အပိုင်း (18. 2)

3.2K 437 10
                                    

(  18. 2)

နောက်ရက် အနည်းငယ် အတွင်းမှာ စုယွမ် က အိမ်မှာ ပဲ နေ ပြီးတော့ ကလေးတွေကို ပျိုးထောင် နေခဲ့ လေတယ်။ ဖုန့်ဝူယိုး ပေးလာတဲ့ သားမလျော ဆေးကို သောက် ပြီးတော့ သူ့ဗိုက် ထဲက ဥ လေး တွေက ပိုပြီးတော့ တဖြေးဖြေးနဲ့ အသက်ဝင် လာတယ် လို့ စုယွမ် ခံစား ရလေတယ်။

ပြီးတော့ ရံဖန်ရံခါ အချိန်တွေမှာ ဥတွေက ဗိုက်ထဲ လှုပ်ရှား သွားတယ် ဆိုတာ ကို ခံစား မိလေတယ်။ စုယွမ် က မထိန်းနိုင်ပဲ ပျော်ရွှင် မှုကို ခံစား ရလေတယ်။ ကြည့်ရတာ တော့ ကလေးလေး နှစ်ယောက် က ကျန်းမာပြီး တော့ သက်ဝင် လှုပ်ရှား တက်ကြွ နေတဲ့ ဟန် ပါပဲ။

အဲ့နေရာမှာ သူတို့ ၃ ယောက်က ခြံဝင်း ထဲမှာ ထိုင်ပြီး တော့ စကား ပြောနေစဥ် မှာ ဖုန့်ဝူယိုး က ပြောလိုက် လေတယ်။

'' စန်းဟွား မြို့က ကောင်းကောင်း စီစဥ်ထားတယ် ဆိုပေမယ့် ရံဖန်ရံခါ အငြင်းပွား မှုတွေ ဖြစ်ပွားနေတယ်လေ။ ငါက ဒီကို လာပြီးတော့ ရှီရှီကို လာရှာကာ အိမ်ပြန် ခေါ်သွား မလို့ပဲ ဖြစ်တယ်။ ငါ ဒီရက်တွေမှာ ရှီရှီ ကို အဲ့အကြောင်း ပြောခဲ့ပေမယ့် သူမက မင်းကို ထားခဲ့ဖို့ ငြင်း ဆိုနေတယ်လေ။ ပြီးတော့ မင်း နေတဲ့ နေရာမှာ ပဲ သူနေမယ် ဆိုပြီး ငါ့ကို ခြိမ်းခြောက် လာတယ်လေ။ အဲ့တာ ကြောင့် မလို့ ငါတို့ ကလန် ထဲကို လိုက်ခဲ့ ပေးဖို့ မင်းကို ဒုက္ခ ပေးချင် ပါတယ်။ မင်းက အခု ထူးခြားတဲ့ အခြေအနေ မှာ ရှိနေ ပြီးတော့ ငါတို့ ကလန်ကို လိုက်ခဲ့တာ ကတာ ပိုကောင်း မှာပါ။ ကလေး မွေးဖို့ နေ့ရက်တွေ ကို ကောင်းစွာ စောင့်နိုင်တာ ပေါ့လေ။ အဲ့တာ က ငါတို့ နှစ်ဖက် လုံး အတွက် ပိုပြီးတော့ ကောင်းတယ်။ မင်း ဘယ်လို တွေးထား သလဲ ဆိုတာ ကိုတော့ ငါလည်း မသိတော့ပါဘူး ''

ထိုအကြောင်း ကို ကြားပြီးတဲ့နောက် စုယွမ် က အရမ်းကို လှုပ်ရှား သွားတယ်။ သူက ကလေး နှစ်ယောက် ကို ထားဖို့ ဆုံးဖြတ် လိုက်ပြီ ဆို ကတည်းက  သူက ကလေးတွေကို သဘာဝ ကျစွာနဲ့ ကာကွယ်ပေးဖို့ ဆန္ဒ ရှိခဲ့ လေတယ်။

ဒါပေမယ့် ကလေး တွေသာ သူ့အပေါ်ကို မှီခို ခဲ့ရင် ဒီကမ္ဘာပေါ်မှာ ခြေကုပ် တစ်နေရာ ရဖို့ရာ အတွက် အတော်လေး ​ကို ခက်ခဲ သွားမှာ ပဲ ဖြစ်လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now