အပိုင်း (14. 1)

2.7K 333 5
                                    

( 14. 1)

ကမ္ဘာအကောင်းဆုံး ဆရာသခင်တွေ ရဲ့ စွမ်းအား ပေါင်းစည်းခြင်း က အလွန်အမင်း ပုံမှန်မဟုတ်ခဲ့တာ ကြောင့် နတ်ဘုရားတစ်ဝက်ရဲ့ ချီးမြှင့်ခြင်းကို ခံခဲ့ရတဲ့ အမှောင်စစ်သည်တော် တွေတောင်မှ အရှုံးပေး သွားရလေတယ်။

ယင် စစ်သည်တွေလည်း ကျဆုံး သွားရော တောင်ကြား ထဲက အကာအရံကလည်း ကျိိုးပျက် သွားလေတယ်။ လူအများကြီး က တုံ့ဆိုင်း မနေပဲ အဲ့အလင်းထဲကို ဆက်တိုက်ခုန်ချ ကြလေတယ်။

ဟဲလျန်ချန်း ကသာ အထဲကို မဝင်ခင် သူ့ရဲ့ ခေါင်းကို လှည့်ကာ စုယွမ်ကို တစ်ချက် ကြည့်လိုက်လေတယ်။

စုယွမ်က မမျှော်လင့်ပဲ သူ့ရဲ့ နှာခေါင်းကို ထိလိုက်တယ်။ သူ့ရဲ့ စိတ်ထဲမှာလည်း မထိန်းနိုင်ပဲ တွေးလိုက် မိတယ်။

မြွေမကောင်းဆိုးဝါး က သူထွက်ပြေး သွားမှာ ကို ကြောက်နေတာလား မသိဘူး?

စုယွမ် က သူအရမ်းတွေ အတွေးများနေတယ် ဆိုတာ ကို သိပါတယ်။ ပြီးတော့ ဒီကမ္ဘာရဲ့ စွမ်းအားတွေကို ​ရှင်းလင်းစွာ မျက်မြင် တွေ့ ပြီးတဲ့နောက် သူ့စိတ်ထဲမှာ ထွက်ပြေး လွတ်မြောက် ဖို့ ဆိုတာ ကို သူတွေးတောင် မတွေးရဲ တော့ပါပေ။

သူ့လိုမျိုး ကြက်ကလေး တစ်ကောင်လို အားနည်းတဲ့ သူက ​မြွေဘုရင် ရဲ့ အကာအကွယ်သာ မပါရင် မကြာခင်မှာပဲ နတ်ဆိုးသားရဲတွေ ရဲ့ ပါးစပ် ထဲမှာ စိစိညှက်ညှပ် ကျေသွားမှာ ကိုတောင် ကြောက်ရလေတယ်။

ဒါကြောင့် သူက မြွေမကောင်းဆိုးဝါး ရဲ့ ပိုင်နက်ထဲမှာ ပဲ လိမ်လိမ်မာမာနဲ့ နေပြီးတော့ မြွေမကောင်းဆိုးဝါး ရဲ့ ပေါင်ကို ခပ်တင်းတင်း ဆုပ်ကိုင် ထား ရမှာပဲ ဖြစ်လေတယ်။

မြွေမကောင်းဆိုးဝါး မှာ ဆိုးရွားတဲ့ ဒေါသ ရှိပေမယ့် အတော်လေး ကို ထူးဆန်းတယ်။ ဒါပေမယ့် သူ့နောက်ကိုသာ လိုက်လို့ကတော့ ဘယ်တစ်ယောက် ကမှလည်း သူ ( စုယွမ်)  ကို ရန်မစ ရဲသလို လာပြီးတော့လည်း မရှုပ်ရဲ ကြပါပေ။

ဒါပေမယ့် အဲ့အချိန်မှာပဲ ရွှီးဟယ် က စီးထူယန် ဘက်ကို လှည့်ကာ ပြောလိုက်တယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now