Bloody Love- Part 1🖤

2.3K 41 1
                                    

မေလ ၁၅ရက် (စနေနေ့)
မနက် ၉နာရီ

မန္တလေးမြို့ရဲ့ အကြီးဆုံး ဆေးရုံတစ်ခုမှာ မိန်းမတယောက် အသက်လုကာ မီးဖွားနေလေသည်........

"ကတ်ကြေး........ဆေးအပ်ပေး........"

ဆရာဝန်တွေဟာလည်း ချွေးတရွဲရွဲနှင့် သူတို့အလုပ်ကိုလုပ်ဆောင်နေကြသည်.......

*အူငဲ အူငဲ~~*

ကလေးငယ်ရဲ့ ငိုသံဟာ တခန်းလုံးကို ပြန့်နှံ့သွားလေသည်.......

ထိုအချိန်.......

"ဆရာ ကလေးက အမွှာဗျ!!"

"ဘယ်လို......"

"ဟုတ်တယ် ဆရာ......."

"ဒါပေမယ့် သူမရောဂါသည်.......အင်း ငါတို့တာဝန်ကို အတက်နိုင်ဆုံး အောင်မြင်အောက်လုပ်ကြတာပေါ့......."

ဆရာဝန်တွေလည်း လက်မလျော့ဘဲ သူတို့တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ကြလေသည်.......

ခွဲစိတ်ခန်းရဲ့ အပြင်ဘက်မှာတော့........

အသက်ကြီးကြီး မိန်းမကြီးတစ်ယောက်နဲ့ အသက် ၃၀အရွယ် ယောက်ျားသားနှစ်ဉီးဟာ လူနာစောင့် ခုံမှာ ထိုင်ကာစောင့်နေတယ်........

ယောက်ျားနှစ်ယောက်ထဲက တစ်ယောက်ကတော့ စိတ်ပူနေဟန်ဖြစ်ပြီး ကျန်တယောက်ကတော့ သူ့ဘာသာအေးဆေးနေနေသည်........

"အံ့ဘုန်းမာန်!!"

မိန်းမကြီးရဲ့ အသံဟာ တအားကြီးမကျယ်ပေမယ့် သူ့ဘေးနားက သားဖြစ်သူကတော့ မျက်မှောင်ကျုံ့လိုက်တယ်.......

"ဘာလဲ အမေရာ"

"ဘာကို ဘာလဲ......ဟမ်......ခွဲခန်းထဲမှာက နင့်မိန်းမဟဲ့......အဲ့ဟာကို နင်ကဘာသဘောလဲ......နည်း"လေးတောင် မစိုးရိမ်ဘူးလားဟမ်......."

"ဟာ...... အမေက ဘာတွေဇယားရှုပ်နေတာလဲ.......သူ့ဘာသာမွေးတာ ကျနော်နဲ့ ဘာဆိုင်လဲ....... "

"နင်က သူ့ရဲ့ လင်ယောက်ျားလေ.......ကိုယ့်မိန်းမကို စိတ်ပူရတယ်ဟဲ့......."

"မပူပါဘူး....... အဲ့ကလေးက ကျနော့်ကလေး ဟုတ်ရင်မှ ဟုတ်မှာ!!......"

အံကြိတ်ရင်း မျက်နှာချင်းဆိုင်က ယောက်ျားကို ဒေါသမျက်လုံးတေနဲ့ ကြည့်ရင်းပြောလိုက်တယ်.......

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now