Bloody Love part- 55🖤

333 20 0
                                    

*ပူလောင်ချင်းနောက်ကွယ်က ချိုမြိန်တဲ့အချစ်ကိုယ့်ထင်ရာကိုလုပ်ဘဲ နှစ်ဉီးသဘောတူ ဆွေးနွေးကြည့်*

ထိုစာကို​ဖတ်ပြီး ကလျာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ကာ ထိုင်ခုံပေါ် ရော့ရဲစွာ မှီလိုက်သည်။ ထိုစာက စာကြောင်း၂ကြောင်းဆိုသော်လည်း အဓိပ္ပာယ်ဟာ ကြီးမားသည်။ ကလျာ ထိုစာကို နေ့တိုင်းဖတ်သည်။ အလုပ်အားချိန်၊ အိပ်ရာမဝင်ခင်အချိန်တိုင်း အမြဲတမ်း ဖတ်သည်။ အ​ဓိပ္ပါယ်ကိုလည်း ကလျာ ကောင်းကောင်း နားလည်ထားပါသည်။ ဒါပေမယ့် ထိုကောင်လေးနဲ့ မျက်နှာချင်းမဆိုင်နိုင်သေးပေ။ အချိန်တွေကြာသွားသော်လည်း ထိုအရာက မပြောင်းလဲခဲ့ပေ။

အရာအားလုံးကို ပြောင်းလဲနိုင်ပေမယ့် ထိုအရာကိုတော့ ကလျာမပြောင်းလဲနိုင်။ ဖုန်း Galleryထဲက ကောင်လေးရဲ့ ပုံဟောင်းအချို့ကို ကြည့်မိနေသည်။

*ဒေါက် ဒေါက်*

အတွေးတွေ လွင့်နေစဉ် အပြင်က တံခါးခေါက်သံကြောင့် အသိစိတ်ပြန်ဝင်ကာ ဖုန်းကိုပိတ်ပြီး ပြောလိုက်သည်။

"ဝင်ခဲ့ပါ"

ထိုသို့ပြောပြီး မကြာ တံခါးဟာ ပွင့်လာပြီး Omegaတစ်ယောက် ဝင်လာသည်။ အစက ပုံမှန်လိုဘဲ နှုတ်ဆက်ဖို့ပြင်လိုက်ပေမယ့် မြင်လိုက်ရသော သူကြောင့် ကလျာ မျက်မှောင်ကျုံ့လိုက်သည်။

"ခွန်းရောင်ခြည်"

"အို့....ဒို့ကို မှတ်မိသားဘဲ"

ထိုမိန်းမကို ကလျာသေချာပေါက် မှတ်မိတာပေါ့။ ဘာလို့ဆို ကလျာရဲ့ အတွင်းရေးမှူးဟောင်း မလို့ပင်။ သို့သော် တချို့ကိစ္စတွေကြောင့် ကလျာ ဂိုဏ်းကနေရော Companyက​ပါ အလုပ်ထုတ်လိုက်တာဖြစ်သည်။
(သူ့ကို မေ့သွားရင် part- 10ကို ပြန်​ဖတ်ပါနော်)

"ဘာလာလုပ်တာလဲ"

"မ ရယ်အဲ့လိုကြီး မျက်မှောင်မကျုံ့ထားပါနဲ့လား ရောင်ခြည် ပြောမထွက်လို့"

"မ"တဲ့လား
ကလျာ အော်ရယ်ချင်သွားသည်။

"အဟား မ ဟုတ်လား?... ကလေးလာမလုပ်နဲ့ ခွန်းရောင်ခြည် အဲ့လောက် စောက်ချိန်ငါ့မှာ မပေါဘူး။ ပြောစရာရှိတာ ပြောပြီး ပြန်!"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now