𝐏𝐚𝐫𝐭.16

1.2K 186 15
                                    

  အပိုင်း(၁၆)
{ငါပိုင်ဆိုင်တဲ့ငါ့မိဖုရား}

"အခုချက်ချင်းလွှတ်လိုက်.!"

ဒိုင်ယာရီ့အသံကဒေါသကိုထိန်းချုပ်ထားတဲ့ပုံပေါ်ပြီးလက်တွေကလည်းအကြောစိမ်းတွေမြင်ရတဲ့အထိတင်းကျပ်အောင်ဆုပ်ထားသည်၊အံတင်းတင်းကြိတ်ထားလို့ထင်းထွက်နေတဲ့မေးရိုးတွေကလည်းဘယ်လောက်အထိဒေါသထွက်နေကြောင်းပြောပြနေသလို၊သို့သော်အမရာစံထားကမင်းသမီးတစ်ပါးမို့စိတ်လိုက်မာန်ပါလုပ်လို့မရမှန်းသိ၍ဒေါသကိုထိန်းချုပ်ထားသည့်ပုံ။

အမရာစံထားကတော့နှုတ်ခမ်းတစ်ဖက်ကိုတွန့်ပြုံးလိုက်မိသည်၊ကိုယ်တိုင်ရောက်လာတဲ့အထိဒီမိန်းကလေးကအရှင်မအတွက်အရေးကြီးနေတာလား။

"အခုကျွန်တော်မျိုးမကိုဓားနဲ့ပစ်လိုက်တာလား အရှင်မ"

"ကျွန်ုပ်သာပစ်ချင်ရင်လုံးဝလွဲမှာမဟုတ်ဘူး သူ့ကိုလွှတ်ပေးလိုက်..!"

"အဟင်း ဒီမိန်းကလေးကကျွန်တော်မျိုးမကိုမလေးမစားပြုမူခဲ့လို့အပြစ်ပေးတာပါအရှင်မ အဲ့ဒါကလုပ်သင့်တယ်မလား ကျွန်တော်မျိုးမလိုမင်းသမီးတစ်ပါးကိုမလေးမစားနဲ့ရိုင်းစိုင်းတဲ့အပြုအမူမျိုးကိုလုပ်တာကိုခွင့်မလွှတ်နိုင်ပါဘူး"

ဒိုင်ယာရီကစူးရဲသောမျက်လုံးတို့နဲ့လွန်းကိုကြည့်လာသည်၊လွန်းမျက်ရည်တွေကြားကနေရှိုက်ငိုနေရင်းဒိုင်ယာရီ့ကိုခေါင်းခါပြလိုက်မိသည်၊တကယ်လည်းလွန်းတမင်လုပ်လိုက်တာမှမဟုတ်ပဲလေ။

"အပြစ်ပေးမယ်ဆိုလည်းကျွန်ုပ်ကပဲသူ့ကိုအပြစ်ပေးလိုက်မှာမို့အခုလွှတ်ပေးလိုက်လို့ရပြီလား..!"

ဒိုင်ယာရီကအမရာစံထားကိုထိုစကားသာပြောပြီးလွန်းကိုကြည့်လာသည်။

"အခုချက်ချင်းထ.!"

လွန်းကိုဖမ်းချုပ်ထားတဲ့အမရာစံထားရဲ့အထိန်းတော်ကအောင့်သက်သက်နဲ့လွှတ်ပေးလိုက်လေသည်၊လွန်းမှာတုန်တုန်ရီရီနဲ့ထရပ်လိုက်တော့ဒိုင်ယာရီကလွန်းလက်ကောက်ဝတ်လေးကိုဆုပ်ကိုင်လာသည်၊လွန်းမျက်လုံးဝိုင်းလေးတွေနဲ့ဒိုင်ယာရီ့ကိုမော့ကြည့်လိုက်တော့ဒိုင်ယာရီကတောင်းပန်သောအကြည့်‌တို့နဲ့ပြန်လည်ကြည့်နေရင်းလွန်းကိုအသာအယာဆွဲခေါ်သွားတော့သည်၊

ငါ့မိဖုရားWhere stories live. Discover now