အမှားဝန်ခံခြင်း

1.9K 289 1
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၂၈ ။ အမှားဝန်ခံခြင်း

ထောင်မု နှင့် လူအုပ်ကြီးသည် ဝူရှောင်ရွှမ်း၏ မိဘများ လူရှေ့တွင် အော်ဟစ်ငိုယိုမည်ကို စိုးရိမ်နေခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းမိသားစုကဲ့သို့ မဟုတ်ခဲ့ပေ။
ဝူရှောင်ရွှမ်း၏မိဘများသည် အထူးကြပ်မတ်ကုသဆောင်တွင် ၎င်းတို့၏သမီးကို ကြည့်ရှုခဲ့ကြသည်။ သူတို့သည် အရမ်းဝမ်းနည်းခဲ့ကြသော်လည်း ကျန်းမိသားစုကဲ့သို့ ကျိုးကြောင်းဆီလျော်မှုမရှသည့် အမူအကျင့်မျိုးတစ်ခုမှ မတွေ့ရခဲ့ပေ။လူကုန်ကူးသူများသည် သူတို့၏သမီးလေးကို ဈေးကောင်းကောင်းနှင့် ရောင်းစားဖို့ကြံရွယ်ခဲ့သည် ဆိုသည့်အချက်ကိုသာ ဒေါသထွက်ခဲ့ကြသည်။
ဇနီးမောင်နှံနှစ်ဦးသည် မျက်လုံးမှ မျက်ရည်များကျလာပြီး အတူတူအားတင်းကာ ကြမ်းတမ်းသောလက်နှစ်စုံဖြင့် ထောင်မု ၏လက်များကို ကိုင်ပြီး "ကျေးဇူးတင်ပါတယ် ကောင်လေး၊ အားလုံးကိုကျေးဇူးတင်ပါတယ်။မင်းသာမကူညီခဲ့ရင် ငါ့သမီးလေးပြန်လာတော့မှာ မဟုတ်ဘူး၊ ငါတို့ ဇနီးမောင်နှံက ဒီသမီးလေးတစ်ယောက်ပဲမွေးခဲ့တာ သူမသာတစ်ခုခုဖြစ်သွားရင်....."
ဝူရှောင်ရွှမ်း၏မိခင်သည် နောက်ကျောဘက်သို့လှည့်၍ မျက်ရည်ကို သုတ်လိုက်သည်။ သူမသည် အသက်ကို ရှိုက်ရှူရင်း "ကျေးဇူးတင်ပါတယ်၊ကျေးဇူးတင်ပါတယ် ရဲသားကြီး၊ ကျေးဇူးတင်ပါတယ် ဆရာဝန်၊ ကျေးဇူးတင်ပါတယ်....."
ဝူရှောင်ရွှမ်း၏မိဘများသည် အသက် ၄၀-၅၀ ဝန်းကျင်များ၏ အများဆုံးမြင်နေကျ ပုံစံမျိုးပင်။ ငယ်စဉ်အခါကတည်းက မိဘများထံမှအလုပ်တာဝန်ကိုရယူခဲ့သည်။ နောက်ပိုင်းတွင် အလုပ်သမားများ လျှော့ချသောအခါ လင်မယားနှစ်ယောက်စလုံးသည် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။ ထို့နောက် ပန်ကိတ်ရောင်းရန် အိမ်အနီးတွင် ပန်ကိတ်ဆိုင်တစ်ခု ထူထောင်ခဲ့သည်။ နောက်ပိုင်းတွင်ပန်ကိတ်ဆိုင်သည် သရေစာဘားဖြစ်လာပြီး ဇနီးမောင်နှံနှစ်ဦးသည် ၎င်းတို့၏မိသားစုသုံးဦးကို ကျွေးမွေးရန်အတွက် ဤ သရေစာဘားကို မှီခိုအားထားခဲ့သည်။
သူတို့သည် တစ်သက်လုံး ရိုးသားစွာ ကြိုးစားအားထုတ်ခဲ့ကြပါသည်။ သူတို့သွားခဲ့သည့် အဝေးဆုံးနေရာသည် ထုံကျိုး ဖြစ်ပြီး သူတို့မြင်ခဲ့ရသည့် အလှပဆုံး ရှုခင်းသည် မဟာတံတိုင်းကြီး ဖြစ်သည်။ သူတို့သည် တစ်သက်တာလုံးပေကျင်းရှိ ၎င်းတို့၏ ရပ်ကွက်မှ မထွက်ခွာခဲ့ပေ။
ဤတစ်ကြိမ်တွင် H မြို့ရှိ ရဲများမှဖုန်းဆက်လာသည့်အခါ ဝူရှောင်ရွှမ်း၏မိဘများသည် လုံးဝအံ့အားသင့်သွားကြသည်။ သူတို့လင်မယားနှစ်ယောက်သည် စားသောက်ဆိုင်ကို မြန်မြန်ပိတ်ပြီး H မြို့သို့သွားသည့် ရထားပေါ်သို့တက်သွားခဲ့သည်။ ရထားပေါ်မှ ဆင်းသည့်အခါ လမ်းပျောက်မလိုပင် ဖြစ်သွားသည်။ ခရီးဆောင်အိတ်များကို ယူဆောင်လာရင်း ရထားဘူတာရုံ အပြင်ဘက်တွင် ကင်းလှည့်နေသည့် ရဲများကို တွေ့ရှိသောအခါ ရဲစခန်းသို့ပို့ပေးရန် ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့သည်။ ရဲစခန်းသို့ရောက်သည့်အခါ ရဲတပ်ဖွဲ့များအား ဒူးထောက်ရန်လုပ်ခဲ့သော်လည်း အရာရှိယောင်နှင့် တခြားသူများက တားဆီးခဲ့ရသည်။ ထို့နောက် ၎င်းတို့အားဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးရုံရောက်သောအခါတွင် သူတို့သည် ဆရာဝန်ထံ ဒူးထောက်ချင်ကြပြန်သည်။ ယခု ထောင်မု နှင့် အခြားလူများကို တွေ့သောအခါတွင်သူတို့သည် ဒူးထောက်ရန် မပြုလုပ်ခဲ့သော်လည်း ၎င်းတို့၏ရိုးရှင်းပြီး နှိမ့်ချစွာပြောဆိုပုံသည် မနေတတ်လောက်အောင်ပင် ဖြစ်သည်။
ကြည့်ပြီး နားထောင်ရသည်မှာ တကယ့်ကို အားနာစရာပါပင်။
"အန်တီ စိတ်မပူပါနဲ့။ ခွဲစိတ်မှုအောင်မြင်တယ်လို့ ဆရာဝန်တွေကပြောတယ်၊ ကလေးနိုးလာတာကိုပဲ စောင့်ကြရအောင်။" ရှိုးပွဲကြည့်ရင်း အနားမှာရပ်နေသည့် ချင်းမြောင်ရူသည် ဝူရှောင်ရွှမ်း၏ အမေကို နှစ်သိမ့်ရန် ပုခုံးကို လှမ်းဆွဲလိုက်သည်။ ထို့နောက် သူမကိုယ်တိုင်လုပ်ထားသော ဝက်နံရိုးစွပ်ပြုတ်သုံးဗူးထဲမှ တစ်ဗူးကိုယူကာ မေမေဝူထံသို့ ပေးလိုက်သည်- "အန်တီတို့က မြို့နဲ့ဝေးတဲ့နေရာက လာတာထင်တယ်။ တစ်လမ်းလုံး ဘာမှမစားရလောက်သေးဖူး နေမှာ။ ကျွန်မမှာ အဆင်သင့်လုပ်ထားတဲ့ ဝက်နံရိုးစွပ်ပြုတ် ရှိတယ်။ အစက မိန်းကလေး သုံးယောက်ကို ပေးမလို့။ အန်တီ အရင်သောက်ထားပြီး ကျွန်မပြန်လာရင် သူတို့အတွက် နောက်တစ်လုံး ချက်ခဲ့ပေးပါမယ်။"
"ကျေးဇူးပါပဲ သမီးရယ်။" ဝူရှောင်ရွှမ်း၏မိခင်သည် ချင်းမြောင်ရူ၏ဆိုးသွမ်းသောအသွင်အပြင်ကိုမြင်ပြီး အစတွင် စကားမပြောရဲပေ။ ချင်းမြောင်ရူသည် ဗူးကို မေမေဝူ၏ ရင်ခွင်ထဲသို့ အတင်းထည့်ကာ စင်္ကြံဘေးရှိ ပလပ်စတစ်ကုလားထိုင်ပေါ်တွင်ထိုင်ရန် ကူညီပေးခဲ့သည်။
အရပ်ရှည်ပြီး သန်မာသော မြောက်ပိုင်းလူတစ်စုသည် ချင်းမြောင်ရူ နောက်သို့ လိုက်ကာ မေမေဝူနှင့် ဖေဖေဝူတို့၏ ခရီးဆောင်အိတ်များကို ဘေးတွင်ထားရန် ကူညီပေးခဲ့သည်။
ကျန်းဟန့်ယာ၏မိသားစုသည် ဤမျှထွားကျိုင်းပြီး ကြမ်းတမ်းသောပုံစံရှိသည့် ယောက်ျားများကို မြင်သောအခါတွင် အနည်းငယ် ကြောက်ရွံ့သွားကြသည်။ သို့သော်လည်း ဤလူများသည်သိပ်သဘောကောင်းသည့် လူများဖြစ်သည်ကိုတွေ့လိုက်ရသောအခါ မောက်မာလာပြန်သည်။
"ညီမလေး၊ အဲ့ဒါ မင်းကို လှည့်စားနေတာ နားမထောင်နဲ့။ အဲ့ဒီဆိုးသွမ်းတဲ့ကောင်မလေးကြောင့်သာမဟုတ်ရင် ငါတို့စကား အရမ်းနားထောင်တဲ့ ဟန့်ယာကဘယ်လိုလုပ်ပြီး ဒီလိုဝေးတဲ့နေရာကို ရောက်လာနိုင်မှာလဲ? ငါမြင်တဲ့အတိုင်းဆိုသူတို့မိသားစုမှာ တာဝန်ရှိတယ်။ ဒါ‌ကြောင့် ငါတို့မိသားစုရဲ့ ဆေးဖိုး၊ တခြား သူနာပြုစရိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကုန်ကျစရိတ်တွေကို သူတို့မိသားစုက ပြန်ပေးရမယ်။"
ဘယ်လိုလုပ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေးက ပါလာရလာတာလဲ? လူအုပ်ကြီးသည်အတော်လေး မကျေမနပ်ဖြစ်ကာ ကုန်းရီရှင် သည် မျက်မှောင်ကြုတ်လိုက်သည်။ သူပြောခါနီးမှာပင် ကျန်းဟန့်ယာ၏အမေသည် "ခွဲစိတ်မှုလုပ်တာလည်း ရှိသေးတယ်။ မိဘဖြစ်တဲ့ ကျွန်မက လက်မှတ်တောင် မထိုးခဲ့ရဘူး။ ဒါပေမယ့် ဒီဆေးရုံက ဘာမှ မပြောဘဲ ခွဲစိတ်မှု လုပ်ခဲ့တယ်။ ခွဲစိတ်မှုသာမှားယွင်းသွားရင် ဘာဆက်ဖြစ်မလဲ? ငါတို့ကလေး သတိမရနိုင်တော့ရင် ဘယ်လိုလုပ်မလဲ? ဒီအတွက်ဘယ်သူက တာဝန်ယူပေးမှာလဲ? မိသားစုလက်မှတ်မပါတဲ့ခွဲစိတ်မှုကဆေးဘက်ဆိုင်ရာမတော်တဆမှုလို့ ငါကြားတယ်!"
သူမသည် မဟာမိတ်များကို စုဆောင်းဖို့ ကြိုးစားနေပုံရသည်။
လူတိုင်းသည် ဒေါသထွက်သွားကြသည်။ အရာရှိယောင်သည် "ကျွန်တော်ပြောပါရစေ။ အန်တီ ဆေးရုံခွဲစိတ်မှုအတွက် ရဲက လက်မှတ်ထိုးပေးထားပါတယ်။ ဒီကိစ္စက အရေးတကြီးဖြစ်နေတော့ ဒီလောက်ကြာအောင် စောင့်လို့မရဖူးလေ။ အဆင်ပြေအောင်ပဲလုပ်လိုက်ရတော့တာပေါ့"
"အဆင်ပြေတာပဲဖြစ်ဖြစ် မပြေတာပဲဖြစ်ဖြစ် ငါတို့ကတော့ နားမလည်နိုင်ဖူး။ ဘယ်သူမှ ငါတို့ကို မမေးတာကြဖူး‌လေ။" ကျန်းဟန့်ယာ၏ ဦးလေးဖြစ်သူသည် ကိုယ်အလေးချိန် 200ကီလိုဂရမ်ရှိသည့် သူ့အစ်မအား ကျောခိုင်းလိုက်ပြီး ရဲများကို စိုက်ကြည့်ပြီး ပြောလိုက်သည် "မင်း လက်မှတ်ထိုးခဲ့တဲ့အတွက် မင်းတာဝန်ယူရမယ်။ အိမ်ရဲ့ လုံးဝကို အားကိုးရတဲ့လူက အခုမထနိုင်တော့ဘူး" သတိမရသေးတာကို ခွဲစိတ်မှုက ဘယ်လိုပြီးအောင်မြင်ရတာလဲ? သူက တကယ်ပဲ ကိုမာ၀င်သွားတဲ့ လူတစ်ယောက်ဖြစ်သွားရင် နောက်ကျ ဘယ်လိုတွေဖြစ်လာမလဲ? ငါတို့အတွက် တရားမျှတမှုကို ဘယ်မှာ သွားရှာမလဲ?"
"ဆေးဖိုးရှင်းရမှာလည်း ရှိသေးတယ်! လူဆိုးတွေကို မဖမ်းမိဘူးလား? အခု ဖမ်းမိရင် သူတို့ဆီကပိုက်ဆံတောင်းပေးလို့ရမလား? ဘာပဲပြောပြော ကလေးတွေကို ဒီလိုဖြစ်အောင် လုပ်ထားတာဆိုတော့ ငါတို့ကလေးတွေကို ကုပေးသင့်တယ်"
အရာရှိယောင်သည် စကားဆက်ပြောတော့ပေ။ ရဲများသည် သံသယရှိသူများကို ဖမ်းလိုက်သော်လည်း သံသယရှိသူများဆီမှ လျော်ကြေး တောင်းရမည့် ကိစ္စသည် သူတို့ကိစ္စမဟုတ်ပေ။
"အန်တီပြောနေတာတွေက အကျိုးအကြောင်းမဆီလျော်ဖူး မဟုတ်လား? ရဲဦးလေးက အန်တီ့ရဲ့သမီးကို MLM တွင်းထဲက ကယ်ပြီး ဆေးရုံကိုအချိန်မီပို့ပြီးကယ်တင်ခဲ့တာ။ အန်တီက ကျေးဇူးတင်စကား ပြောရမယ့်အစား ပြန်ပြီးတောင် ပြဿနာရှာနေတယ်။ ဒါကြောင့်မို့ အန်တီ့ရဲ့ ကလေးကို ကယ်မိတာ ငါတို့မှားသွားပြီထင်တယ်?" တမောက်သည် ဆက်ပြီးနားမထောင်နိုင်တော့သည့်အတွက် "ဒီမှာ အန်တီ့လိုမျိုး လူရှိလို့လား?။ အန်တီက ကျွန်တော်တို့ မြို့ကလူတွေကို တကယ်အရှက်ရစေတယ်"
"အိုက်ယား ကလေး မင်း ဘယ်လိုတောင်ပြောရတာလဲ? မင်းမိဘတွေက မင်းထက်ကြီးတဲ့လူတွေကို ဒီလိုစကားပြောတတ်အောင်သင်ပေးခဲ့တာလား?"
တမောက်သည် ပြင်းပြင်းထန်ထန်လှောင်ပြောင်ရင်း "အဖေက ကျွန်တော့်ကို ဘယ်တော့မှ ဒီလို မသင်ပေးပါဘူး။ ရိုက်နှက်ခံထိုက်တဲ့လူတွေကို တွေ့ရင် ထိန်းထားဖို့ မလိုဘူးလို့ ပြောတယ်။ သူတို့တွေက တစ်လက်မလောက်တောင် နေရာပေးဖို့ မထိုက်တန်ဘူး!"
"ဟေး၊ ဒီမယ်ကလေး ငါပြောမယ်--" ကျန်းဟန့်ယာ၏ဦးလေးဖြစ်သူသည် သူ့အင်္ကျီကို ဆွဲလိုက်သော်လည်း ကုန်းရီရှင်၏ အပေါင်းအသင်းအုပ်စုသည် တမောက်နောက်တွင် ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့လိုက်သောအခါ ချက်ခြင်းပင်ရပ်တန့်သွားသည်။
ကျန်းဟန့်ယာ၏ အမေနှင့် အဒေါ်သည်
"သနားစရာသမီးလေး။ မင်း ဘာလို့ကံဆိုးရတာကလဲ! ကောင်းကောင်းနေရမယ့်အစား ဘာလို့ ဒီ Hမြို့ကိုလာဖို့ တောင်းဆိုရတာလဲ? အခု မင်းဆေးရုံကုတင်ပေါ်မှာ အသက်ရှင်လျက်နဲ့ လဲလျောင်းနေရပြီလေ။မင်းအမေငါအသက်ရှင်ရမလဲ! ငါတို့အတူတူပဲ သေလိုက်သင့်တယ်!"
ယွင်မိသားစုမှ အားလုံးသည် တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ ပေကျင်း အမှတ် ၁ ပြည်သူ့ဆေးရုံကြီးရှိဉာဏ်ရည်ဉာဏ်သွေးနှင့် ဂုဏ်သိက္ခာအရှိဆုံး နှလုံးခွဲစိတ်ဆရာဝန် ယွင်ရှင်းကျန်းသည်ဆေးရုံတွင် အလုပ်လုပ်နေစဉ် ကျန်းမိသားစုကဲ့သို့ လူနာများ၏ မိသားစုဝင်များကို အကြိမ်ပေါင်းများစွာမြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ယခုအခါတွင် ကျန်းမိသားစု လိုချင်သောအရာကို ကောင်းစွာနားလည်ခဲ့သည်။
"ဒီလိုဆို ဘယ်လိုလဲ? ကလေးရဲ့ ဆေးဖိုးဝါးခအတွက် ငါတို့ ပေးမယ်။ ဟန့်ယာ တင်မကဘူး၊ ရှောင်ရွှမ်းအတွက်လည်း ပေးမယ်။ ဒါပေမယ့် ငါတို့ မိဘတွေအနေနဲ့ရှင်းရှင်းလင်းလင်း သိထားရမယ့် အရာတစ်ခုရှိတယ်။ ကလေးသုံးယောက်က အစကတည်းက H မြို့ကို လာဖို့ အတူတူဆုံးဖြတ်ခဲ့တာပဲ၊ ယွင်သော် က သူတို့ကို သွေးထိုးလှုံ့ဆော်ပြီး လာခိုင်းတာ မဟုတ်ဘူး၊ အကြီးဖြစ်တဲ့မင်းက အခုလိုမပြောသင့်ဖူး"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? မင်းတို့မိသားစုက ငါတို့ကို ဘာပေးစရာ လိုလို့လဲ?...." ဝူရှောင်ရွှမ်း၏မိဘများသည် ယွင်ရှင်းကျန်း ၏စကားကိုကြားသောအခါ ငြင်းဆန်ခဲ့သည်။ သူတို့မိသားစုသည် ယွင်မိသားစုလောက် မချမ်းသာ‌သော်လည်း ဝူရှောင်ရွှမ်း၏မိဘများသည် Hမြို့သို့လာသောအခါတွင် သူတို့စုဆောင်းထားသည့်ငွေအားလုံးကို ယူဆောင်လာခဲ့ပါသည်။ ထို့အပြင် ယွင်ရှင်းကျန်း ပြောသည့်အတိုင်း ကလေးသုံးယောက်သည် H မြို့သို့ ခရီးထွက်ရန်အတူတကွ တိုင်ပင်ထားသည့်အရာဖြစ်သည်။ ယွင်သော် လည်းဒုက္ခရောက်ခဲ့သည်။ မိဘများအနေဖြင့် ယွင်မိသားစုမှ ပေးသောဆေးဖိုးဝါးခကို ဘယ်လိုမျက်နှာဖြင့် ယူရမည်နည်း
"ကလေးက အနာဂတ်မှာ ဘေးထွက်ဆိုးကျိုးတွေရှိလာရင် ဘယ်လိုလုပ်မလဲ?" ဝူရှောင်ရွှမ်း၏ မိဘများ တုံ့ပြန်ပုံနှင့် လုံးဝ ကွဲပြားသွားခဲ့သည်။ ကျန်းဟန့်ယာ၏မိခင်သည် အေးစက်စွာဖြင့်တုံ့ပြန်ခဲ့သည် "ဆရာဝန်ပြောတာ မကြားဘူးလား? ငါတို့ရဲ့ဟန့်ယာက ဦးခေါင်းမှာ ဒဏ်ရာရသွားတဲ့အတွက် အနာဂတ်မှာ ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်တယ်။ ကလေးနိုးလာ‌ပေမယ့် ဖွံဖြိုးမှုနှေးသွားရင်ရော ဒါမှမဟုတ် အခြားဘေးထွက်ဆိုးကျိုးတွေ ရှိလာရင်ရော? ကလေးက ဒီနှစ်မှအသက် ၁၈ နှစ်ပဲရှိသေးတာ သူ့ဘဝက အခုမှစရမှာ! ငါတို့ကလေးရဲ့ တစ်ဘဝလုံးအတွက် မင်းတာဝန်မယူသင့်ဘူးလား?"
"မင်းက အရှက်မဲ့လွန်းတယ်!" ချင်းမြောင်ရူသည်သည်းမခံနိုင်တော့ပါ "ငါပြောမယ် မင်းက လူတွေကို လိမ်ချင်နေတာလေ ဟုတ်တယ်မလား?"
"မင်းနဲ့ဘာဆိုင်လို့လဲ" ကျန်းဟန့်ယာ၏မိခင်သည် ဆံပင်ကိုရောင်စုံဆေးဆိုးထားသော ချင်းမြောင်ရူကို ကြည့်ပြီး smokey eye makeupကို ကြည့်လိုက်သည်။ သူမသည် ခါးကိုပေါ်လွင်စေသည့် ဦးခေါင်းခွံပုံနှိပ်ထားသော အနက်ရောင်အင်္ကျီကို ၀တ်ထားသည်။ အောက်ခံစကတ်တိုတိုသည် သူမ၏ခြေရင်းအထိ မရောက်ပါ။ ပြီးလျှင် သူမသည် ဤကဲ့သို့ပူလောင်သောနွေရာသီတွင် ဒူးအထိရောက်သည့် သားရေဖိနပ်ကိုလည်း စီးခဲ့ပါသည်။ ထို့အပြင် သူမသည် ကြွက်သားကြီးသော ယောက်ျားများကဲ့သို့ဖြစ်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမအား မိန်းမကောင်းတစ်ယောက်ဟု အကဲဖြတ်ကြသည်။
အမေကျန်းသည် ဤကဲ့သို့မိန်းကလေးမျိုးကို မကြိုက်သော်လည်း သူမကို နှိုးဆွဖို့မဝံ့ရဲခဲ့ပါဘူး- "မင်းက ငယ်ပါသေးတယ်။ အမေတွေက ကလေးတွေအတွက်ပဲ စဉ်းစားတယ်ဆိုတာကိုဘယ်လိုသိနိုင်ပါ့မလဲ!"
ချင်းမြောင်ရူသည် လှောင်ရယ်လိုက်ချင်သည်။ ဘာကလေးအတွက်လဲ?
သူတို့မျက်လုံးထဲမှာ ပိုက်ဆံပဲရှိတယ်!
ထောင်မုသည် အချိန်အတော်ကြာ ကြည့်နေခဲ့ပြီး ကျန်းမိသားစု၏ စိတ်နေစိတ်ထားကို အခြေခံအားဖြင့် သိမြင်လာခဲ့သည်။ သို့သော်လည်း သူသည် စကား၀င်မပြောပါ။ အဓိက အကြောင်းအရင်းသည် သူသည် ဤကဲ့သို့ရမ်းကားသူများနှင့် မဆက်ဆံချင်သောကြောင့်ဖြစ်ပါသည်။
သို့သော် ထောင်မု သည် လူဆိုးများကိုမနှိုးဆွလိုသော်လည်း လူဆိုးများသည် သူ့အား နှိုးဆွလာခဲ့သည်—အထူးသဖြင့် သူမဟုတ်ဘဲ "ကျန်းဟူဆီသို့"၏ အဖွဲ့သားများကိုဖြစ်သည်။
ဤ ကျန်းမိသားစုသည် အမှန်တကယ်ပင်အရူးများဖြစ်သည်! သူတို့သည် ထောင်မုမှ "ကျန်းဟူဆီသို့" အဖွဲ့သားများအား ကောင်မလေးများကို ကယ်တင်ရန် အကူညီတောင်းခဲ့သည်ကို မည်သို့သိသွားခဲ့မှန်း မသိပေ။ ထိုမိသားစုသည် H မြို့ရှိ စတူဒီယိုမြို့၏အဝင်ပေါက်သို့သွားကာ ဆိုင်းဘုတ်အောက်တွင်ဒူးထောက်၍ "ကျန်းဟူဆီသို့"အဖွဲ့သားများ၏နာမည်ကြီးများအား ၎င်းတို့သမီး၏ ဆေးဖိုးဝါးခများကို ကူညီရန် တောင်းဆိုခဲ့သည်။
ဤအရာသည် ပျားအုံအသိုက်ကို လုံးဝဖယ်ရှားလိုက်ခြင်းဖြစ်သည်။
သတင်းရှာဖို့ စတူဒီယိုမြို့၏ အဝင်ပေါက်တွင် နေ့တိုင်း အတင်းအဖျင်း ပါပါရာဇီ ဘယ်နှစ်ယောက်လောက်များ စောင့်နေလိုက်မလဲ? ရက်အတော်ကြာအောင် သူတို့သည် သတင်းအတင်းအဖျင်းရရန်စောင့်နေခဲ့သည့်အတွက် ယခုအခါ ထိုအချက်သည် သူတို့အတွက် ပို၍ပင် မျက်စိကျစရာ ဖြစ်ခဲ့ပါသည်။ လစာတိုးဖို့ စောင့်နေသည့် ပါပါရာဇီ သတင်းထောက်အုပ်စုကြီးသည် ချက်ခြင်းပင် လှုပ်ရှားခဲ့ကြသည်။ ပါပါရာဇီများသည် အုပ်စုနှစ်စုခွဲကာ လှိုင်းတစ်ခုသည် ကျန်းမိသားစုကို အင်တာဗျူးရန် ဖြစ်ပြီး လှိုင်းတစ်ခုသည် "ကျန်းဟူဆီသို့" အဖွဲ့သားများထံသို့ ဝိုင်းအုံလာခဲ့သည်။ သူတို့ ပထမဆုံးလုပ်ခဲ့သည်မှာ ကင်မရာများနှင့် အင်တာဗျူးမေးခွန်းများကို ရှောင်ခဲ့ရသည်။
ချန်းပေါင်သုန့်နှင့် သူ့အဖွဲ့သားများလည်း စိတ်ရှုပ်သွားကြသည်။
--ဒီလိုကိစ္စမျိုးတွင် ဆက်ဆံရေးကောင်းပြီး လှူဒါန်းပေးကမ်းလိုက်လျှင် ပြဿနာမရှိတော့ပါ။ ကျော်ကြားသူများသည် အလှူငွေများ လှူဒါန်းလျှင်သူ့တို့ကို ချီးမွမ်းသည့် သတင်းများပင် တက်လာလိမ့်မည်။ နှစ်ဖက်စလုံးအတွက် အကျိုးရှိသည့် အခြေအနေဖြစ်သည်။ သို့သော်လည်း ထိုမိသားစုသည် ဘာမှမပြောဘဲ စတူဒီယိုမြို့ အပေါက်တွင် ဒူးထောက်ထိုင်နေကြသည်။ ဒီလိုအခြေနေမျိုးနှင့် ကြုံတွေ့ရသည့်သူတိုင်း ရွံရှာကြလိမ့်မည်။
ချန်းပေါင်သုန့်နှင့် အခြားသူများသည် လွန်ခဲ့သည့် တစ်စက္ကန့်ကပင် ထောင်မုသည် ကလေးကောင်းတစ်ယောက်အကြောင်း ပြောဆိုနေကြသည်။ အေးစက်ပြီး ဘာမှမထူးခြားသော်လည်း အမှန်မှာ နွေးထွေးပြီး ကြင်နာတတ်သူဖြစ်‌ ကြောင်းပင်ပြောခဲ့သည်! ဒီလိုအချိန်တိုလေးအတွင်းမှာပဲ သူသည် မိန်းကလေးများကို MLM တွင်းမှ ကယ်ထုတ်နိုင်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် သာမန်ကောင်လေးတစ်ယောက် မဟုတ်ပေ။ သို့သော်လည်း နောက်တစက္ကန့်တွင် ကျန်းမိသားစုသည် အဖွဲ့သားအားလုံးကို တံတွေးထွေးပြီး မီးကင်သည်နှင့် ညီမျှသည့် မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့လေသည်။
စိတ်ဆိုးနေသည့် ချန်းပေါင်သုန့်သည် ချက်ချင်းပဲ "ထောင်မုက ကောင်းတဲ့ ကလေးမဟုတ်ဘူးလို့ ငါပြောတယ်မလား? ငါတို့ဘာမှမလုပ်ရပဲနဲ့ ဒီလောက်ကြီးမားတဲ့ ပြဿနာကို သူလုပ်သွားတာ။ ပြီးတော့ သူက ဖင်ကို ပုတ်ပြီး ထွက်သွားတယ်!"
အဖွဲ့သားများသည် ချန်းပေါင်သုန့် ဒေါသထွက်စွာနှင့် ပြောလိုက်သည့် စကားများကိုသဘောမတူပေ။ သို့သော် သူတို့၏ နှလုံးသားထဲတွင်အနည်းငယ် မသက်မသာ ဖြစ်ခဲ့သည်။ အဓမ္မခိုင်းစေခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ခြိမ်းခြောက်ခြင်းမျိုးကို မည်သူမျှမကြိုက်ကြပါ။ အထူးသဖြင့် သူတို့လို လူသိများကျော်ကြားသည့် ပုဂ္ဂိုလ်များသည် ၎င်းတို့၏ အသွင်အပြင်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည် သို့မဟုတ် ၎င်းတို့၏ ပိုက်ဆံအိတ်များကို ဆုပ်ကိုင်ထားပြီး ငွေထွက်ရခြင်းထက် အသေသာခံချင်ကြသည်။ ဘယ်လိုပဲ ရွေးချယ်ခဲ့ပါစေ ဤအရာသည်ဘေးအန္တရာယ်တစ်ခုပါပဲ။
ကံအားလျော်စွာဖြင့် ထောင်မုသည် ဖင်ကို ပုတ်ပြီး မထွက်သွားခဲ့ပေ။ သူသည် ထိုလိုလူမျိုးလုံးဝမဟုတ်သည့်အပြင် ကျန်းမိသားစုကဲ့သို့ လူဆိုးများကြောင့် တခြားလူများနှင့် အဆက်အသွယ်များ ပြတ်တောက်သွားတာမျိုးအဖြစ်မခံပါ။ အထင်ကြီးလောက်စရာ အမှတ်များ ဆုံးရှုံးသွားသည်နှင့် တစ်ဖန် ပြန်လည်ပြင်ဆင်ရန် ခက်ခဲသည်။
ထောင်မုသည် အဖွဲ့တွင် ရက်အနည်းငယ်ကြာသည်အထိ နေခဲ့ရပြီး ဒေါသကို မျိုချကာ ကျွမ်းကျင်မှုကို ပြသပြီး အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရသည်။ နောက်ဆုံးတွင် သူသည် ဤလူများထံမှ သူလိုချင်သော အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ထို့ကြောင့် ကျန်းမိသားစုလို လူယုတ်မာများမှ သူ့အစီအစဉ်များကို အိမ်သာထဲ ဆွဲချမည့်အဖြစ်မျိုးကို မည်သို့ သည်းခံရမည်နည်း။
ထောင်မုလိုလူမျိုးသည် သူ့ကို မကြိုက်တာပဲဖြစ်ဖြစ် သူ့မျက်နှာကို အရှက်ခွဲတာပဲဖြစ်ဖြစ် ဂရုမစိုက်သော်လည်း သူ့လမ်းကို လာတားခဲ့လျှင် ကြိုပြီးတော့တောင်းပန်ဖို့သာပြင်ထားလိုက်ရမည်ဖြစ်သည်။
သေသေချာချာစဉ်းစားပြီးသောအခါတွင် ထောင်မု သည် သူ့ဖုန်းထဲတွင် သိမ်းဆည်းထားသည့် နံပါတ်ကို ဖုန်းခေါ်ချင်သော်လည်း ဖုန်းခေါ်ရမည်ကို အားနာလွန်းလှသည်။
"အစ်ကိုယောင်၊ ကျွန်တော့်ကို မှတ်မိသေးလား? ကျွန်တော် ရှောင်မုပါ"
"မင်းကလေးက ငါ့ကို မှတ်မိနေသေးတာပဲ၊ စကားမပြောဘဲ အဝေးကိုပြေးသွားပြီး ဒီအစ်ကိုကို ဖုန်းခေါ်ဖို့ လအတော်ကြာမှ သတိရတာပဲ၊ အခု မင်းမှာ အကြောင်းတစ်ခုခုရှိလို့ ဖုန်းဆက်လာတာမလား ကိစ္စတစ်ခုခုဖြစ်မှ ဘုရားကျောင်းကို ရောက်လာသလိုပေါ့!" အခြားတစ်ဖက်မှ ပေကျင်း လေယူလေသိမ်းစစ်စစ်ထွက်ပေါ်လာသည်။ နိုက်ကလပ်တစ်ခုတွင်အလုပ်လုပ်တုန်းက ထောင်မု၏ သူဌေးဖြစ်သူ လျှို့ယောင်သည် ရယ်ပြီး "စကားပြောကြရအောင်။ ဒီအစ်ကိုက ဘာလုပ်ပေးရမလဲ?"
"သူတို့ပြောတာ အံ့ဩစရာမရှိပါဘူး။ မင်းက ဗုဒ္ဓဖြစ်ပြီး ကျွန်တော်တို့က မျောက်တွေလိုပါပဲ။ ကျွန်တော်တို့ ဘယ်လောက်ပဲ လည်ပတ်နေပါစေ မင်းရဲ့ လက်ဖဝါးထဲက ထွက်လို့ရမယ်လမ်းကို ရှာမတွေ့ဘူး" ထောင်မု ရယ်လိုက်ပြီး- "အစ်ကို ကျွန်တော့်ကို တစ်ခုလောက် ကူညီပါ....."
"ကလေးလေး!" ထောင်မု၏စကားကိုကြားသည့်အခါ လျှို့ယောင်သည် မျက်မှောင်ကြုတ်ပြီး "မင်းအစ်ကိုကို ဦးလေးနဲ့အဒေါ်တွေကို ကြောက်အောင်လုပ်ပေးဖို့ တောင်းနေတာပဲ၊ ပြန့်သွားခဲ့ရင် မင်းအစ်ကိုယောင်က ဘယ်လိုမျက်နှာမျိုပြရမှာလဲ!"
"သူတို့ကို ကြောက်ဖို့ မလိုဘူး။" ထောင်မုသည်ပြုံးပြီး "သူတို့ရဲ့ အိမ်လိပ်စာကိုသိရဖို့ အစ်ကို ကူညီပေးပါ။ ပြီးရင် သစ်သီးတောင်းတွေ ပေးဖို့အတွက် တစ်ယောက်ယောက်ကို ပို့ပေးပါ။ ကျန်တာ သူတို့နဲ့ စကားပြောမယ်"
"ကြောက်စရာမလိုဘူးဆိုရင် ဘာအတွက်လုပ်နေတာလဲ။ မင်းကအရမ်းဟန်ဆောင်ကောင်းတဲ့ ကလေးပဲ!" လျှို့ယောင်သည် လှောင်ပြောင်ပြီး "ကောင်းပြီ၊ ငါ့ညီလေးကို ဘယ်သူအနိုင်ကျင့်ရဲသလဲ? အစ်ကိုသေချာလုပ်ထားလိုက်မယ်။ မင်းပြန်လာတဲ့အခါ မင်းအစ်ကိုကို ကျေးဇူးတင်တဲ့အ‌နေနဲ့ စားပွဲတစ်ပွဲ မကျွေးသင့်ဘူးလား အစ်ကိုက မျက်နှာပျက်စရာဖြစ်မယ့် ရှုပ်ထွေးနေတဲ့ကိစ္စကို ကူညီပေးရမှာဆိုတော့?”
"အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ် အစ်ကိုယောင်။ ကျွန်တော်ပြန်လာတဲ့အခါ အစ်ကို့အတွက်စားပွဲအပြည့်လုပ်ပေးပြီး ဧည့်ခံပါမယ်။ ဒါနဲ့ အစ်ကိုရှောင်ချီရောနေကောင်းလား?" နိုက်ကလပ်တွင်ထောင်မုအား အကြံဉာဏ်များစွာပေးခဲ့သော လျှို့ယောင်၏ လက်တွဲဖော်အကြောင်း မေးလိုက်သည်။
"မင်းရဲ့အစ်ကို ရှောင်ချီက အရင်အတိုင်းပါပဲ! ချမ်းသာတဲ့ အမျိုးသမီး ထောင်ပေါင်းများစွာကြားမှာ ရေပန်းစားနေတုန်းပဲ၊ တချို့လူတွေက သူ အစောင့်အကြပ်အဖြစ် မလုပ်တော့တာတောင် နေ့တိုင်း ဖုန်းဆက်ပြီး စာတွေပို့နေကြတုန်း။ လက်ဖက်ရည်သောက်ပြီး စကားစမြည်ပြောဖို့ထွက်သွားပြန်ပြီ။" လျှို့ယောင်သည် ဒီအကြောင်းကို အတော်လေး ချဉ်နေတုန်းပင် "မင်းပြန်လာတဲ့အခါ မင်းရဲ့ကတ်ပြားကို စတိုးဆိုင်မှာ ချိတ်ထားလိုက်မယ်! မင်းရဲ့မျက်နှာကပဲ မင်းအစ်ကိုရှောင်ချီရဲ့ အရည်အချင်းတွေကို အမွေဆက်ခံနိုင်တာ မင်းသာဆိုင်မှာ ရပ်နေရင် အဲ့ကျမှ အဲ့ဒီလူအုပ်စုက မင်းရဲ့အစ်ကိုရှောင်ချီကို ဂရုမစိုက်တော့မှာ"
"အဲ့ဒါက အလုပ်မဖြစ်ပါဘူး။ ကျွန်တော်ကစူပါစတားဖြစ်ချင်တယ်၊ ဒီလို အမည်းစက်ကြီး အဖြစ်မခံနိုင်ဖူး!" ထောင်မုသည် သူ့အစ်ကိုယောင်နှင့် ပြုံးပြီး နောက်ပြောင်နေခဲ့ကြသည်။ ဖုန်းမချခင် နှစ်ယောက်သား အချိန်အနည်းငယ်ကြသည်အထနစကားစမြည်ပြောဖြစ်ကြသည်။
တိုက်ဆိုင်စွာပင် လျှို့ယောင် ဖုန်းချလိုက်သည်နှင့် မုံ့ချီသည် ဝင်လာပြီး ဆိုဖာပေါ်တွင် ထိုင်နေသော သူ၏ အထက်ပုဂ္ဂိုလ်သည် လက်ကိုင်ဖုန်းကိုကိုင်ထားပြီး လူသတ်တော့မည့် အကြည့်ဖြင့် တီဗီ ကြည့်နေသည်ကိုတွေ့သောအခါ သူသည် မမေးပဲမနေနိုင်ခဲ့ပေ "ဘာကိစ္စရှိလို့လဲ? ဒီတစ်ခါ မင်းကို ဘယ်သူလာဆွတာလဲ?"
"အခုပဲ ရှောင်မု ငါ့ကိုဖုန်းဆက်တယ်။" လျှို့ယောင်၏ မျက်လုံးများသည် တီဗွီကို မှုန်ကုပ်ကုပ်ကြည့်နေသည် - "ဒီကလေး အပြင်မှာ အနိုင်ကျင့်ခံရတာဖြစ်မယ်။ သူဆက်ပြီး သည်းမခံနိုင်တော့လို့နေမှာ မဟုတ်ရင် သူငါ့ကို မခေါ်ဘူးရယ်"
ထောင်မု ဖုန်းထဲမှပြောသည့်အတိုင်း သူသည် အနာဂတ်တွင်စူပါစတားတစ်ဦးဖြစ်လာမည်ဖြစ်သည့်အတွက် အမည်းစက်လည်း မရှိသင့်ပေ။ ထို့ကြောင့် နိုက်ကလပ်မှ ထွက်သွားသည့်နေ့ကစပြီး ထောင်မု သည် ထိုထဲကဘယ်သူ့ကိုမျှ မဆက်သွယ်ခဲ့ပေ။
ထောင်မုသည် ဤကိစ္စကို ဖွင့်ဟ မပြောသော်လည်း လူတိုင်း ကောင်းကောင်းသိပါသည်။ ထို့ကြောင့် ထောင်မု ကလပ်မှ ထွက်သွားသည့်နေ့မှစ၍ လျှို့ယောင် သို့မဟုတ် ကလပ်ရှိ အခြားမည်သူမဆို ထောင်မုကို ဖုန်းမခေါ်တော့ဘဲ မက်ဆေ့ချ်သာပို့လိုက်သည်။
ထောင်မု မွေးနေ့မှာတောင် မသွားခဲ့ပါ။ ကလပ်ရှိလူများသည် လက်မလွှတ်ဘဲ ချည်နှောင်ရန် ကြိုးစားနေကြသည်ဟူ၍ ထောင်မုအထင်လွဲမည်ကို ကြောက်ရွံ့ကြသည်။
ယခုမူ ထောင်မုသည် ၎င်းတို့အား စပြီး ဆက်သွယ်ခဲ့သည်။ အများအားဖြင့် ထိုကဲ့သို့ခေါင်းမာသော ကလေးသည် သူ့အမှားကို ဝန်ခံပြီး မာနကို ဂရုမစိုက်ဘဲ ဖုန်းခေါ်ဆိုလာသည်အထိ မည်မျှ ဒုက္ခရောက်ခဲ့သနည်း?
မုံ့ချီသည် ခဏလောက် အံ့ဩသွားပြီး ပြုံးလိုက်သည် "ဘာပဲဖြစ်ဖြစ် ငါတို့ရှေ့ကြီးလာတဲ့ ကလေးပဲလေ။ သူက အပြင်မှာ တကယ်ပဲ အနိုင်ကျင့်ခံရရင် မင်း သူ့ကိုတစ်ယောက်တည်း မထားခဲ့နိုင်ပါဘူး။ ငါ ရှောင်မုကိုသိတယ်၊ သူက နည်းနည်းတော့ စိတ်တိုလွယ်ပေမယ့် သူက ယောက်ျားကောင်းတစ်ယောက်ပါ။"
"ဟုတ်တယ်! ငါတို့ကလေးကို ငါဘယ်လိုမှ ဂရုမစိုက်ပဲ မနေနိုင်ဘူး!"
ထောင်မုသည် ကလပ်၌အလုပ်ဆင်းသည့်အချိန်တုန်းက အထက်တန်းကျောင်းပထမနှစ်သာ ရှိသေးသည်။ ထိုအချိန်တုန်းက သူသည် ဆယ့်ခြောက်နှစ်တောင် မပြည့်သေးပါ။ ကလေးသည် ချောမောပြီး ချိုသာစွာ ပြောဆိုတတ်ပြီး အလွန်လိမ္မာပါးနပ်သောကြောင့် ကလပ်ရှိလူတိုင်းသည် သူ့အား ချစ်ခင်ကြသည်။ ဘားတင်ဒါမှစပြီး အဆိုတော်နှင့် သခင်လေးများအထိ ဤကောင်ငယ်လေးသည် ၎င်းတို့၏ထူးခြားသောစွမ်းရည်များကို သူ့ထံသို ရောက်လာစေရန် လူဘယ်နှစ်ယောက်ကိုများ အရူးလုပ်ခဲ့သနည်း?
လျှို့ယောင်သည် ကလေးတစ်ခုခုဖြစ်မည်ကို စိုးရိမ်သောကြောင့် ထောင်မုကို ကလပ်ရှေ့တွင် အလုပ်မလုပ်ခိုင်းတော့ပေ။ သူ ထိုကောင်လေးအား ဂရုမစိုက်နိုင်သည့်အချိန်တွင် အားကောင်းမောင်းသန်ဖောက်သည်အချိုသည် ကောင်လေးအားပစ်မှတ်ထားမည်ကို သူကြောက်သည်။ သူတို့နှစ်ဦးကြားတွင် အသက်နှစ်ဆယ်ကွာဟချက်ရှိသောကြောင့် ထောင်မုသည် သူ့ကို အစ်ကိုဟု ခေါ်သော်လည်း သူသည် ထောင်မုကို သူ့သားကဲ့သို့ဆက်ဆံခဲ့သည်။ သူနှင့် မုံ့ချီတို့သည် ဤဘဝမှာ သူတို့ကိုယ်တိုင် ကလေးယူဖို့မဖြစ်နိုင်ပါ။ ထောင်မုသည် ပြတ်သားစွာဖြင့် ကလပ်မှ ထွက်ခွာသွားသောအခါ လျှို့ယောင် နှလုံးသားမှာ အမှန်တကယ် ကြေကွဲသွားခဲ့သည်။ သူအရက်မူးသွားသောအခါတွင် ထောင်မု ထံသို့ မက်ဆေ့ချ်ပေးပို့ခဲ့သည်- "မင်း အဖိုးလျှို့က ကျန်းဟူမှာနှစ်အတော်ကြာအောင် အလုပ်လုပ်ခဲ့တာ။ လူအများကြီးကိုလည်း တွေ့ကြုံဖြတ်သန်းဖူးတယ်။ မင်းက ငါတို့ကို ရှက်တယ်‌ပေါ့ဟုတ်လား? ဒါ​ပေမယ့် ငါတို့လည်း မင်းကို ဂရုမစိုက်​တော့ဘူး။ အခုကစပြီး ငါတို့ ကိုယ့်​လမ်းကိုယ်​လျှောက်ကြမယ်။ မင်း ဘယ်​လို ​အောင်​မြင်​မှု​တွေ ရမလဲဆိုတာ ငါကြည့်​နေမယ်!"
သို့သော် ထောင်မုမှ ဖုန်းခေါ်လာသောအခါ လျှို့ယောင်သည် ထောင်မု စကားမပြောရသေးခင်မှာပင် ချက်ချင်းဆိုသလိုပျော့ခွေသွားခဲ့သည်။ သူသည် သူတို့‌ရှေ့မှာကြီးပြင်းလာသည့် ကလေးဖြစ်သည်။ သူ အမှားလုပ်မိခဲ့လျှင် သို့မဟုတ်မှားခဲ့လျှင်ပင် သူတို့သည်သာ ရိုက်နှက်ဆူပူကြိမ်းမောင်းသင့်ပြီး ပြင်ပလူများမှ သူ့ကိုအနိုင်ကျင့်တာမျိုး လက်မခံနိုင်ပေ။
"ချီးပဲ၊ ကုသိုလ်ကောင်းမှုလုပ်ရင်တောင်မှ လုယက်ခံရဖို့တောင် ဦးတည်သွားနိုင်တယ်။ အဲ့ဒါ ပြန့်သွားရင် ငါ့မျက်နှာပျက်လိမ့်မယ်။ လမ်းပေါ်က တစ်ယောက်ယောက်က လျှို့ယောင်ကို အနိုင်ကျင့်နိုင်ပါ့မလား?" လျှို့ယောင်၏ မျက်လုံးများ နီရဲလာပြီး သူ့အောက်မှလူများကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ဖုန်းချလိုက်ပြီးနောက် သူသည် မုံ့ချီနှင့် စကားစမြည်ပြောခဲ့သည် "ရှောင်မုမကြာခင်ပြန်လာတော့မယ်။ သူဘယ်မှာနေမှာလဲ? အခုလောလောဆယ် သုန့်ချန်းခရိုင်က မင်းရဲ့အိမ်မှာနေခိုင်းလိုက်မယ်။ အဲဒါမှ သူ ပိတ်ရက်တွေမှာ နားနားနေနေ နေလို့ရမှာ။"
အထက်တန်းကျောင်းမပြီးမီ ထောင်မုသည် ကလပ် ၏ဝန်ထမ်းအိပ်ဆောင်တွင် နေထိုင်ခဲ့သည်။ ယခုမူ ထောင်မုသည် ကနာမည်ကြီးများအား မွေးထုတ်ပေးသည့် ရုပ်ရှင်ကျောင်းတစ်ခုတွင် တက်ရတော့မည့်အတွက် ထိုလူအုပ်စုနှင့် နေထိုင်ရန် မသင့်လျော်တော့ပေ။
မုံ့ချီသည် လျှို့ယောင်ကို ရွှင်မြူးစွာကြည့်ကာ ရယ်နေခဲ့သည်" အိုက်ယား ငါမှတ်မိပါသေးတယ်။ နောက်ဘယ်တော့မှ မတွေ့တော့ဘူးလို့ တစ်ယောက်ယောက်က ပြောခဲ့ဖူးသလားလို့? "
"ဒါတွေက ဒေါသထွက်တုန်းက ပြောခဲ့တာပဲ မဟုတ်လား?" လျှို့ယောင်သည် လက်ကို ဝှေ့ယမ်းပြီးလည်ပင်းများ နီရဲနေလာသည့်အထိ ပွတ်ခဲ့သည်။ သူ့ပါးစပ်သည် နားရွက်နားရောက်သည်အထိ ကျယ်သွားပြီး ပြုံးနေလေသည်။ "အခုတော့ ကလေးက သူ့အမှားတွေကို ငါတို့ကို ဝန်ခံလာခဲ့တယ်။ ငါတို့က အသက်လေးဆယ်ကျော် အရွယ်ရောက်နေပြီလေ ကလေးနဲ့ ဘယ်လိုလုပ်ပြီးငြင်းခုန်နိုင်ပါ့မလဲ?"
မုံ့ချီသည် တခစ်ခစ်ရယ်လိုက်ပြီး "မနက်ဖြန် ငါ့အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ မင်းငါ့ကို လိုက်ပို့ပေးရမယ်။ အိမ်မှာ တစ်ယောက်မှ မနေတာကြာပြီ။ ဒါ့အပြင် ပရိဘောဂတွေလည်း ပြောင်းရမယ်။ ကွန်ပြူတာလည်း တပ်ကြရအောင်။ နောက်ပြီး ရှောင်မုကို အဲ့ဒါကို ငှားမယ်လို့ ပြောရမယ်။ ကလေးက မာနကြီးတယ်လေ"
လျှို့ယောင်က "မင်း အရမ်းတွေးနေတာပဲ။"
တစ်ဖက်တွင် ထောင်မုသည် ဖုန်းကိုချပြီးနောက်နံရံကိုမှီပြီး ငုတ်တုတ်ထိုင်ချလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ရုတ်တရက် သူ့ကိုယ်သူ ပါးရိုက်လိုက်သည်။
"ထောင်မု မင်းက လူယုတ်မာပဲ!"
လျှို့ယောင်နှင့် မုံ့ချီတို့သည် ထောင်မု မထိနိုင်သော အမာရွတ်များဖြစ်သည်။ ဤလူနှစ်ယောက်သည် ထောင်မု၏စိတ်နှလုံးနည်းပါးခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းကိုခံခဲ့ရသည့်သူများဖြစ်သည်။
သူ၏ယခင်ဘဝတွင် ထောင်မုသည် ကလပ်မှလူများသည် ကောင်းမွန်သော နောက်ခံများမရှိ၍ ထိုလူများနှင့် မပတ်သက်ချင်ခဲ့ပေ။ လျှို့ယောင်၏ လွှမ်းမိုးမှုကြောင့် ပေကျင်းမှ မထွက်ခွာမီ ထောင်မုသည် ဘာမှ မပြောဝံ့သော်လည်း သူ၏ သဘောထားမှာ အလွန်ရှင်းလင်းသည်။
လျှို့ယောင်က ဘယ်လိုလူလဲ? ယခု အသက်ကြီးလာသောအခါ သူသည် စစ်မှန်သော စီးပွားရေးကို စတင်လုပ်ကိုင်နေသော်လည်း ငယ်ရွယ်စဉ်အခါကသူသည် လှည့်ကွက်များစွာဖြင့် ကျင်လည်ခဲ့သည်။ ထို့ကြောင့် သူသည် ထောင်မု၏ အတွေးများကို ခန့်မှန်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ထောင်မု ကလပ်မှ ထွက်ခွာပြီးနောက် လျှို့ယောင်သည် အဆက်သွယ်ဖြတ်တောက်ခဲ့သည်။ ထို့အပြင် သူဌေးလျှို့သည် သူ့ကိုယ်တိုင်သာမက ကလပ်ရှိ လူအားလုံးကို ထောင်မုအား မဆက်သွယ်ခိုင်းခဲ့ပေ။
နောက်ပိုင်းတွင် ထောင်မုသည် ရှန်းမိသားစုသို့ ပြန်လာခဲ့ပြီး ရှန်းမိသားစု၏ သခင်လေးဖြစ်လာသည့်အခါ တွေ့ဆုံမှုလုံးဝမရှိတော့ပေ။
သို့သော် ထောင်မုသည် ရှန်းယွီကို စော်ကားသည့်အတွက် ရှန်းအိမ်မှ ထုတ်ပယ်ခံရပြီးဖျော်ဖြေရေးအသိုင်းအဝိုင်းမှ ရှန်းယွီကို အထင်ကြီးလေးစားသူများသည် သူ့အား နှင်ထုတ်လိုက်သည့်အခါ လျှို့ယောင်သည် ပေကျင်း ရုံးချုပ်အခြေစိုက်ဖြစ်သည့် မီဒီယာနှင့် မားကတ်တင်းအကောင့်များကို သင်ခန်းစာတစ်ခုပြီးတစ်ခု ပေးခဲ့သည်။ သူ၏ ပြင်းထန်သော နည်းဗျူဟာများကြောင့် ဤစျေးကွက်ရှာဖွေရေးအကောင့်များရှိ ထောင်မုအကြောင်း မကောင်းရေးထားသည့်ဆောင်းပါးများအားလုံးကို ရုပ်သိမ်းခဲ့သည်။ ဤမီဒီယာနှင့် မားကတ်တင်းအကောင့်များသည်အင်တာနက်ပေါ်တွင် ထောင်မုအား လူသိရှင်ကြား တောင်းပန်ခဲ့သည်။ ဟုတ်ပါသည်၊ သူဌေးလျှို့၏ နည်းလမ်းများသည် တရားဝင်မဟုတ်သည်မှာ သေချာပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဤအဖြစ်အပျက်သည် ထောင်မု၏ အားနည်းချက်များထဲမှ တစ်ခုဖြစ်လာပြီး ထောင်မုသည် ထိုသူများကို အမည်ပျက်အဖြစ်သို့ဦးတည်သွားစေသည့် အထောက်အထားတစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ထောင်မု တွင်အပြစ်အရှိဆုံးဟု ခံစားစေရသည့်အရာမှာ ရှန်းယွီကို အထင်ကြီးလေးစားသူများသည် လျှို့ယောင်မှ သူ့ကိုကူညီသည့်အတွက် လျှို့ယောင် ကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ထိုလူအုပ်စုသည် အစ်ကိုယောင်၏လုပ်ငန်းများကို ဒုက္ခဖြစ်စေရန် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ နိုက်ကလပ်များသည် စုံစမ်းစစ်ဆေးမှုတွင်အတည်မပြုနိုင်သော လုပ်ငန်းတစ်မျိုးဖြစ်သည်။ နောက်ဆုံးတွင် လျှို့ယောင်သည် ပေကျင်းမှ ထွက်ခွာရန် တွန်းအားပေးခံခဲ့ရပြီး မုံ့ချီ၏ မွေးရပ်မြေတွင် ပုန်းအောင်းရန် မုံ့ချီကို ခေါ်ဆောင်သွားခဲ့ရသည်။ သူနှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားသည့် အရာများသည် မီးခိုးငွေ့လိုပဲ ပျောက်ပြတ်သွားခဲ့သည်။
သိုသည့်တိုင် သူတို့နှစ်ယောက်သည် ထွက်မသွားခင်မှာပင် ထောင်မုနှင့်တွေ့ပြီး ထောင်မုကို ထိုအရာများအား သိပ်ပြီးမစဉ်းစားဖို့ ပြောခဲ့သည်။
"ဒီမှာ အလုပ်မလုပ်ချင်တာကြာပြီ။ ငါတို့ရဲ့ဇာတိမြို့ကို ပြန်ရတာ ကောင်းပါတယ်။ ငါတို့ရဲ့မွေးရပ်မြေက တောင်တန်းတွေနဲ့ မြစ်တွေရဲ့ ရှုခင်းတွေက သာယာတယ်။ မင်းအစ်ကိုရှောင်ချီနဲ့ ငါက ဧရိယာအကျယ်ကြီးရှိတဲ့ မြေကွက်ကို စာချုပ်ချုပ်ပြီး အသီးအရွက်တွေစိုက်မယ်။ ပြီးရင် လယ်သမားအိမ်လေးလည်း ဆောက်မယ်။ အခု မြို့သားတွေ သဘာ၀တရားကို ခံစားတဲ့ပုံစံနဲ့ တူတယ်မလား။ မင်းအစ်ကိုရှောင်ချီနဲ့ ငါလည်း အဲ့လိုပဲ လိုက်လုပ်တော့မယ်!”
"မင်းအချိန်ရရင် ကျိုးယန်ကိုခေါ်ပြီး လာလည်ပေါ့။ မင်းရဲ့အစ်ကိုရှောင်ချီနဲ့ ငါက သေချာဧည့်ခံမှာပါ"
သို့သော် နောက်ပိုင်းတွင် သူယုံကြည်ရဆုံးဖြစ်သော ကျိုးယန်သည်လည်း သူ့ကို သစ္စာဖောက်ခဲ့သည်။ နောက်ဆုံးတွင် ထောင်မု သည် အဆောက်အဦးတစ်ခုမှ ခုန်ချခဲ့ပြီး အစ်ကိုရှောင်ချီ၏မွေးရပ်မြေသို့ အလည်မသွားခဲ့ရပေ။
ထိုအကြောင်းကို သေချာတွေးကြည့်လိုက်လျှင် ထောင်မုသည် သူ၏ယခင်ဘဝတွင် လူတော်တော်များများကို စိတ်မကောင်းဖြစ်စေခဲ့ပါသည်။
ဤဘဝတွင် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သည့် သူအားလုံးကို ပြန်ပေးဆပ်ချင်သည်။ ပြီးလျှင် သူတို့ကို အကောင်းဆုံး ဆက်ဆံမည်။ နှလုံးသားနှင့် အနီးဆုံးနေရာတွင် ထားပြီး သူတို့ကို နောက်တစ်ကြိမ် ထပ်မနာကျင်အောင် ဂရုစိုက်၍ စောင့်ရှောက်မည်။
အခြားသူများသည် ကိုင်တွယ်ရန် အလွန်လွယ်ကူသည်။ အဓိကအားဖြင့် ကလပ်မှ အဖွဲ့ဖြစ်သည်။ ထိုအချိန်တွင် သူသည် ဂရုမစိုက်ခဲ့ပဲ သူ၏သဘောထားသည်လည်း လူအများကို ထိခိုက်စေခဲ့သည်။ အစ်ကိုယောင်နှင့် အစ်ကိုရှောင်ချီတို့သည် ထက်မြက်လွန်းသည်။ ထောင်မု သည် ဤလူများနှင့် မည်သို့ပြန်ဆက်သွယ်ရမည်ကို မသိခဲ့ပေ။ သို့သော် ကျန်းမိသားစုသည် သူ့အားဤအခွင့်အရေးပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒီအတိုင်းဆိုတော့လည်း မဆိုးပါဘူး။
သူသည် ဖုန်းခေါ်ခဲ့ပြီး သူ့အမှားများကိုဝန်ခံရန် အစပြုခဲ့သည်။ သူ၏ပုံစံသည် စိတ်ပျက်စရာကောင်းပြီး သနားစဖွယ်ဖြစ်နေသည်။ အစ်ကိုယောင်နှင့် အစ်ကိုရှောင်ချီသည် သူ့အား ဒေါသထွက်နေသော်လည်း သူအနိုင်ကျင့်ခံရသည်ကို မလိုလားပေ။ သူတို့သည် အရင်ဘဝကပင် ထိုကဲ့သို့သော အခြေနေမျိုးကို မလိုလားခဲ့သောကြောင့် ယခုအခါတွင်လည်း သေချာပေါက် သဘောကျလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ထောင်မုမှာလည်း သူ့ကိုချစ်သည့်သူများရှိသည်။
ထောင်မု မျက်ရည်များသုတ်လိုက်သည်။  H မြို့၏လေထုသည် တကယ်ကိုဆိုးကာ သူ့အားမွန်းကျပ်စေသည်!
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now