𝐏𝐚𝐫𝐭.6

1.1K 182 15
                                    

     အပိုင်း(၆)
{ငါမင်းကိုစိတ်မပူဘူး}

[Host ထပါတော့ ဒီနေ့ပြိုင်ပွဲနေ့နော်]

လွန်းနားထဲSystemရဲ့အသံသာကြားနေရပြီးကောင်းကောင်းအိပ်ချင်မပြေသေးပေ၊ဘာတဲ့ ဒီနေ့ကပြိုင်ပွဲနေ့ဆိုပဲ၊ဘယ်ကပြိုင်ပွဲတွေကိုလာပြောနေလည်းမသိပေ။

[Host! ဒီနေ့ကဇာတ်လိုက်မနန်းတက်ပွဲအတွက်အတားအဆီး၈ခုရှိနေတဲ့တောထဲကိုဝင်ပြိုင်မဲ့နေ့နော် တကယ်ပဲအခုလိုအိပ်နေတော့မှာလား]

"ဘာ! ဒီနေ့ကပြိုင်ပွဲဟုတ်လား ဘာလည်းဟ မနေ့တုန်းကတောင်ဇာတ်လိုက်မင်းသမီးနဲ့ဈေးမှာတွေ့ခဲ့သေးတာကိုဘာလို့အခုကပြိုင်ပွဲနေ့လည်း ပြိုင်ပွဲကတစ်နှစ်ကြာမှလုပ်မှာမဟုတ်ဘူးလား"

[ဟုတ်တယ်လေ အခုလည်းတစ်နှစ်ကုန်သွားပြီပဲHostရဲ့]

လွန်းမှာခေါင်းတွေချာချာလည်နေပြီမို့ကုတင်ပေါ်ထထိုင်လိုက်သည်၊အိပ်ငိုက်ချင်နေတဲ့စိတ်ကိုတင်းထားပေမဲ့မျက်လုံးတွေကမပွင့်တပွင့်ရှိနေသည်၊

"ငါ့ကိုဟာသလာပြောပြနေတာလား မရယ်ရဘူးနော်"

[Hostအရင်မျက်နှာသစ်လိုက်တာကောင်းမယ်ထင်တယ်]

လွန်းလည်းအရင်ဆုံးရေချိုးဆောင်ဝင်လိုက်သည်၊ရေနွေးအနည်းငယ်စပ်ထားသောရေတွေကအငွေ့လေးတွေထွက်နေကာနွေး‌နေသည်၊ထိုကန်ထဲကိုလွန်းဝင်ထိုင်လိုက်ပြီးမျက်လုံးလေးမှိတ်ကာအနားယူနေမိသည်၊Systemပြောတာကိုသေချာနားထောင်ပြီးသွားတဲ့လွန်းကနည်းနည်းစိုးရိမ်နေမိသည်။

တကယ်ကစာရေးဆရာမမှာပြိုင်ပွဲမစခင်ကြားကတစ်နှစ်ဆိုတဲ့အချိန်ကိုအသေးစိတ်ထည့်မရေးခဲ့ပဲ'တစ်နှစ်ခန့်ကြာသောအခါ'ဆိုပြီးချုံ့ရေးခဲ့လို့လွန်းတို့တစ်နှစ်ကြာပြီးတဲ့ဇာတ်ကြောင်းအတိုင်းကိုဆွဲခေါ်ခံသွားရတာပင်၊ဒီနေ့ကပြိုင်ပွဲစမဲ့နေ့ဖြစ်သည်၊လွန်းစိုးရိမ်နေတာကဒိုင်ယာရီဘုရင်မဖြစ်သွားရင်စိုင်းမဟာတည်ကိုလက်ဆက်ဖို့ဖြစ်လာမှာကိုပင်၊အခုချိန်ထိဒိုင်ယာရီနဲ့စိုင်းမဟာတည်ကတစ်ယောက်ကိုတစ်ယောက်မသိကြသေးဘူးဆိုပေမဲ့မူလဇာတ်ကြောင်းအတိုင်းဆွဲခေါ်ခံသွားရမှာကြောက်နေမိသည်၊မူလဇာတ်ကြောင်းကဒိုင်ယာရီဘုရင်မဖြစ်သွားတော့စိုင်းမဟာတည်ကိုလက်ဆက်ခဲ့သည်၊အဲ့လိုပဲအခုဒိုင်ယာရီဘုရင်မဖြစ်လာရင်စိုင်းမဟာတည်ကိုလက်ဆက်ဖို့အကြောင်းအရင်းတွေပေါ်လာမှာစိုးရိမ်နေမိတာပင်။

ငါ့မိဖုရားWhere stories live. Discover now