အပိုင်း (24)

2.1K 305 3
                                    

(24)

စုယွမ် က တံခါးကို ပြင်းထန် စွာခေါက်ပေမယ့် ဘယ်သူ တစ်ဦး တစ်ယောက် ကမှ တုံ့ပြန် မှု ကတော့ ရှိမလာပါပေ။

ထားလိုက် ပါတော့။

စုယွမ် က သက်ပြင်း ချ ကို နက်ရှိုင်းစွာ ချ လိုက်လေတယ်။ ပြီးတော့ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက် လေတယ်။

နောက်တော့ ပြန်လှည့်ကာ ထိုနေရာ မှာ ပတ်ကြည့် လေတယ်။ စုယွမ် ရှာတွေ့ ခဲ့တာ ကတော့ ထိုနေရာက ကြီးပေမယ့် သူက ဟဲလျန်ချန်း ရဲ့ အိပ်ယာ ကြီး ပဲ ရှိနေတာ ကို တွေ့လိုက် ရလေတယ်။ အဲ့အိပ်ဆောင်ရဲ့ ဘေးမှာတော့ အိပ်ခန်းငယ် တစ်ခု၊ မီးဖိုချောင် အသေးတစ်ခု နဲ့ သိုလှောင်ခန်း အသေးလေး တစ်ခု သာရှိလေတယ်။

အဲ့ထဲမှာ ရှိတဲ့ ပစ္စည်းတွေ က သိပ်ပြီးတော့ များများစားစား မရှိပါပေ။ စီးထူယန် က ငွေရောင်ရေခဲမြွေ ကလန် တစ်ခု လုံးကိုသာ တပ်မတ် တာ ဖြစ်ပြီးတော့ ဒီလိုမျိုး ပစ္စည်း အသေးအဖွဲလေး တွေကိုတော့ ဂရုတောင် မစိုက် ခဲ့ပါပေ။

စုယွမ်က သေချာလေး ရှာကြည့် လိုက်တဲ့ အခါမှာတော့ သိုလှောင်ခန်း အသေးလေး ထဲမှာ စိတ်ဝိဉာဥ် မြက်တွေ အများကြီး ရှိနေတာ ကို တွေ့လိုက် ရတယ်။ သူက ဒီနေရာမှာ ဆေးဖော်ပြီးတော့ ဟဲလျန်ချန်း ကို ပိုကောင်းလာအောင်  ကူပြီးတော့ ကုသ ပေးလို့ ရတာ ပေါ့လေ။

ဆေးလုံးဖော်မယ် ဆိုတဲ့ အတွေး တွေးမိတာ နဲ့ စုယွမ် က မနေနိုင်တော့ ပဲ ပြုံးလိုက် မိတယ်။ သူက စိတ်ကူးယဥ် ကမ္ဘာ က ဆေးလုံးဖော်တဲ့ မှော်ကို အနည်းအကျဥ်းသာ တက်မြောင် လာခဲ့ ပေမယ့် အဲ့တာ ကပဲ သူ့ကို အရည်အချင်း ရှိပါသေးလား ဆိုပြီးတော့ ပျော်ရွှင်မှု ကို ခံစားရ စေတယ်လေ။ သူက အခုချိန်မှာ ကြိုးစား ပြီးလေ့ကျင့် သမျှတော့ အနာဂတ်မှာ သူက ကောင်းမွန် သာယာတဲ့ ဘဝ တစ်ခု မှာ နေနိုင်မယ် လို့ ယုံကြည် လေတယ်။

စုယွမ် က ရေဆေးဇလုံ တစ်ခု ကို အပြုံးလေး နဲ့ ရှာကာ ရေနွေး ကြိုလိုက် ပြီးတော့ အိပ်ယာဆီကို ပြန်လာ ခဲ့လေတယ်။

ဟဲလျန်ချန်း က အိပ်ယာ ပေါ်မှာ အတော်လေး ကို အားနည်းတဲ့ အနေအထား နဲ့ လဲလှောင်း နေခဲ့ ရလေတယ်။ စုယွမ် က အဝတ်စုတ် ကို ယူကာ ရေထဲ နှစ်လိုက် ပြီးတော့ ဟဲလျန်ချန်း ကို စတင် သန့်ရှင်း ပေးတော့တယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now