဖြာနေတာပင်၊အခုလိုလှပကျော့ရှင်းတဲ့ပုံစံလေးနဲ့ဆိုတော့လည်းသိမ်မွေ့နူးညံ့နေသည်မှာဗီလိန်လို့ထင်စရာမရှိ။

[အရမ်းလှပါတယ်Host]

အဟင်း ငါလှတာသိတယ်၊

"သခင်မလေး အဝတ်အစားလဲလို့ရပါပြီ"

"အဝတ်ကိုအရင်ယူလာပြကြည့်"

လွန်းရဲ့စကားကြောင့်အစေခံမလေးနှစ်ယောက်ကတုန်တုန်ရီရီနဲ့ခေါင်းငြိမ့်ပြပြီးအဝတ်ကိုအရင်ယူလာပြသည်၊လွန်းမြင်လိုက်ရတဲ့ဝတ်စုံကပန်းနုရောင်ဂါဝန်ရှည်လေးပင်၊ရိုးရာဝတ်စုံလိုမျိုးလည်းမဟုတ်တာကြောင့်မျက်မှောင်ကျုံးလိုက်မိသည်၊ဒီဝတ်စုံကဒီခေတ်နဲ့သိပ်လိုက်ဖက်မှုမရှိသလိုပဲ။

[အဲ့ဒါကအကြောင်းရှိပါတယ်Host ဒီဝတ္ထုကိုရေးခဲ့တဲ့စာရေးဆရာမကဝတ်စုံတွေကိုရိုးရာဝတ်စုံဆိုပြီးထည့်မရေးသားခဲ့ပါဘူး ဇာတ်ကောင်တွေနဲ့လိုက်ဖက်မဲ့ဝတ်စုံမျိုးတွေကိုသာထည့်ရေးပေးထားတာပါ ဒါကြောင့်မို့ဇာတ်လိုက်မင်းသမီးဝတ်တဲ့စမက်ကျကျဘောင်ဘီရှည်ဖြစ်တည်လာတာပေါ့]

ဪ လက်စသတ်တော့အဲ့လိုကိုး၊ဒါပေမဲ့လည်းလွန်းအတွက်သိပ်ပြီးကြီးကြီးကျယ်ကျယ်ကိစ္စမဟုတ်ပေ၊အခုလိုအလှဆုံးပြင်ဆင်နေရတာကလွန်းတို့နန်းတော်ကပွဲကိုတက်ရောက်ရမှာဖြစ်လို့ပင်၊နန်းတက်ပွဲအတွက်ယှဉ်ပြိုင်ကြမဲ့ပြိုင်ပွဲဝင်တွေကိုလည်းစရင်းကောက်ပြီးသွားပြီဖြစ်လို့နန်းတော်ထဲမှာပွဲကျင်းပတာဖြစ်သည်၊ဒီသုံးလအတွင်းမှာတော့လွန်းတစ်ယောက်အိပ်လိုက်စားလိုက်နဲ့အချိန်ကုန်နေခဲ့တာဖြစ်ပြီးအခုတော့ပွဲတော်ကိုရောက်လာခဲ့လေပြီ။

"အဲ့အင်္ကျီငါမဝတ်ချင်ဘူး ငါ့ဘာသာအင်္ကျီရှာလိုက်မှာမို့နင်တို့တွေထွက်သွားလို့ရပြီ"

ငါ့မိဖုရားWhere stories live. Discover now