Bloody Love part- 11🖤

531 28 0
                                    

*Golden Lion Company*

ကြီးမားသည့် ရွှေရောင်စာတန်းကြီးနှင့် အဆောက်အအုံကြီးဟာ မန္တလေး တစ်မြို့လုံးမှာရှိတဲ့ အဆောက်အအုံတွေထက် အဆပေါင်းများစွာ ကြီးသည်။

.................................

*ဒေါက် ဒေါက်*

"ဝင်ခဲ့ပါ"

"မဂ်လာပါ boss"

"အင်း ဘာကိစ္စ"

"နောက်ထပ် အသစ်လုပ်မယ့် projectပါ boss"

စစ်မင်းခ ပေးသည့် fileတွေကို ကြည့်လိုက်မှ ဒီprojectဟာ အံ့ကလျာနွယ် ကိုယ်တိုင် ဉီးဆောင်သည့် projectဖြစ်နေသည်။

Projectမှာ နောက်ထပ်အသစ်တိုးချဲ့မည့် Golden Lion ကုမ္ပဏီခွဲအတွက်ဖြစ်သည်။ Golden Lionတွင် ကာစီနိုပေါင်း ၁၀၊ ဆေးရုံပေါင်း ၁၅၊ ကုမ္ပဏီခွဲပေါင်း ၁၆​ခု မြန်မာနိုင်ငံ အတွင်းသာမက ပြည်ပထိပါ တိုးချဲ့ထားခြင်းပင်။ တခြား showroomတွေ ကုန်တိုက်တွေ ကလပ်တွေ ဟိုတယ်တွေသာ ပေါင်းထည့်မည်ဆိုရင် ပြောလို့ပင် ကုန်မည်မဟုတ်တော့ပါ။

"ကလျာ့ကို ခေါ်လိုက် မင်းခ"

"ဟုတ်ကဲ့ boss"

မနက်က စကားများထားတာကြောင့် စကားသိပ်မပြောမိ။ အမွှာညီမဖြစ်သူက မာနတအားကြီးသူ။ စကားများတိုင်း သူ့ဘက်ကသာ စပြီးခေါ်ရတာမို့ သိပ်တော့ မထူးဆန်း။

"Boss Ceoရောက်လာပါပီဗျ"

မင်းခက အသံပေးပြီးတာနှင့် တံခါးကို ဖွင့်ပေးလိုက်တော့ ကလျာက ခပ်အေးအေးနဲ့သာ ဝင်လာသည်။

"ဘာကိစ္စ ခေါ်တာ"

စပြောကတည်း အေးဆက်မှုတွေ ပါလာတာကြောင့် မင်းနွယ် ခေါင်းခြောက်ရပြီ။

"အော် တိုင်ပင်စရာရှိနေလို့"

"ဘာကို"

သူက စကားလမ်းကြောင်း ရှည်ပီးပြောမည်လုပ်တိုင်း။ ဖြတ်ဖြတ်ပြီး ဝင်ပြောသည့် ကလျာ့ကြောင့် မနက်ကဟာကို မပြေသေးတာ သေချာသည်။

မနက်က ကလျာတယောက် ကျောင်းကို လိုက်ခွင့်မရလိုက်ပါ။ အဖိုးဖြစ်သူ လီယိုက အလုပ်ကိစ္စ အကြောင်းပြပြီး ခေါ်ထားလိုက်ခြင်းပင်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now